Cpx24.com CPM Program
Home » » ရှားပါးတဲ့ရောဂါအခြေအနေကြောင့် နှာမောင်းသဏ္ဍာန် အသားပိုတွေ တွဲကျနေသူကို မဟာပိန္နဲနတ်ဘုရား အဖြစ် ကိုးကွယ်နေကြ

ရှားပါးတဲ့ရောဂါအခြေအနေကြောင့် နှာမောင်းသဏ္ဍာန် အသားပိုတွေ တွဲကျနေသူကို မဟာပိန္နဲနတ်ဘုရား အဖြစ် ကိုးကွယ်နေကြ

မနက်တိုင်းမှာ Kanai Das ဆိုတဲ့ အိန္ဒိယအမျိုးသား တစ်ယောက်ဟာ ရထားဘူတာရုံကို လမ်းလျှောက်သွားကာ၊ ဘူတာရုံထောင့် တစ်နေရာမှာ ရပ်ပြီး ပေးကမ်းစွန့် ကြဲသမျှကို လက်ဖြန့် ခံတောင်းနေတတ်ပါတယ်။Kanai ဟာ စေတနာရှင် ခရီးသွားပြည်သူတွေဆီကနေ တစ်နေ့ ကို စတာလင်ပေါင် ၃ ပေါင်နဲ့ ညီမျှတဲ့ ရူပီးငွေ အနည်းငယ်ကို ရဖို့ အတွက် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းရပါတယ်။ ဒါပေမယ့် အသက် ၄၂ နှစ်အရွယ် Kanai ဟာ သူတောင်းစား သက်သက် မဟုတ်ပါဘူး။ 

အိန္ဒိယနိုင်ငံသား အများစုအတွက်တော့၊ သူဟာ Lord Ganesha ခေါ် မဟာပိန္နဲနတ်ဘုရားအဖြစ် အသိများတဲ့ ဟိန္ဒူနတ်ဘုရားပြန်လည်ဝင်စားတဲ့ သူတစ်ယောက်ဖြစ်ပြီး ရိုသေသမှုနဲ့ ငွေကြေးလှူဒါန်းနေကြတာ ဖြစ်ပါတယ်။တကယ်တမ်းတော့ Kanai ဟာ neurofibromatosis လို့ ခေါ်တဲ့ ရှားပါးတဲ့ရောဂါ အခြေအနေတစ်မျိုးကြောင့် မျက်နှာကအရေပြားတွေဟာ ရင်ဘတ်အထိ အိကျနေပြီး ဒီလျော့တွဲကျနေတဲ့ အသားပိုတွေကြောင့် ညာဘက် မျက်လုံးတစ်လုံးလည်း ကွယ်ပျောက်နေရပြီဖြစ်ပါတယ်။

အစားကောင်းကောင်း မစားနိုင်သလို၊ စကားလည်းကောင်းကောင်း မပြောနိုင်ကာ၊ ရောင်ရမ်းနေတဲ့ အရေပြား အသားတွေနာကျင်မှုကိုသက်သာရာရဖို့ အတွက် အမြဲလိုလို ဆေးသောက်၊ဆေးစားနေရသူ တစ်ယောက် ဖြစ်ပါတယ်။ ဒီလို ကိုယ်လက် အင်္ဂါပုံပန်းမကျမှုကြောင့် သင့်တင့်လျောက်ပတ်တဲ့ အလုပ်တစ်ခုလည်း ဘယ်တော့မှ မရခဲ့သူ တစ်ဦးပါ။“ ကျွန်တော် တောင်းမစားချင်ပါဘူး။ ဒါပေယ့် ကျွန်တော့်အမေကိုပြုစုစောင့်ရှောက်ဖို့ နဲ့ ငွေရှာဖို့ အတွက် ကျွန်တော့်မှာ တခြားရွေးချယ်စရာလမ်းလည်း မရှိပါဘူး” “ လူတွေက ကျွန်တော့်ကို နတ်ဘုရားလို့ ထင်ကြတယ်။ ကျွန်တော့်မှာ မဟာပိန္နဲနတ်ဘုရားလို ဆင်နှာမောင်းတွေရှိလို့ လေ။ အရင်တုန်းကတော့ ဒီလိုပုံစံမဟုတ်ပါဘူး။ အခုဆို ဒီအသားပိုတွေတစ်ပုံ ကြီးကြောင့် ကျွန်တော့်ညာဘက်မျက်လုံးတောင် ကျွန်တော်မှန်ထဲပြန်မမြင်ရတော့ဘူး” လို့ Kanai က ပြောပြပါတယ်။

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ Baruipur ဆိုတဲ့မြို့ က ဖြစ်ပြီး မွေးကတည်းက ဦးခေါင်းမှာ အသားပိုလေးတစ်ခုပါရှိလာပါတယ်။ အသက်ကိုးနှစ်အရွယ်မှာ၊ ဒီအသားပိုဖုလေးဟာ တဖြည်းဖြည်းကြီး လာပြီး နောက်ဆုံးမှာ ညာဘက်မျက်လုံး တစ်ခုလုံးနဲ့ နှာခေါင်းကို ဖုံးကွယ်သွားကာ၊ မျက်နှာတခြမ်းလုံးကို ဖုံးအုပ် သွားတာ ဖြစ်ပါတယ်။ Kanai ကို ကုသဖို့ မတတ်နိုင်တဲ့ မုဆိုးမအမေဟာ သူ့ ကို စွန့် ပစ်ခဲ့ပြီး ကံဆိုးရှာသူ Kanai လေးဟာ ရထားဘူတာရုံက အမှိုက်ပုံးတွေထဲမှာ ရှာဖွေစားသောက်ကာ အသက်ဆက်ရှင်သန်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ Bharati Roy ဆိုတဲ့ ကလေးခြောက်ဦးအမေ၊ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက သူ့ ကို တွေ့ မြင်ပြီး သနားကာ၊ မွေးစားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Bharati နဲ့ ကွယ်လွန်သူ ခင်ပွန်းတို ဟာ Kanai ကို ဆေးကုသပေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေယ့်လည်း ဆရာဝန်တွေအကုန်လုံးက သူ့ ရောဂါအခြေအနေဟာ ကုသလို့ မရနိုင်ဘူးလို့ ပြောကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Kanai တစ်ယောက်ကတော့ သာမန်မျက်နှာကို ပြန်ရနိုင်မယ့် ခွဲစိတ်ကုသမှုတစ်ခုကို ခံယူဖို့  မျှော်လင့်စောင့်စားလျက်ရှိပါတယ်။

မိဖုရား
Credit: Trend Myanmar


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ