Cpx24.com CPM Program
Home » , » လုံခြုံစိတ် ချရတဲ့ ကာမစိတ်ဖြေနည်း (၁၈+)

လုံခြုံစိတ် ချရတဲ့ ကာမစိတ်ဖြေနည်း (၁၈+)

တစ်ကိုယ်ရည် အာသာဖြေခြင်းမှာ သိပ္ပံနည်းကျ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ “အာသာဖြေခြင်းဟာ ကျန်းမာတဲ့ လိင်ဆက်ဆံမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူဟာ လုံခြုံစိတ်ချရပြီး အန္တရာယ်မရှိပါဘူး။ နေ့တိုင်းသွားတိုက်တာထက်တောင် ကျန်းမာရေးအတွက် ပိုကောင်းပါသေးတယ်။” လို့ လိင်ပိုင်းဆိုင်ရာကျန်းမာရေး ပါရဂူတစ်ဦးက ပြောပါတယ်။

သွားနေ့တိုင်းတိုက်သလို သင့်အရည်ထုတ်ပိုက်ကိုလည်း အချိန်မှန်မှန် ရှင်းလင်းပေးသင့်ပါတယ်။ ဒီမှာက အာသာဖြေချင်းရဲ့ အကျိုးကျေးဇူးငါးခုပါ။ ဖတ်ကြည့်လိုက်ပါ။

၁. ကင်ဆာ ကာကွယ်ပေးပါတယ်။

လေ့လာမှုတစ်ခုက တစ်ပါတ်ကို ငါးကြိမ် သုတ်လွှတ်ခြင်းဟာ ဆီးကြိတ်ကင်ဆာဖြစ်ပွားမှုကို သုံးဆလျော့နည်းစေပါတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်စေတဲ့ အဆိပ်တွေဟာ သင့် သုတ်ပြွန်ထဲမှာရှိနေပြီး သုတ်ထုတ်လိုက်ခြင်းဟာ အဲဒါတွေကို ခန္ဓာကိုယ်အပြင် ထုတ်ပစ်လိုက်နိုင်ပါတယ်။

၂. ပိုပြီး မာအောင် လုပ်ပေးပါတယ်။

အသက်ကြီးလာတာနဲ့အမျှ ကြွက်သားခွန်အားတွေ လျော့သွားမှာပါ။ ဒါပေမယ့် ပုံမှန် လိင်ဆက်ဆံတာ ဒါမှမဟုတ် အာသာဖြေတာဟာ သင့်ရဲ့ တင်ပါးဆုံကြွက်သားတွေကို လျော့ကျသွားခြင်းက ကာကွယ်ပေးမှာပါ။ အဲဒါဟာ ပန်းသေတာနဲ့ မကျေနပ်တာကနေ ကာကွယ်ပေးပါတယ်။ အကျိုးသက်ရောက်မှုရအောင် တစ်ပါတ်ကို သုံးကြိမ်မှ ငါးကြိမ် လုပ်ပေးရပါမယ်။

၃. ပိုပြီးကြာကြာ နေနိုင်အောင် ကူညီပါတယ်။

အာသာဖြေခြင်းက သင့်ကို ပိုပြီး ကြာကြာလုပ်နိုင်အောင် ကူညီပေးပါတယ်။ ကိုယ့်ဘာသာကိုယ် တစ်ခါပြီးဖို့ ဘယ်လောက်လုပ်ရလဲဆိုတာ အရင်ကြည့်ပါ။ နှစ်မိနစ်နဲ့ ပြီးတယ်ဆို နောက်တစ်ခေါက် သုံးမိနစ်လုပ်နိုင်အောင် ကြိုးစားပါ။ ဒါမှမဟုတ်အချက်အရေအတွက်နဲ့ လုပ်ပါ။ ပြီးအောင် အချက် ငါးဆယ်လုပ်ရရင် ခြောက်ဆယ်ရအောင် ကြိုးစားပါ။ လူတော်တော်များများဟာ သူတို့ကြာချိန်ကို တစ်လအတွင်း နှစ်ဆ ပိုများလာအောင် ကျင့်နိုင်ပါတယ်လို့ ပြောပါတယ်။

၎. ကိုယ်ခံအားကောင်းစေပါတယ်။

သုတ်လွှတ်ခြင်းဟာ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်တဲ့ ကောတီဆုန်း ဟော်မုန်း ထုတ်ခြင်းကို တိုးမြှင့်ပေးနိုင်ပါတယ်။ အာသာဖြေခြင်းဟာ ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကိုရဖို့ အထောက်အကူပြုပါတယ်။

၅. စိတ်အားတက်စေပါတယ်။

အာသာဖြေခြင်းဟာ စိတ်ဖိစီးမှု လျော့ကျစေတဲ့ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေဖြစ်တဲ့ ဒိုပါမင် နဲ့ အောက်ဆီတိုစင် တို့ကို ထုတ်လွှတ်ပေးပါတယ်။ သုတ်လွှတ်ခြင်းဟာ သဘာဝအတိုင်း ဒိုပါမင်းဟော်မုန်းရဖို့ အကောင်းဆုံးနည်းလမ်းပါ။ သုတ်လွှတ်နေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်ကို စကင်ဖတ်ကြည့်ရင် ဟီရိုးအင်းသုံးနေသူနဲ့ ခံစားရချက် တူတူပါပဲ။

Credit-Gentleman


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ