Cpx24.com CPM Program
Home » , , » လက်မှတ်စောင်ရေ ထပ်တိုးရောင်းချရတဲ့ တင်ဇာမော် တစ်ကိုယ်တော်ပွဲ

လက်မှတ်စောင်ရေ ထပ်တိုးရောင်းချရတဲ့ တင်ဇာမော် တစ်ကိုယ်တော်ပွဲ


 ဖေဖော်ဝါရီ ၆ရက်တွင် ပြုလုပ်မည့် တင်ဇာမော်၏ ‘ကိုယ့်မွေးနေ့’အမည်ရှိ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပရိသတ်အားပေးမှုများသောကြောင့် ယခင် သတ်မှတ်ထားသည့် လက် မှတ်ထက်  စောင်ရေထပ်တိုး၍  ရောင်းချပေးနေရကြောင်း သတင်းရရှိသည်။

‘‘လက်မှတ်စောင်ရေက သိပ်အများကြီးတော့မဟုတ်ပါ ဘူး။ နှစ်တန်းလောက်ပဲ ထပ်ပြီးရောင်းပေးတာပါ’’ဟု တင်ဇာ မော်ကပြောသည်။

ထို့အပြင် ယင်းဖျော်ဖြေပွဲသို့ လာရောက်မကြည့်ရှုနိုင်သည့် အဝေးမှ ပရိသတ်များ၏ တောင်းဆိုချက်အရ စကိုင်းနက်ရုပ်သံ လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးမည်ဟု ၎င်းက ဆိုသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ပြုလုပ်သော်လည်း တစ် ကိုယ်တော်ဖျော်ဖြေပွဲကို အမှတ်တရအဖြစ် အခွေထုတ်ရန် အစီအစဉ်ရှိသည်ဟု တင်ဇာမော်က ပြောသည်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဖြစ်သောကြောင့် ဧည့်သည်အဆိုရှင်ပါဝင်မည်မဟုတ်ဘဲ တစ်ကိုယ်တော်သီချင်း စုစုပေါင်း ၂၇ ပုဒ်သီဆိုရန် စီစဉ်ထားပြီး တစ်ကိုယ်တော်ဖျော်ဖြေ ပွဲအမည်ဖြစ်သည့် ‘ကိုယ့်မွေးနေ့’သီချင်းကိုလည်း ဇန်နဝါရီ ၃၀ ရက်က အွန်လိုင်းတွင် ရောင်းချခဲ့သည်။

‘‘ကိုယ့်မွေးနေ့သီချင်းက Title လည်းဖြစ်တယ်။ ပရိ သတ်တွေလည်း မကြားဖူးသေးလို့ ဖြန့်ပေးလိုက်တာပါ။ အချိန်မီလေးရသလောက် အစောဆုံးထွက်ပေးတာပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါဖျော်ဖြေပွဲတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်း က အွန်လိုင်းမှ ဖြန့်ချိပေးထားသော ‘ဧည့်သည်’သီချင်းနှင့် လတ် တလောဖြန့်ချိထားသည့် ‘ကိုယ့်မွေးနေ့’သီချင်းများကိုလည်းသီဆိုပေးမည်ဟု ၎င်းကပြောသည်။

တင်ဇာမော်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အသက်(၄၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၎င်း၏ မွေးနေ့မတိုင်မီတစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၆ ရက်တွင် Myanmar Con-vention Centre (MCC) Outdoor၌ ပြုလုပ်မည်ဖြစ်ပြီးလက်မှတ်များကို ကျပ်တစ်သောင်း၊ နှစ်သောင်းနှင့် သုံးသောင်းသတ်မှတ်ထားသည်။

မိဖုရား
Credit - 7 Day News
Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ