Cpx24.com CPM Program
Home » » ကိုမျိုး​အောင်​ ဖြစ်​​စေမယ့်​ အတွင်းခံအမျိုးအစားများ

ကိုမျိုး​အောင်​ ဖြစ်​​စေမယ့်​ အတွင်းခံအမျိုးအစားများ

ကလေးမရတဲ့ အတွဲ တော်တော်များများ က ယောက်ျားရဲ့ မျိုးကောင်ထွက်မှု နည်းပါးသောကြောင့်ဖြစ်ပါတယ်။ အားငယ်စရာတော့လဲ သိပ်မလိုပါဘူး။ သင့်ရဲ့ အတွင်းခံရွေးချယ်မှုအပေါ်မူဟာ သင့်ကို ကိုမျိုးကန်းဖြစ်အောင်လုပ်နေသလားဆိုတာကို စမ်းစစ်ကြည့်လိုက်ပါ။

သုတ်ကောင် အရေအတွက် အနည်းအများ ထွက်တာအပေါ် အဓိကျတဲ့ အချက်က ”ဥ” ရဲ့အပူချိန်ပါ။ အရေအတွက်များ ပြီး ကျန်းမာသန်စွမ်းတဲ့ သုတ် စစ်တပ်ကိုထုတ်ပေးဖို့အတွက် ဥ ရဲ့ အပူချိန်က ကိုယ်အပူချိန်ထက် လျော့နေရန်လိုပါတယ်။ မွေးကထဲ က အပြင်မှာ သူ့ဟာသူ တွဲလောင်းကျနေတာက သူ့သဘာဝ အရသူ လေညှင်းခံရတာကို ကြိုက်လို့ပါ။ အတွင်းခံ ကြပ်ကြပ်ဝပ်ထားတယ် ဆိုရင် မွန်းကြပ်ပြီး စိတ်ဓာတ်ကျကာ စွမ်းဆောင်ရေကျလာတဲ့သဘောဖြစ်ပြီး သုတ်စစ်သည် အင်အားကျလာမှာပါ။ ရှိတဲ့စစ်သည်ကလည်း ကျိုးကန်း ငတ်ပြတ် နေဖို့များပါတယ်။

ဒီလိုဆိုတော့ လဲ ချွတ်ပြီး ပတ်ပြေးနေရမယ်လို့ မဆိုလိုပါဘူး။ ပုံမှာပါတဲ့ BOXER ခေါ် အတွင်းခံ ဘောင်းဘီ အချောင် ဝတ်ရင် သင့်ငယ်ပါက အေးဆေး လေညှင်းခံနိုင်မှာပါ။ ရေချိုးပြီး ကလေးပေါင်ဒါ ဖြူးပေးထားရင် ပိုအေးတဲ့ လေပြေအေးလေးတိုက်နေတဲ့ အရသာကိုခံစားရမှာပါ။

စစ်သည်တော်တွေ မွေးဖို့က ၁၀ ပတ်မှ ၁၁ ပတ်လောက်ကြာတယ်လို့ပြောထားတော့ ဒီနေ့ပဲ လေညှင်းခံ နောက်နေ့ပဲ ဗိုက်ကြီးချင်လို့တော့မရပါဘူး။ အကောင်းဆုံး ရလပ်အတွက် နှစ်လခွဲလောက်ကြိုပြီး ဘောင်းဘီ အကြပ်ဝတ်တာ၊ ကိုးရီးယား ချွေးထုတ်ခန်းသွားတာ ရှောင်ပြီး Boxer ကို အမြဲဝတ်ပေးထားပါ။ ဖြစ်နိုင်ရင် Boxer နဲ့ ပုဆိုးနဲ့ပဲ နေပြီး အိမ်ရောက်ရင် Boxer ပဲဝတ်ထားလိုက်ပါ။ ဒါမှ ကိုမျိုးအောင် မဖြစ်လာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သွားတိုင်ပင်ပါ။

မိဖုရား
Credit-Gentleman Magazine


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ