မိဖုရား
6:24 PM
ထိုင်းနိုင်ငံမှ နာမည်ကြီးရုပ်ရှင်မင်သမီး ဘွန်ကော့ “တက်” ခေါန်မလိုင်ဟာ သူ့ရဲ့ ရေကူးဝတ်စုံ ၀တ်ဆင်ထားတဲ့ ဓာတ်ပုံတွေ ပြင်ပကို ထွက်ရှိလာတဲ့အတွက် အဲ့ဒီ မင်းသမီး နဲ့ အပျော်စီးလှေလှော်ရန်အတွက် အငှားချထားသူတစ်ဦးတို့ တရားရုံးတော်မှာ တရားရင်ဆိုင်ဖို့ ရှိနေပါတယ်။
“တက်” လို့ လူသိများတဲ့ နာမည်ကြီးမင်းသမီးဟာ ဒီကိစ္စနဲ့ပတ်သက်လို့ လှေပေါ်မှဝန်ထမ်းတစ်ဦးအား တရားစွဲဆိုလိုက်တာပါ။
မင်းသမီး “တက်” အနေနဲ့ သူ့ရဲ့ ဓါတ်ပုံတွေ လူမှုမီဒီယာပေါ် ပျံ့နှံ့လာတဲ့အကြောင်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါ့ထက် သားတစ်ယောက်မိခင် မင်းသမီးအနေနဲ့ လှပကျော့ရှင်းမှု လျော့ နည်းလာတဲ့ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားကို ဖော်ပြထားသော ပုံများဟာ မကြာသေးခင်ကမှ မီဒီယာတွေမှာ ဖော်ပြလာခဲ့ခြင်းပါ။
လူမှုမီဒီယာမှာ ပျံ့နှံ့သွားတဲ့ ဓါတ်ပုံတွေဟာ ပြီးခဲ့တဲ့လက သူနဲ့ သူ့ရဲ့ ခင်ပွန်းသည်ဖြစ်သူ Dtac ဆက်သွယ်ရေးကုမ္ပဏီအား တည်ထောင်ခဲ့တဲ့ သန်းကြွယ်သူဌေး ဘွန်ချိုင်း ဘန်ချာရွန်ကယ်တို့ ဖူးကတ် ကမ်းခြေမှာ အပျော်ခရီးထွက်ခဲ့တုန်းက ရွက်လှေပေါ်မှာ ရိုက်ကူးခဲ့တဲ့ပုံတွေပါ။
အနက်ရောင်ရေကူးဝတ်စုံကို ၀တ်ဆင်ထားပြီး ရင်သားတွေကိုပေါ်လွင်စေခဲ့သူ မင်းသမီးဟာ ဒီဓါတ်ပုံတွေကို တစ်ဦးတည်းရိုက်ကူးခံခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သူမခင်ပွန်းရဲ့သူငယ်ချင်းဖြစ်သူ ချာလီဆိုသူဟာ ဒီ ဓါတ်ပုံတွေကို ရိုက်ကူးပေးခဲ့တာဖြစ်ပြီး အဲ့ဒီလူကတော့ ဒီ ဓါတ်ပုံတွေ ထွက်ပေါ်လာရခြင်းဟာ သူ့ကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ မင်းသမီး ‘တက်’ကတော့ သူတို့တတွေဟာ ဒီ ဓါတ်ပုံတွေကို သိမ်း ဆည်းထားပေးမယ်လို့သာ ယုံကြည်နေခဲ့ပြီး အပြင်လူထုထဲကို ဒီလို ဖြန့်လိမ့်မယ်လို့ မထင်ခဲ့မိကြောင်း ပြောထားပါတယ်။
ဓါတ်ပုံတွေ စတင်ထွက်ပေါ်လာစကတော့ ဒီပုံတွေဟာ လှေအငှားလိုက်သူတွေရဲ့လက်ချက်လို့ အထင်မှားခဲ့ပြီး မင်းသမီးမှ အငှားကုမ္ပဏီကို တရားစွဲဆိုဖို့ ပြင်ဆင်တဲ့အနေနဲ့ ရှေ့နေဖြစ်သူတစ်ဦးကို ဖနုန် ယိုသင် ရဲ စခန်းကို စေလွှတ်ခဲ့တာပါ။
မင်းသမီးကတော့ “ သိပ်ဆိုးဝါးတဲ့ ကံကြမ္မာပါပဲ၊ တကယ့်ကို အဖိုးအခကြီးသွားပြီ။ လူတစ်ဦးက ဒီလို ကောက်ကျစ်ပြီး ရိုက်ကူးဖြန့်ထုတ်လိုက်တဲ့ ဓါတ်ပုံတွေကြောင့် ကျွန်မတို့အများကြီး နစ်နာပါတယ်” လို့ ရေးသားထားပါတယ်။ ဒါ့အပြင် မင်းသမီးအနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ် အချိုးစားပြေပြစ်မှု မရှိသေးတဲ့အချိန်မှာ ပရိတ်သတ်တွေကိုလည်း ဒီလိုပုံစံမျိုးနဲ့ သူမကိုမမြင်တွေ့စေချင်ဘူးလို့လည်း ဆိုပါတယ်။
အဲဒီ အချိန်တုန်းက လှေပေါ်မှာ လူ (၄)ယောက် ရှိနေခဲ့တာပါ။ နှစ်ဦးဟာ အစားအသောက် ပြင်ဆင်ပေးတဲ့ သူတွေဖြစ်ပြီး နောက်ထပ်နှစ်ဦးကတော့ ချာလီဆိုသူနဲ့ ရွက်လှေ ပဲ့ကိုင်သူပဲ ဖြစ်ပါတယ်။ “ဒီလိုပြဿနာတွေ မဖြစ်လာအောင် ကျွန်မကြိုတင်ပြောထားခဲ့သင့်ပါတယ်။ ကျွန်မအနေနဲ့ ကျွန်မသားလေးကို ပြုစုပျိုးထောင်ဖို့ပဲ အချိန်တွေ ပေးထားခဲ့ပါပြီ။ ဒါပေမယ့် လှေပေါ်မှာပါလာတဲ့ ၀န်ထမ်းတွေကတော့ စိတ်ပျက်စရာ ကောင်း လှပါတယ်” လို့ မင်းသမီးက ပြောဆိုထားပါသေးတယ်။
သူ့ကိုယ်သူ ရိုစ့်လို့ ခေါ်တဲ့ လှေပေါ်က ၀န်ထမ်းတစ်ဦးကတော့ အဲဒီဓါတ်ပုံတွေကို သူတို့ ရိုက်ကူးခဲ့တာ မဟုတ်ပါဘူးလို့ ငြင်းချက်ထုတ်ထားတဲ့အပြင် မင်းသမီးရဲ့စွပ်စွဲချက်တွေကလည်း ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်လို့ ဆိုထားပါတယ်။ အဲ့ဒီအမျိုးသမီးကပဲ “ ကျွန်မတို့တတွေဟာ ကျွမ်းကျင်ဝန်ထမ်းတွေပါ၊ ပြီးတော့ မင်းသမီး ‘တက်’က ကျွန်မတို့ အလုပ်လုပ်နေတဲ့ လှေကို ပထမဦးဆုံး ငှားစီးတဲ့ နာမည်ကျော် အနုပညာရှင်လည်း မဟုတ်ပါဘူး။ သူ့ရဲ့အပြုအမူတွေက တကယ်ဆို ပိုလို့တောင် ရိုင်းစိုင်းလို့ နေပါသေးတယ်”လို့ ပြောဆိုထားပါသေးတယ်။
ဒီလို အပြန်အလှန်တွေ ပြောဆိုငြင်းခုန်ရင်းနဲ့ ပေါ်ထွက်လာတဲ့ အချက်ကတော့ ခင်ပွန်းသည် ဘွန်ချိုင်းရဲ့ သူငယ်ချင်း ချာလီပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီ ဓါတ်ပုံတွေကို ရိုက်ကူးခဲ့သူကတော့ ချာလီပါ။ အဲဒီအချိန်မှာမှ မင်းသမီးအနေနဲ့ ပြန်လည်သတိရလာတဲ့ အချက်ကတော့ ချာလီဟာ သူ့ရဲ့ပုံတွေကို ဖုန်းကင်မရာနဲ့ ရိုက်ကူးထားကြောင်း သူ့ထံကို ဆက်သွယ်လာခဲ့တဲ့ အကြောင်းပါပဲ။ ဒါပေမယ့် ချာလီကတော့ ဒီပုံတွေ ထွက်ရှိလာတာဟာ သူ့ကြောင့်မဟုတ်ဘူးလို့ ငြင်းဆိုပြီး လှေပေါ်က ၀န်ထမ်းတွေဆီကသာ ထွက်ပေါ် လာတာဖြစ်တယ်လို့ ၀န်ထမ်းတွေကို အပြစ်တင်ခဲ့တာပါ။
“ချာလီ က ရို့စ်ဆီက ဖုန်းနံပတ်တောင်းခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။ ရို့စ်ဟာ မင်းသမီးရဲ့ပရိတ်သတ် တစ် ဦးဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး သူမရဲ့ဖုန်းနံပတ်ရရင် မင်းသမီးရဲ့ဓါတ်ပုံတွေကိုပါ ပို့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။”လို့ နောက်ပိုင်းမှာ မင်းသမီးက ထပ်လောင်းပြောဆိုပြီး သူမရဲ့ပုံတွေကို ရောင်းစားတာဟာ ရို့စ်ပါလို့ စွပ်စွဲခဲ့ပါတယ်။
“နင်နဲ့ငါ ပြဿနာမဖြစ်ချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နင်ဟာ အရေးမပါတဲ့ လူတစ်ယောက်ဖြစ်လို့ပဲ။ နင်ဟာ လှေပေါ်က အညံ့စား ၀န်ထမ်းတစ်ဦးပဲ၊ နင်ဘာပြောပြော ငါကတော့ စိတ်မ၀င်စားဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နင်နဲ့ ငါက အခြေအနေချင်း ကွာခြားတယ်။ ငါနဲ့ လာမနှိုင်းချင်စမ်းပါနဲ့။” ဆိုတဲ့ စကားတွေကို မင်းသမီး တစ်ယောက် ပြောထွက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပရိတ်သတ်တွေရဲ့သနားကြင်နာမှုတွေဟာ ရို့စ်ဘက်ကို အလေးသာခဲ့ပြီး အင်တာနက်ပေါ်က ပရိတ်သတ်တွေကလည်း အဆင့်အတန်ခွဲခြားတတ်တဲ့ မင်းသမီး “တက်”ရဲ့ ဆန့်ကျင်ဘက်ကို ရောက်ရှိသွားကြတော့တာပါ။
အဲဒီလိုအဖြစ်မျိုးကြုံလိုက်ရတဲ့ မင်းသမီးကတော့ သူမဟာ တိုက်ခိုက်မှုကို ခံနေရတဲ့သူဖြစ်ပြီး အဆင့်အတန်း ခွဲခြားပြောဆိုနေတာထက် ပြောခဲ့တဲ့စကားတွေဟာ ရို့စ်ရဲ့ အပြုအမူတွေကို ဖော်ပြဖို့သာဖြစ်ကြောင်း ဖြေ ရှင်းချက် ပေးလာပြန်ပါတယ်။ ဒါ့အပြင် “ချမ်းသာတဲ့ ယောကျာ်းတစ်ယောက်ကို အရယူထားလို့ အပြစ်မတင်ပါနဲ့။ ကျွန်မတို့ တကယ်ချစ်လို့ လက်ထပါခဲ့ကြတာပါ။ ကျွန်မမှာ ခုထိ ငရုတ်ရည်ရောင်စားနေတဲ့ မိခင်ရှိ ပါသေးတယ်၊ ကျွန်မအောက်ခြေလွတ်နေတာမဟုတ်ပါဘူး။”လို့လဲ ပြောဆိုထားပါသေးတယ်။
ရို့စ်ကတော့ မင်းသမီးရဲ့ဓါတ်ပုံတွေ သူ့ဆီက ထွက်လာတာ ဟုတ်မဟုတ်ကို တရားရုံးတော်ကသာ အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီကိစ္စအတွက်လည်း ရဲများမှ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိပါတယ်။
မိဖုရား
Credit - ဧရာဝတီ
Rate this posting:
{[['
']]}
မိဖုရား
8:04 PM
ကိုပါအမေရိကဖလားပြိုင်ပွဲနဲ့အတူ နာမည်ကြီးလာသူတွေက တောင်အမေရိကနိုင်ငံတွေက ရုပ်သံအစီအစဉ်ကြေညာကြတဲ့ မမတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီမမ တွေထဲကမှ ပိုပြီး တမူထူးခြားသူတွေကတော့ ဗင်နီဇွဲလား ရုပ်သံအစီအစဉ်ကြေညာသူတွေ ဖြစ်ပါတယ်။
ဗင်နီဇွဲလားအသင်းက ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တဲ့ပွဲကို ရုပ်သံသတင်းကြေညာရတဲ့ ယူဗီပယ်လာရက်စ်ဟာ သူမရဲ့ သဘာဝအလှတရားကို ဖော်ပြခဲ့သလို အခုလည်း ဗင်နီဇွဲလားရုပ်သံအစီအစဉ်ကြေညာသူတစ်ဦးဟာ သူမရဲ့ ရင်နှစ်မြွှာကို အသုံးပြုပြီး ပွဲကြို ခန့်မှန်းမှုတွေ ပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
သူမဟာ ယှဉ်ပြိုင်ကစားကြမယ့် အသင်းနှစ်သင်းရဲ့ အလံတွေကို ရင်နှစ်မြွှာမှာ ကပ်ပြီး လှုပ်ခါတာဖြစ်ပါတယ်။ အရင်ကျသွားတဲ့ အလံက ရှုံးနိမ့်မယ့်အသင်းဖြစ်ပြီး သူမရင်သားပေါ်မှာ ကျန်ရစ်နေတဲ့ အလံကတော့ နိုင်မယ့်အသင်းအဖြစ် ရွေးချယ်တာ ဖြစ်ပါ တယ်။
နမူနာဖော်ပြထားတဲ့ သူမရဲ့ ခန့်မှန်းမှု သုံးပွဲမှာတော့ နှစ်ပွဲက မှန်ကန်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲတွေတုန်းက ခန့်မှန်းခဲ့ကြတဲ့ တိရစ္ဆာန်လေးတွေကို မေ့ပစ်လိုက်လို့ ရပါပြီ။ အထူးသဖြင့် ပထမဆုံးနာမည်ကြီးခဲ့တဲ့ ရေဘ၀ဲလ်ပေါလ်ကို ဗင်နီဇွဲလားရုပ်သံ အစီအစဉ်ကြေညာတဲ့ မမက နောက်ကောက်ချနိုင်ခဲ့ပြီလို့ ပြောရတော့မှာပါ။
From-Mizzima
Rate this posting:
{[['
']]}
မိဖုရား
12:15 PM
ကင်မရွန်းနိုင်ငံရဲ့ (၁၁)ယောက် မြောက်ဘုရင် Abumbi ll မိန်းမအယောက် (၁၀၀)နီးပါးရှိနေတာကြောင့် အံ့အားသင့် စရာဖြစ်ခဲ့ပါတယ်။ အာဖရိကမှာရှိတဲ့ ဘုရင်တွေဟာ မိန်းမ အများအပြားယူခြင်းဟာ ထူးဆန်းတယ်လို့ မဆိုနိုင်ပေမယ့် ကင်မရွန်း ဘုရင်မှာရှိနေတဲ့ မိန်းမအရေအတွက်က အရမ်းများပြား နေတာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့် မိန်းမတွေ အများအပြား ရှိသွားရသလဲဆိုတဲ့ နောက်ကွယ်မှာ အဖြေရှိနေပြီးသား ဖြစ်ပါတယ်။ ကင်မရွန်းဘုရင်တွေဟာ ထီးမွေနန်းမွေ ဆက်ခံရမှာ ဖခင်ဖြစ်သူထံမှာရှိတဲ့ အရာအားလုံးကို လွှဲပြောင်း ရယူရပါတယ်။ ဖခင် ဖြစ်သူ ပိုင်ဆိုင်ထားတဲ့ မိန်းမတွေရော၊ ကလေးတွေပါ ဆက်ခံရခြင်းကြောင့် ဒီလောက်အထိ များပြားသွားခြင်း ဖြစ်ပါတယ်။
ကင်မရွန်းနိုင်င်ငံမှာ လင်ပြိုင်မယားပြိုင် ထားပါက အရေးယူနိုင်တဲ့ ဥပဒေရှိနေပေမယ့် ယောကျာ်း တွေကတော့ မိန်းမ တစ်ယောက်ထက်ပိုပြီး ယူလေ့ရှိပါတယ်။ ဒါဟာ ရိုးရာ ထုံးတမ်းအစဉ်အလာအဖြစ် သတ်မှတ်ထား ကြပါတယ်။ ကင်မရွန်း ဘုရင်ဟာ ၁၉၆၈ ခုနှစ်မှာ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ထီးနန်းအမွေကို ဆက်ခံခဲ့ပါ တယ်။
ကင်မရွန်း ဘုရင်ရဲ့ ဖခင်ဖြစ်သူဟာ မိန်းမပေါင်း (၇၂)ဦးအထိ ယူခဲ့တာဖြစ်ပါ တယ်။ ဒါပေမဲ့ သားဖြစ်သူ ထီးနန်း ဆက်ခံပြီးနောက်မှာ မိန်းမ အရေအတွက်က (၁၀၀) နီးပါးအထိ ဖြစ်သွားခဲ့တာကြောင့် ယခင် စံချိန်ကို ကျော်သွားခဲ့ပါတယ်။ လက်ရှိဘုရင်မှာရှိတဲ့ သားသမီးပေါင်းကလည်း (၅၀၀) ကျော် လောက်ရှိတယ်လို့ သိရပါတယ်။ ဖခင် အမွေကို ဆက်ခံတဲ့ သားဖြစ်သူ ဘုရင်ကလည်း ဖခင်ခြေရာကို နင်းနိုင်ခဲ့ပြီး မိန်းမ တစ်ယောက်ပြီး တစ်ယောက်ယူကာ ကလေးတွေ အများအပြား မွေးဖွားခဲ့ခြင်း ဖြစ်ပါတယ်။
ဘုရင်ဖြစ်သူရဲ့ တတိယမြောက် မိန်းမက အောင်မြင်သူတွေရဲ့ နောက်ကွယ်မှာ အရာအားလုံး လုပ်ဆောင်ပေးနေတဲ့ မိန်းမတွေ ရှိနေတတ်ကြောင်း ၊ မိမိတို့အနေဖြင့် ဘုရင် ဖြစ်သူအတွက် လက်ဆင့်ကမ်း အမွေများ သယ်ဆောင်ပေးနေကြောင်း၊ အသက်ကြီးသူက အသက်ငယ်သူကို သင်ယူစရာများ လက်ဆင့်ကမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဘုရင်ဖြစ်သူရဲ့ မိန်းမတွေဟာ ဘာသာစကား အတော်များများ ပြောနိုင်အောင် လေ့ကျင့်သင်ကြား ပေးထားကြောင်း သိရပါတယ်။ ဘုရင်ဖြစ်သူဟာ မိန်းမအများ အပြားယူခြင်းဟာ ဂုဏ်သိက္ခာကို မြင့်တက်စေတယ်လို့ ရှေးယခင်ကတည်းက အစဉ်အလာ ရှိခဲ့ပါတယ်။
ဘုရင်ဖြစ်သူဟာ ဇနီးသည်တွေနဲ့ နန်းတော်ထဲမှာ နေထိုင်ပြီး ပြင်ပနဲ့ ဆက်သွယ်လို့ မရအောင် တားမြစ်မှုတွေ ပြုလုပ်ထားပါတယ်။ စည်းကမ်း ဖောက်ပြန်သူတွေကို ရှေးအစဉ်အလာတိုင်း ပြင်းထန်တဲ့ အပြစ်တွေ ပေးလေ့ရှိပါ တယ်။ကင်မရွန်းဘုရင် နေထိုင်ရာ နေရာဟာ ကမ္ဘာ့လှည့် ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး သတ်မှတ်ထားပြီး အန္တရာယ်လည်းများကြောင်း သတိပေးထားတယ်လို့ သိရပါတယ်။
မိဖုရား
From-messenger
Rate this posting:
{[['
']]}
မိဖုရား
1:49 PM
ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော် အပြင်ဘက်တွင် ပြသထားသော မအင်္ဂါပုံ အနုပညာလက်ရာအား လူအချို့က
ဆေးများဖြင့်မှုတ်ကာ ဖျက်လိုဖျက်ဆီး ပြုမူခဲ့ကြသည်။
ထို အငြင်းပွါးဖွယ် အနုပညာလက်ရာမှာ ဗြိတိသျှ ပန်းပုပညာရှင် Anish Kapoor ၏ လက်ရာ ဖြစ်သည်။
ထိုအနုပညာလက်ရာမှာ ညစ်ညမ်းကြောင်းနှင့် ရုန့်ရင်းရိုင်းစိုင်းကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သော်လည်း ပန်းပုပညာရှင် Anish Kapoor ကမူ သူ၏ လက်ရာနှင့် ပတ်သတ်၍ ကာကွယ်ပြောဆိုခဲ့သည်။
ဖျက်လိုဖျက်ဆီး လုပ်ထားခြင်းကို ဗုဒ္ဓဟူးနေ့တွင် တွေ့ရှိခဲ့ကြခြင်း ဖြစ်ပြီး ထိုအဖြစ်အပျက်မှာ စိတ်ပျက်စရာ ကောင်းကြောင်း ပန်းပုပညာရှင် Anish Kapoor က ဆိုခဲ့သည်။
“Dirty Corner” ဟု အမည်ပေးထားသော ထို installation အနုပညာလက်ရာ ကို နန်းတော်အပြင်ဘက်တွင် ပြသထားခြင်း ဖြစ်သည်။
“အာဏာရလာခဲ့တဲ့ မိဖုရားကြီးရဲ့ မ အင်္ဂါပါ” ဟု ပြင်သစ် ဘာသာစကားဖြင့် ပြုလုပ်သော အင်တာဗျူး တစ်ခုထဲတွင် မစ္စတာ Kapoor က ပြောခဲ့သော်လည်း နောက်ပိုင်းတွင်မူ သူ၏ အနုပညာလက်ရာကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်၍ရကြောင်း ပြောခဲ့သည်။
ဗာဆိုင်းနန်းတော်မှာ ၁၈ရာစု ပြင်သစ်မိဖုရား Marie Antoinette ၏ စံအိမ်တော် ဖြစ်သည်။
ထိုအနုပညာလက်ရာ နှင့် ပတ်သတ်၍ ဂျာမန် ကမ္ဘာလှည့်ခရီးသွားတစ်ဦးဖြစ်သူ Dunja က “ကြီးမားတဲ့ မအင်္ဂါကြီးနဲ့ နန်းတော်ကို တွဲပြီးတွေ့ရတာဟာ စိတ်ရှုပ်စရာပါ” ဟု ရိုက်တာသတင်းဌာနအား ပြောကြားခဲ့ဖူးသည်။
မိဖုရား
From-Mizzima
Rate this posting:
{[['
']]}
မိဖုရား
6:51 AM
အမျိုးသားတစ်ယောက်ဟာ သူ့ ဇနီးသည်ရဲ့ ခွေးလေးနဲ့ လိင်ဆက်ဆံ ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ သူဘာကြောင့် အဲဒီ ခွေးနဲ့ လိင်ဆက်ဆံ ခဲ့ရလဲဆိုတော့ သူ့ဇနီးသည်က ထိုခွေးလေးကို အရမ်း ဂရုစိုက်တာကို မနာလို ဖြစ်လို့ပါတဲ့။
Alabama ပြည်နယ် ၊ Geneva မြို့မှာ နေထိုင်တဲ့ Jonathan Edward Medley ဟာ တိရိစ္ဆာန်ညှင်းပန်းနှိပ်စင်မှု နဲ့ လက်ရှိအချိန်မှာ အဖမ်းခံထားရတယ်လို့ ရဲတွေရဲ့ ပြောကြားချက်အရသိရပါတယ်။
Geneva မြို့ရဲ့ ရဲမှုး Ricky Morgan က ပြောကြားခဲ့တာကတော့ အသက် ၃၉ နှစ်အရွယ် ထို အမျိုးသားဟာ ထိုခွေးလေးကို သူ့ဇနီးသည်က စေတနာပို ဂရုစိုက်နေတာကို မနာလို ဖြစ်ပြီး ထိုခွေးလေးနဲ့ လိင်ဆက်ဆံ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
နယူးယော့ခ် နေ့စဉ် သတင်းကဖော်ပြခဲ့တာကတော့ သူ့ရဲ့ဇနီးသည်ဟာ သူ့ခင်ပွန်းအနေနဲ့ အခြား မိန်းမ တစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတယ်လို့ ထင်မှတ်ခဲ့ပြီး မှတ်တမ်းတင်တဲ့ စက်တစ်ခုကို ဖွက်ပြီးထားခဲ့တဲ့ အခါမှာမှ သူမရဲ့ ခင်ပွန်းက သူမရဲ့ ခွေးလေးနဲ့ လိင်ဆက်ဆံ နေတာကို သိခဲ့ရတာပါ။
အသက် ၂ နှစ်ခန့်သာ ရှိသေးတဲ့ Shih Tzus အမျိုးအစား အမွှေးပွ ခွေးလေးကတော့ အကြမ်းဖက်ခံရမှုကြောင့် နာကျင်မှုတွေရှိခဲ့ပြီး အခုအချိန်မှာတော့ လုံးဝ သက်သာသွားပြီဖြစ်တယ်လို့ လည်း သိရပါတယ်။
Medley ဟာ အာမခံကြေး ဒေါ်လာ ၅၃၅ ပေးဆောင်ခဲ့ရပြီး တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှု နဲ့ အဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။
Shih Tzus အမျိုးအစားခွေးတွေဟာ ၁ စတုန်း ခန့် အလေးချိန်ရှိပြီး ၁၀.၅ လက်မ အရပ်ရှည်ကာ တိဘက်ဒေသ မှာ စတင်ပေါက်ဖွားလာတဲ့ အိမ်မွေးခွေး အမျိုးအစား ပဲ ဖြစ်ပါတယ်။
မိဖုရား
Credit-Trend Myanmar
Rate this posting:
{[['
']]}
မိဖုရား
6:05 AM
လူကို ပြန်လည် စကားပြောဆိုနိုင်တဲ့ လိင်အပျော်မယ် စက်ရုပ်တွေကို £6,500 နဲ့ ၂၀၁၇ မှာ ရောင်းချသွားမှာဖြစ်ပါတယ်။
ယင်း စက်ရုပ်ထုတ်လုပ်တဲ့ကုမ္ပဏီ RealDoll ဟာ ကွန်ပျူတာဖြင့် စီမံဆောင်ရွက်ထားတဲ့ ပထမဆုံး အသိဥာဏ်ရှိ လိင်ပျော်စရာ စက်ရုပ်ပုံစံတူ တစ်မျိုးနဲ့ အပြန်အလှန် စကားပြောဆိုမှုကို လက်တွေ့ပြသခဲ့ပါတယ်။
ကုမ္ပဏီအနေဖြင့် ပိုင်ရှင်သခင်တွေနဲ့ အပြန်အလှန် စကားပြောဆိုနိုင်မယ့် ကွန်ပျူတာနဲ့ စီစဉ်ဆောင်ရွက်ထားတဲ့ စက်ရုံဦးခေါင်းတွေကို ရောင်းချဖို့ မျှော်လင့်ပြီး ရာဘာအရုပ်တွေပေါ် တပ်ဆင်သွားမှာဖြစ်ပါတယ်။
တီထွင်သူ Matt McMullen က အဲဒီ ဦးခေါင်းတွေကို ၂၀၁၇ ခုနှစ်မှာ စတင်ရောင်းချသွားမယ်လို့ ယုံကြည်မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
မိဖုရား
From-Trend Myanmar
Rate this posting:
{[['
']]}
မိဖုရား
8:52 PM
နာမည်ကျော် အမျိုးသမီး အနုပညာ ကြယ်ပွင့်များ၏ ကိုယ်လုံးတီး ဓာတ်ပုံ ရာပေါင်းများစွာ ပြီးခဲ့သည့်နှစ်က ပေါက်ကြားပျံ့နှံ့ခဲ့ပြီးနောက် အာဏာပိုင်များသည် ရှီကာဂို ရှိ အဆောက်အဦး တစ်လုံးကို ဝင်ရောက် စီးနင်းရှာဖွေခဲ့ကြောင်း အသစ်ထုတ်ပြန်လိုက်သည့် ဥပဒေဆိုင်ရာ မှတ်တမ်းမှတ်ရာများအရ သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် FBI အရာရှိများသည် ထိုအိမ်မှ ကွန်ပျူတာ များ နှင့် လက်ကိုင်ဖုန်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဟက်ကာများသည် ဂျနီဖာလောရင့် (စ်) အပါအဝင် အမျိုးသမီး အနုပညာရှင် ကြယ်ပွင့်များ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများကို “Apple iCloud” account များမှ ဖောက်ထွင်းခိုးယူခဲ့ကြခြင်း ဖြစ်သည်။
ယခုလောလောဆယ်တွင် တရားဝင် စွဲချက်တင်ခြင်းများ မပြုလုပ်ရသေးကြောင်းလည်း FBI က ဆိုခဲ့သည်။
အမျိုးသမီး အနုပညာ ကြယ်ပွင့် တစ်ဦးမှာမူ သူမ၏ ဓာတ်ပုံများလည်း ခိုးယူခြင်း ခံခဲ့ရကြောင်း သတင်းမီဒီယာများမှ တစ်ဆင့်သာ သိရှိခဲ့ရသည်။ သူမသည် ဓာတ်ပုံအားလုံးကို သူမ၏ အိုင်ဖုန်းဖြင့် ရိုက်ကူးခဲ့ကာ သူမ၏ ချစ်သူထံသို့ iMessage မှ တစ်ဆင့် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာများက ဖော်ပြခဲ့ကြသည်။
အသက် ၂၄ နှစ် အရွယ် ရုပ်ရှင်မင်းသမီး ဂျနီဖာ လောရင့်(စ်)က “ဒါဟာ အတင်းအဖျင်း ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု တစ်ခုပါ။ ဒါဟာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ ကျင့်ဝတ်ချိုးဖောက်မှု တစ်ခုပါ။ ဒီလုပ်ရပ်ဟာ စက်ဆုပ်ရွံရှာဖို့ ကောင်းပါတယ်” ဟု Vanity Fair မဂ္ဂဇင်းအား ပြောကြားခဲ့သည်။
From-Mizzima
Rate this posting:
{[['
']]}
လူကြိုက်အများဆုံး သတင်းများ
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ယောက်ကျား တစ်ယောက် လိင်တံဟာ လိင် ဆက်ဆံဖို့အတွက် ဘယ်လောက် ရှိသင် ဘာလဲ။ ပြည်ပြည်စုံစုံ ပြောပြပေးပါ။ အမေးရှိလို့ ရေ...
-
စစခြင်းမှာတော့ သင်တို့ ဆက်ဆံရတာကို ရိုးသွားမှာ မဟုတ်ပါဘူး။ ပုံမှန် Position တွေနဲ့ ပုံမှန်ဆက်ဆံရုံနဲ့တင် အများကြီး လုံလောက်နေမှာပါ။ နှစ်တွေ ...
-
-
အမျိုးသမီးတစ်ယောက်ကို ဘာကတကယ် လိင်ပိုင်းဆိုင်ရာနိုးကြွစေလဲ ဆိုတဲ့ မေးခွန်းကို နောက်ဆုံးတော့ သုသေတီတွေက ဖြေကြားပေးလိုက်ပါပြီ။ လေ့လာမှုသစ်တစ်ရ...
-
အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ဘယ်သူတွေက ပိုပြီးတော့ ဖောက်ပြန်တတ်ကြပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက အဖြေရှာ ငြင်းခုံနေကြတာလည်း ကြာ...
-
တရုတ်အဖော်အချွတ်မယ် Zheng Ruixi ၏ အပြင်းစားဟော့ချက်ပုံများ (၁၈+)
-
ကျွန်မအသက် ၁၂နှစ်သမီးက လမ်းမကြီးဘေးနားမှာ သူငယ်ချင်းတွေနဲ့  ကစားနေတုံးပေါ့... အမေရယ် လာခေါ်တယ် ၊သမီးအလုပ်သွားရမတဲ့..၊ အမေလက်ဆွဲခေါ်တဲ့နောက်လို...
-
ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးနဲ့ လသာ (တရုတ်တန်း)တစ်ခွင်မှာ ကျင်လည် ကျက်စားနေတဲ့ နှင်းဆီ လေး(အမည်လွှဲ)ကတော့ သူမရဲ့အတွေ့အကြုံကို ...
-
သင်က ကြံ့ခိုင်သန်မာသူတစ်ယောက် ဖြစ်တယ်ဆိုပါစို့။ ကောင်မလေးနဲ့ ချစ်တင်းနှောတဲ့အခါမှာ သူမကြိုက်မယ်လို့ ယူဆရတဲ့ ခပ်ပြင်းပြင်းနဲ့ မြန်မြန်လုပ်ပေး...
-
အခု ရက်ပိုင်းအတွင်း Facebook ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စာရေးဆရာမ ရွှေရေးထင်ထင်ရဲ့ ဓာတ်ပုံနဲ့အတူ ထင်မြင်ဝေဖန်ပြောဆိုမှုကို ရေးသားပြီး S...