မိဖုရား
6:34 PM
အိမ်ထောင်ပြုတော့မယ်ဆိုကတည်းက ဒီအိမ်ထောင်ရေးဟာ ခိုင်မြဲပါ့မလားဆိုတာ ကြိုတင်တွက်ဆကြည့်နိုင်ပါတယ်။ အတိအကျကြီး မဟုတ်တောင် အကြမ်းဖျင်းအားဖြင့်တော့ ဒီအချက်လေးတွေက သင်တို့ အိမ်ထောင်ရေး ခိုင်မြဲမှုရှိပါ့မလားဆိုတာ ပြောပြပေးပါလိမ့်မယ်။ Emory တက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ လေ့လောတွေ့ရှိချက်ကတော့ လက်ထပ်ပြီးသား စုံတွဲ ၃၀၀၀ကျော်ကို ဆန်းစစ် မေးမြန်းရာကနေ ခုလို အချက် (၆)ချက်ကို ဖော်ထုတ်နိုင်ခဲ့တာပါ။ အဲ့ဒီအချက်လေးတွေကတော့
၁။ တွဲတဲ့အချိန် သုံးနှစ်ထက် နည်းပြီး စ့စပ်တာမျိုး၊ လက်ထပ်တာမျိုးကို လုပ်ခဲ့တယ်ဆိုရင်
ကြားခဲ့ဖူး၊ သိခဲ့ဖူးတဲ့ အတွဲတွေကတော့ အချိန်တိုလေးအတွင်းမှာ ချစ်ကြိုက်၊ ယူသွားကြတာချည်းပဲ ဆိုပါတော့။ တစ်သက်လုံးလက်တွဲသွားတယ်ဆိုရင်တော့ သူတို့ကို ခြွင်းချက်အနေနဲ့ထားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့ တစ်ဦးတွဲတာ တစ်နှစ်မပြည့်ခင် ယူကြတဲ့သူတွေဟာ ရေရှည်အတွက် အဆင်မပြေကြတာများလို့ပါပဲ။ အိမ်ထောင်ပြုတော့မယ်ဆိုရင် တစ်ယောက်အကြောင်း တစ်ယောက် သေချာနားလည်ထားပါမှသာ အဆင်ပြေတယ်ဆိုတာ အာရှနိုင်ငံတွေတင် မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း ဒီအချက်ကို သဘောတူထားကြပါတယ်။
၂။ နှစ်ဦးစလုံး ၀င်ငွေမကောင်းဘူးဆိုရင်
လေ့လာတွေ့ရှိချက်တွေအရတော့ ၀င်ငွေနည်းပါးလေလေ၊ အိမ်ထောင်ကွဲဖို့ များလေလေပါပဲတဲ့။ ဒါလည်း သိထားသင့်တဲ့ အချက်ပေါ့။
၃။နှစ်ဦးစလုံးဟာ ဘာသာရေးပိုင်းမှာလည်း အားနည်းတယ်ဆိုရင်
လေ့လာတွေ့ရှိချက်တွေအရ အဆင်မပြေကြတဲ့စုံတွဲ တော်တော်များများဟာ ဘုရားသွားကျောင်းတက် အတူ မလုပ်ကြသလို၊ ဘုရားကျောင်း အတူသွားတာမျိုးတွေလည်း မရှိပါဘူးတဲ့။ ဘာသာရေးပိုင်းမှာလည်း အားနည်းကြတယ်လို့ ဆိုပါတယ်။
၎။နှစ်ဦးစလုံးဟာ ရုပ်ဝတ္ထုဆန်ကြတယ်ဆိုရင်
ဒီအချက်ကိုတော့ အထူးထောက်ပြနေစရာ လိုမယ်မထင်ပါဘူး။ ဒီလို ရုပ်ဝတ္ထုကိုအသားပေးတဲ့ စုံတွဲဆိုတာ ကြာရှည်မမြဲနိုင်ပါဘူး။
၅။မင်္ဂလာပွဲကို ဖြစ်သလို ကျင်းပခဲ့တယ်ဆိုရင်
သုတေသနပညာရှင်တွေရဲ့ အဆိုအရ မင်္ဂလာပွဲတွေ ခမ်းခမ်းနားနား ကျင်းပတာမျိုး မလုပ်ပဲ လူအနည်းစုနဲ့ ဖြစ်သလို ကျင်းပကြသူတွေဟာ ကွဲဖို့ကွာဖို့ ဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒါဟာ တက်ရောက်လာတဲ့ ဧည့်သည်အရေအတွက်ပေါ် မူတည်ပြီးတော့လည်း စဉ်းစားနိုင်ပါတယ်တဲ့။ သင့်မင်္ဂလာအခမ်းအနားကို တက်ရောက်လာတဲ့ သူများလေလေ သင်ဟာ ကွဲကွာဖို့အခြေအနေ နည်းပါးလေလေပါပဲတဲ့။
၆။ဟန်းနီးမွန်းခရီးစဉ် မသွားခဲ့ကြဘူးဆိုရင်
ဒီအချက်ကလည်း လေ့လာတွေ့ရှိချက်တွေထဲက တစ်ခုပါ။ မင်္ဂလာဆောင်ပြီးလို့ အပန်းဖြေခရီးအတူထွက်ခဲ့တဲ့ စုံတွဲတွေဟာ ကွာရှင်းပြတ်စဲဖို့ ၄၁ရာခိုင်နှုန်း နည်းပါးတယ်လို့ သိရပါတယ်။
မိဖုရား
Credit - Trend Myanmar
Rate this posting:
{[['
']]}
မိဖုရား
11:29 AM
အချိန်တိုလေးအတွင်းမှာ အောင်မြင်မှုတစ်ခုကို ရရှိပိုင်ဆိုင်ထားသလို ကောလဟလအထွက်များလှတဲ့ ဇေရဲထက်ကို အနုပညာအကြောင်းများနဲ့ ကောလဟလအကြောင်း မေးမြန်းပြောဆိုမိတဲ့အခါ "ခုရိုက်နေတဲ့ကားလေးက ထာဝရအမှတ်တရများတဲ့။ ဒီကားလေးထဲမှာက ဖွေးဖွေးနဲ့ကငယ်ငယ်လေးကတည်းကသူငယ်ချင်း၊ ဖွေးဖွေးက ယောကျာ်းပုံစံနဲ့ကောင်မလေး၊ ကျွန်တော်တို့နှစ်ယောက်ကြားထဲ ကို နောက်ထပ်ကောင်မလေး တစ်ယောက် ၀င်လာတယ်။ ဆုမြတ်နိုးဦးပေါ့။ အဲ့ဒီမှာဖြစ်ပျက်သွားမဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းပုံစံမျိုးပေါ့။ အပျော်၊ ဟာသ၊ ဖန်စီလေးပေါ့။ ခုနောက်ပိုင်းဇာတ်လက်ခံတဲ့အခါ ပုံစံတစ်မျိုးထဲကို ကျွန်တော်မလုပ်ဘူး။ ဟာသ၊ ဖန်စီ၊ ဒရာမာ၊ အားလုံးကိုရိုက်တယ်။ ဘာလို့လဲဆိုတော့ နယ်ကကျတော့ ဇာတ်အိမ်ခိုင်တဲ့ ဒရာမာလေးတွေပိုကြိုက်ကြတယ်။ မြို့ပေါ်ကကျတော့ ဟာသလေးတွေကိုပိုပြီးအားပေးကြတယ်။ အဲ့ဒီလိုဆိုတော့ ကျွန်တော့်အနေနဲ့က ဟာသလဲရိုက်ပေးရတယ်။ ဒရာမာလေးတွေလဲ ကျွေးပေးရတယ်။ တစ်လှည့်ချင်းစီတော့ မြို့၊ နယ် ၊ ပရိသတ်ကို မျှပြီးဖန်တီးပေးရတာပေါ့။"လို့ သူက ပြောပါတယ်။
ရုပ်ရှင်ကားကြီးပိုင်းနဲ့ပတ်သက်ပြီးတော့လဲ သူက "ခုရိုက်ထားပြီးတာက နို့ဘီလူးဆိုတဲ့ကားဒရာမာလေးပေါ့။ နောက်မင်းသား ၄လက်နဲ့ကားမှာလဲ ကိုယ်က အချစ်ရူးပုံစံကောင်လေး တစ်ယောက်အနေနဲ့သရုပ်ဆောင် ထားပါတယ်။ နောက်ထပ်ရိုက်ဖို့က၁၂ ကားလောက် ရှိပါသေးတယ်။ ရုပ်ရှင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့အများကြီးရွေးချယ်ပိုင်ခွင့် မရှိဘူး။ အကုန်လုံးညှိနှိုင်းပြီးလုပ်ရတာပေါ့နော်။ ရုပ်ရှင်ကားဆို ရုံတင်ပြရတာဖြစ်တဲ့အတွက် ဒရာမာဆို ထုတ်လုပ်ရေးပိုင်းက ကွဲတယ်။ ဟာသလောက်ပဲ လူဝင်တာဆိုတဲ့အတွက် ဟာသပိုင်းကို ပိုပြီးရိုက်ကြတာများတယ်။ ကျွန်တော်တို့ဖက်ကကျတော့လဲ အကယ်ဒမီရဖို့၊ မရဖို့ထက်ရုပ်ရှင်ကားကြီးရိုက်ရတယ်ဆိုတာကိုက အခွင့်အရေးတစ်ခုဖြစ်နေတဲ့အတွက်ရသလောက်လဲကျွန်တော်မရိုက်ပါဘူး။ သေချာချင့်ချိန်စဉ်းစားပြီး မှလက်ခံပါတယ်"တဲ့။
အခုနောက်ပိုင်း ဟာသဈေးကွက်အရ အခြောက်ကာရိုက်တာတွေ အရိုက်များလာတာနဲ့ပတ်သက်ပြီး သူကတော့ "ကျွန်တော်လဲပြောပြထားပါတယ်။ ပရိသတ်တွေအနေနဲ့က အခြောက်ကားဆိုရင် အောက်ကျတယ်။ ထုတ်လုပ်ရေးဖက်ကျတော့ ကားထွက်ကောင်းတယ်။ ရယ်လဲရယ်ရတယ်ဆိုတော့ ကျွန်တော်ကိုယ်တိုင်လဲ အခြောက်ကားတွေတော်တော်များများ ရိုက်ရတယ်။ ကိုယ်တိုင်ကမိန်းမချော ချောတယ်ဆိုပြီး အခြောက်ကားတွေ ရိုက်နေရတယ်။ ဒီနောက်ပိုင်းကျတော့ မရိုက်ချင်တော့ဘူးလို့။ ကိုယ်တိုင်ကို ငြီးငွေ့လာပြီ။ အခြောက်ကာရိုက်တာက စုံသွားပြီ။ အခြောက်ကားရိုက်တာများသွားရင် ဟာ ဒီမင်းသားခြောက်နေပြီ ဆိုတာမျိုး အဲ့လိုလေးတွေ မမြင်စေချင်ပါဘူး။ ဒါပေမဲ့ ခုနောက်ပိုင်းရိုက်တာတွေများတော့ ကျွန်တော်အခြောက်ကားတွေ လက်မခံထားသေးပါဘူးလို့။ဒါပေမဲ့ ကားကြီးတစ်ကားမှာတော့ ပြောထားတာ အခြောက်ကာရိုက်တာတဲ့။ အဲ့ဒီကားကတော့ ဘယ်လိုလာမလဲမသိသေးပါဘူး"လို့ ဆိုပါတယ်။
အရင်ကထက် မျက်နှာသွယ်သွားတာကို ပရိသတ်တွေက မျက်နှာခွဲစိတ်ထားသလားဆိုပြီး သိချင်နေကြပြန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူပြောသွားတာကတော့ "ဇေရဲထက် မျက်နှာခွဲစိတ်ထားတယ်ဆိုပြီးပေါ်လာပြန်ရော။ ကိုဟိန်းဝေယံနဲ့ ရုပ်ချင်းဆင်အောင် ခွဲထားတယ်တဲ့။ ကျွန်တော်သရုပ်ဆောင် စဖြစ်ကတည်းက နယ်ကတက်လာတာ။ ပိုက်ဆံ ၂၀၀နဲ့လဲ နေခဲ့ရဖူးတယ်။ မျက်နှာခွဲစိတ်တယ်ဆိုတာ သိန်း ပေါင်းများစွာကုန်တာလေ။ ဘယ်လိုလုပ်တတ်နိုင်မှာလဲ။ ကျွန်တော့်မိသားစုကလဲ ဆင်းရဲတယ်။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တကယ်လို့ခွဲစိတ်ခဲ့သည်ရှိသော် ဘ၀တစ်ခုမှာ ကိုဟိန်းဝေယံနဲ့တူအောင် ခွဲစိတ်ပါ့မလား။ ကျွန်တော်ဖြစ်စေချင်တာပေါ့။ အဲ့ဒါလဲပြီးရောမနေ့က ဖေ့စ်ဘုတ်ပေါ်မှာ ဖြေရှင်းရတယ်။ အမြဲတမ်းကိုဖြေရှင်းနေရတယ်။ အရင်ကကျွန်တော်ဝတယ်။ ခုနောက်ပိုင်းကျွန်တော်တစ်နေ့ကို ထမင်း ၅ဇွန်းပဲစားတယ်။ အသီးဖျော်ရည်သောက်တယ်။ အရင်ကတော့မသိသာဘူး။ ခုနောက်ပိုင်းက အဆီကျဆေးတွေလဲစားဖြစ်တယ်။ အရမ်းဝရင်အဆင်မပြေလို့လေ။ နေ့ရောညရောလဲရိုက်နေရတယ်။ မျက်နှာခွဲစိတ်ရင် ၃လ၄လလောက်နားရတယ်။ ခုကနေ့ရောညရောရိုက်နေရတာ ဘယ်လိုမှ မျက်နှာခွဲစိတ်တယ် ဆိုတာမဖြစ်နိုင်ပါဘူး။ ကျွန်တော့ မျက်နှာကအစကတည်းက သွယ်ပြီးသား၊ ၀လာလို့မျက်နှာကဖောင်းပြီး ဗိုက်ပူလာတာ။ ခုအစားအသောက်လျော့တဲ့အခါ မျက်နှာကသွယ်ပြီး ပိန်သွားတယ်။ နဲနဲပင်ပန်း လာတာလေးတွေတော့ရှိတယ်။ မျက်လုံးတွေ သိပ်မကောင်းဘူး။ ထမင်းသိပ်မစားဘူး။ အလုပ်ကလဲနေ့တိုင်း လုပ်နေရတယ်။ ကြိုးလဲခုန်ဖြစ်တယ်ဆိုတော့ ပင်တော့ ပင်ပန်းတယ်။"တဲ့။
အချစ်ရေးနဲ့ပတ်သက်ပြီး စဉ်းစားနေတယ်လို့ ဆိုလာတဲ့ သူက "ခုထိ အသည်းထဲက နှစ်နှစ်ကာကာ ချစ်တဲ့သူမပေါ်သေးဘူး။ ဆင်းရဲရဲ ချမ်းသာသာ ရုပ်ဆိုးဆိုး ကျွန်တော်ချစ်ရင် မွဲနေလဲယူမှာပဲ လို့ပြောပြခဲ့ပါတယ်။
မိဖုရား
Credit - Trends Myanmar
Rate this posting:
{[['
']]}
မိဖုရား
4:24 PM
ယခုနှစ် ရှန်ဟိုင်း ကားအရောင်းပြခန်းမှာ မော်ဒယ်လ်များ တားမြစ်ပိတ်ပင်ခံရတာကြောင့် အလုပ်လက်မဲ့ အလှမယ်လေးတွေ ယခုလို ဆန္ဒထုတ်ဖော်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
Xujiahui Station က Metro City အပြင်ဘက်ခြမ်းမှာ အဝတ်အစားကို စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားပြီး သူတောင်းစားလို ဟန်လုပ်ကာ “We want to survive!” စာသားပါ လက်ကိုင်ပိုစတ်ာတွေ ကိုင်ဆောင်ခဲ့ကြပြီး ခန္ဓာကိုယ် သွယ်လျအောင် ကြိုးစားလုပ်ဆောင်ခဲ့ရသမျှ အချည်းနှီးဖြစ်ခဲ့ကြောင်း အလုပ်လက်မဲ့ မော်ဒယ်လ်များ ဝမ်းနည်းဖွယ်ရာ ပြောဆို ညည်းညူခဲ့ကြပါတယ်။
တခြားသူတွေအနေနဲ့ အဝတ်အစား မလုံမလဲနဲ့ ကောင်မလေးတွေအစား ကားတွေသာလျှင် ပြပွဲရဲ့အဓိက အာရုံစိုက်ရာဖြစ်သင့်လို့ ဒီလိုတားမြစ်လိုက်ခြင်းကို သဘောတူထောက်ခံကြောင်း ပြောဆိုနေစဉ်မှာ ၄င်းမော်ဒယ်လ် ကို ထောက်ခံအားပေးတဲ့ အင်တာနက်သုံးစွဲသူတွေကတော့ သူတို့တွေဟာ အမှန်တကယ် ဆွဲဆောင်မှုရှိကြသူတွေ ဖြစ်တာကြောင့် အလုပ် ပေးလုပ်သင့်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
မိဖုရား
Credit-Trends Myanmar
Rate this posting:
{[['
']]}
မိဖုရား
1:47 PM
FHM ရဲ့ “The Sexiest Woman In the World 2015” အဖြစ် Michelle Keegan ရွေးချယ်ခံခဲ့ရပါတယ်။ယခင် Coronation Street အမျိုးသမီး ဇာတ်ဆောင်ဖြစ်တဲ့ သူမဟာ Mark Wright နဲ့လက်ထပ်ဖို့ လက်ရှိ စေ့စပ်ထားသူဖြစ်ပြီး Kendall Jenner နဲ့ Jennifer Lawrence ကို ကျော်တက်ကာ အားပေးကြိုက်နှစ်သက်မှု အများဆုံး ရရှိခဲ့သူဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဒုတိယနေရာနဲ့ ၂၀၀၃ မှ စတုတ္ထနေရာ ရရှိပြီးတဲ့နောက် အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမဟာ ဒီဂုဏ်ပြုမှုကို ပထမဆုံး ရရှိခဲ့တာဖြစ်ပါတယ် ကမ္ဘာဆွဲဆောင်မှု အရှိဆုံး Top Ten အမျိုးသမီးတွေ စာရင်းမှာတော့
1. Michelle Keegan (last year 2)
2. Kendall Jenner (last year 31)
3. Jennifer Lawrence (last year 1)
4. Kate Upton (last year 18)
5. Caroline Flack (re-entry 70 in 2013, 48 in 2012)
6. Ariana Grande (last year 77)
7. Margot Robbie (last year 26)
8. Lucy Mecklenburgh (non-mover)
9. Emilia Clarke (last year 11)
10. Kelly Brook (last year 23)
မိဖုရား
Credit - Trends Myanmar
Rate this posting:
{[['
']]}
မိဖုရား
3:31 PM
အမျိုးသမီးတစ်ဦးဟာ လမ်းတွေပေါ်မှာ သူမနဲ့ မသိတဲ့ သူစိမ်း အမျိုးသား အယောက် ၁၀၀ ကို သူမနဲ့ အတူ ချစ်တင်းနှီးနှောဖို့အတွက် လိုက်လံ မေးမြန်းခဲ့ပါတယ်။
အမှန်တစ်ကယ်ကတော့ whatever.com ဆိုတဲ့ ၀က်ဘ်ဆိုက်တစ်ခုက လုပ်နေတဲ့ လူမှုအတွေ့အကြုံ စစ်ဆေးမှု တစ်ခုသာဖြစ်ပါတယ်။ အရင်တစ်ခေါက်ကလည်း အမျိုးသားတစ်ယောက်က အမျိုးသမီး အယောက် ၁၀၀ ကို သူနဲ့ ချစ်တင်းနှီးနှောဖို့ လိုက်လံ မေးမြန်းခဲ့ရာမှာ အမျိုးသမီး အယောက် ၁၀၀ လုံးက သူ့ကို ငြင်းဆိုခဲ့ကြပါတယ်။
အခုတစ်ခေါက်မှာတော့ Andrea Wendel ဆိုသူ အမျိုးသမီးဟာ အမျိုးသား အယောက် ၁၀၀ ကို သူမနဲ့ အတူ ချစ်တင်းနှီးနှောဖို့ လိုက်လံ မေးမြန်းခဲ့ရာမှာတော့ အချို့ကတော့ သူတို့ဟာ ချစ်သူရှိပြီးသားဖြစ်တဲ့အတွက် ငြင်းဆိုခဲ့ကြပေမယ့် အချို့တော့ စိတ်အားထက်သန်နေတာကို တွေ့ခဲ့ရပါတယ်။
အမျိုးသား အယောက် ၇၀ က Andrea နဲ့ ချစ်တင်းနှီးနှောဖို့ကြိုးစားခဲ့ပေမယ့် ကျန်တဲ့ အမျိုးသား ၃၀ က တော့ Andrea ကို ခေါ်ဆောင်သွားဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ထိုမေးမြန်းမှုကို ရိုက်ကူးထားတဲ့ ဗီဒီယို ဟာ whatever.com ရဲ့ YouTube ပေါ် တင်ပို့ခဲ့မှုကြောင့် ကြည့်ရှုသူ ၃.၇ သန်းထိ ရှိခဲ့ပါတယ်။
မိဖုရား
From-Trends Myanmar
Rate this posting:
{[['
']]}
မိဖုရား
10:07 AM
ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်က ဗြိတိန်တော်ဝင် မင်းသားဟယ်ရီနှင့် ချိန်းတွေ့ရန် ငြင်းဆိုခဲ့သည်ဟု အမေရိကန် Life & Style မဂ္ဂဇင်းတွင် ဖော်ပြ သည်။
မင်းသားဟယ်ရီသည် ဂျနီ ဖာလောရင့်စ်နှင့် ချိန်းတွေ့ခွင့်ရ ရန် စိတ်အားထက်သန်နေသည် ဟု သတင်းထွက်နေသော်လည်း ဂျနီဖာလောရင့်စ်က ၎င်း၏ကမ်း လှမ်းမှုကို ယဉ်ကျေးစွာငြင်းပယ်ခဲ့ ကြောင်း Life & Style မဂ္ဂဇင်းက ဖော်ပြသည်။
‘‘ဟယ်ရီက ဂျနီဖာလော ရင့်စ်ကို သူနဲ့ ညစာအတူစားဖို့ ဖိတ်ကြောင်းနဲ့ ဗြိတိန် Kensin-gton နန်းတော်ကို အလည်လာဖို့ ဖိတ်ကြောင်း သူ့ရဲ့လူယုံတစ် ယောက်ကို ပြောခိုင်းခဲ့ပါတယ်’’ ဟု သတင်းရင်းမြစ်က Life & Style မဂ္ဂဇင်းအား ပြောသည်။ သို့ရာတွင် ဂျနီဖာလောရင့်စ်က မင်း သားဟယ်ရီ၏ ဖိတ်ကြားမှုကို ယဉ်ယဉ်ကျေးကျေးလေးငြင်း ပယ်ခဲ့သည်။
The Hunger Games သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်သည် လက်ရှိတွင် Coldplay ရော့ခ်ဂီတအဖွဲ့ခေါင်း ဆောင် ခရစ်မာတင်နှင့် ချိန်းတွေ့ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြသည်။
Harry Potter သရုပ်ဆောင် မင်းသမီး အမ်မာဝပ်ဆန်ကလည်း ၎င်းနှင့်မင်းသားဟယ်ရီတို့ တိတ်တဆိတ် ချိန်းတွေ့နေသည် ဟူသော သတင်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီက ငြင်းဆိုခဲ့ သည်။
မိဖုရား
Credit -7Day
Rate this posting:
{[['
']]}
မိဖုရား
5:54 PM
သင်္ကြန်တုန်းက ဖွေးဖွေး
Rate this posting:
{[['
']]}
မိဖုရား
5:04 PM
အေးချမ်းတဲ့ ချစ်သူစုံဘဝ ပိုင်ဆိုင်လိုသူတွေအတွက် မိမိချစ်သူကောင်မလေးအား လုံးဝ ထည့်မပြောသင့်တဲ့ စကားတွေရှိနေပါတယ်။ ကိုယ်ကဒါတွေ ပြောလိုက်လို့ တစ်ဖက်လူ စိတ်ကသိကအောင့် ဖြစ်သွားပြီ ဆိုရင် နှစ်ဦးသား ပျော်ရွှင်နေရာကနေ ပြသနာဖြစ်သွားနိုင်တဲ့အထိ ကြီးမားသွားနိုင်တာမို့ ဒီလိုစကားလေးတွေ မပြောဖြစ်အောင် သတိထားလိုက်ပါ။
Ø နင်အဲဒီအင်္ကျီနဲ့ဆို ကြည့်ရတာ ဝနေသလိုပဲ။
Ø နင့်အမေက နင့်ညီမထက်တောင် ပိုနုနေသလိုပဲ။
Ø သူငယ်ချင်းတွေနဲ့ ရှိတဲ့အချိန်က ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်တွေပဲ။
Ø ဘောလုံးပွဲရှိလို့ ဒီနေ့ အပြင်မထွက်ချင်ဘူး။
Ø နင်က ငါ့အရင်ထားခဲ့တဲ့ ချစ်သူဟောင်းကို တစ်ခါတစ်ခါ သတိရစေတယ်။
Ø ငါ့အမေဟင်းချက်တာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။
Ø နင့်သူငယ်ချင်းတွေကို ငါသိပ်သဘောမကျဘူး။
Ø အိုး… ဟိုကောင်မလေး သိပ်မိုက်တာပဲ။
Ø အလှပြင်ဖို့ ဘာလို့ အဲ့ဒီလောက်အချိန်ပေးရတာလဲ။
ကဲ ဒီလိုစကားမျိုးတွေ ပြောမယ့်အစား သင့်စိတ်ထဲ သူ့ကို ဘယ်လောက်ကြွေရတယ်ဆိုတာလေး အစားထိုးပြီးတော့သာ သင့်ကောင်မလေးကို ပြောလိုက်ပေတော့။
မိဖုရား
Credit - Trends Myanmar
Rate this posting:
{[['
']]}
မိဖုရား
4:57 PM
လတ်တလော အင်တာနက် စာမျက်နှာတွင် ပျံ့နှံ့နေသည့် "ဖားသည်မသား" အမည်ရှိ ဗီဒီယို ဇာတ်ကား ပိုစတာကိုရှေ့ ဆုံးစာလုံးအား ဝစ္စပေါက်ဖြုတ်ကာ တမင် ရည်ရွယ်၍ အင်တာနက်ပေါ်တွင် လုပ်ကြံခံ ရခြင်း သာဖြစ် သည်ဟု ဝင်းမေတ္တာ ရုပ်ရှင် နှင့် ဗီဒီယို ဖြန့်ချိရေးမှ ကိုနေမင်းခက မဇ္ဈိမ ကိုပြောသည်။
ဖားသည်မသား ဗီဒီယို ဇာတ်ကားသည် ဝင်းမေတ္တာ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ မူပိုင် ရိုက်ကူးခြင်း ဖြစ်ပြီး အဆိုပါ ဇာတ်ကားအား အင်တာနက် စာမျက်နှာတွင် 'ဖာသည်မသား'ဟု ဖိုတိုရှော့ဖြင့် ပြုပြင်ပြီး အမည်ပြောင်းလဲကာ ပျံ့နှံ့နေခြင်း ဖြစ်သည်။
"အင်တာနက် စာမျက်နှာမှာ အဲလို တွေ့လိုက်တော့ စိတ်ထဲမှာ ခုသွားတယ် ။ ဒီကားကို ကျွန်တော်တို့ တိုက်ကနေ တခြားတိုက်က စိတ်ဝင်စားလို့ လာဝယ်တာ နဲ့ ရောင်းလိုက်တာ။ မူပိုင်ကတော့ ကျွန်တော်တို့ ထုတ်လုပ်ရေးကပါ အဲဒါနဲ့ ဖြန့်တဲ့ ဗီဒီယို ထုတ်လုပ်ရေးကို ဖုန်းဆက်တော့ မဟုတ်ဘူး ကျွန်တော်တို့ ဝစ္စနှစ် လုံးပေါက်(း) ပါတယ် ပြောတော့ မယုံလို့ လူကိုယ်တိုင်လည်းသွားကြည့်တယ်။
တကယ်လဲ (း) ပါတယ် ဇာတ်ကားရဲ့ စာသားကလည်း စိတ်ဝင်စား ဖို့ကောင်းနေတော့ ငါတို့ ဝစ္စနှစ်လုံးပေါက် မထည့် လိုက်ရင် ဒါကတော့ ဒီကားဖြစ် သွားပြီဆို တဲ့သဘောမျိုးလေးကြောင့် လုပ်တာလည်း ဖြစ်မှာပါ။ အခွေငှားကြည့်ရင် သိမှာပါ ဝစ္စနှစ်လုံးပေါက် ပါ၊ မပါ ဆိုတာတမင် သက်သက် လုပ်လိုက်တဲ့ သဘောဖြစ် မှာပါ" ဟုပြောသည်။
ဖားသည်မသား ဇာတ်ကားကို ဇာတ်လမ်း နေမင်းခ၊ ဇာတ်ညွှန်း မိုးကျော်(M.K.A) တို့ကဖန်တီးထားပြီး ဒါရိုက်တာ ရှိုင်းကို၊တွဲဖက် ဒါရိုက်တာအောင်ကျော်ထိုက် (လှော်ကား) တို့က ရိုက်ကူးထားသည့် ပညာပေးဇာတ်ကား ဖြစ်သည်။
ထိုဇာတ်ကားတွင် သရုပ်ဆောင်များ အဖြစ်နေထက်လင်း၊ နေမင်းခ၊ နေခြည်ငြိမ်းချမ်း၊ ငြိမ်းချမ်းနှင့် ဇာလွင်နန်းထိုက် အပြင် တခြား အနုပညာ ရှင်များစွာ ပါ ၀င်သည်။
"တကယ်လို့ ဒီဇာတ် ကားက သူ တို့ပြော သလို ဆိုရင် ဆင်ဆာတင် တဲ့အခါ ဆင်ဆာက ဘယ်ခွင့်ပြု ပါ့မလဲ။ ဒီလို လုပ်တဲ့ သူကလည်း ဒီဇာတ်ကား ကိုသေချာ မကြည့်ရသေးလို့ လုပ်တာ လဲဖြစ်မယ်။ ကျွန်တော် တို့က ဒီဇာတ်ကား ကိုမြန်မာ တစ်ပြည် လုံးဖြန့် ထားတာပါ။ ပညာပေး ဇာတ်ကား အကုသိုလ် လုပ်ရင် တန်ပြန်ပြန်ဖြစ် တတ်တယ် ဆိုတာကို အသိပညာပေးတဲ့ ဇာတ်ကား တစ်ကားပါ" ဟု ထို ဒါရိုက်တာ ရှိုင်းကို ကပြောပြသည်။
ထိုဇာတ်ကားတွင် သရုပ်ဆောင် နေထက်လင်းက မိန်းမလျာ တစ်ဦး အဖြစ် သရုပ်ဆောင်ထားပြီး အမဖြစ်သူ၏ သား ကျပ်မပြည့်သည့် တူလေးကို အမ ဖြစ်သူ ဆုံးပါးသွားချိန်တွင် မိန်းမလျာ ဘဝဖြင့် ဖားရောင်းပြီး ဈေးရောင်း ကျွေးမွေးခဲ့သည်။ ဖားရောင်းရငွေဖြင့် သူ၏ တူအား ဆွဲကြိုးတစ်ကုံးဝယ်ဆင်ပေးကြောင်းနှင့် သူမြို့တက်၍ အလုပ်လုပ်ချိန်တွင် လူတစ်စုက သူ၏ တူလေးအား အသေရိုက်နှက်ကာ ရွှေဆွဲကြိုးအား လုယူခဲ့သည်။ ထိုဖြစ်စဉ်သည် ဖားများအား ရိုက်နှက် သတ်ကာရောင်းချ ခဲ့သည့်အတွက် တန်ပြန်ဝဋ် လည်ခြင်း ဖြစ်သည်ကို ရိုက်ကူး တင်ပြ ထားခြင်းဖြစ်သည်။
ဖားသည်မသား ဗီဒီယို ဇာတ်ကားသည် ဖားရိုက်စားသည့် သားအမိ နှစ်ယောက် တစ်ချိန်တွင် မကောင်းမှုပြု လုပ်ခဲ့သည့် အကုသိုလ် ကိုပြန်ခံ စားရသည့် အကြောင်း ပညာပေး ဇာတ်ကား တစ်ကား ဖြစ်သည်။
မိဖုရား
Credit - Mizzima
Rate this posting:
{[['
']]}
မိဖုရား
2:27 PM
သင်္ကြန်ကို ငပလီမှာ သူငယ်ချင်းတွေနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ၀တ်မှုန်ရွှေရည်က ခရီးသွားလိုက်ရတဲ့အတွက် စိတ်ပင်ပန်းမှုတွေ သက်သာပြီး ပျော်ရွှင်ကျေနပ်မှုတွေ အပြည့်နဲ့ ပြာကလပ်စိန်ဆိုတဲ့ ဇာတ်ကားလေးမှာ လတ်တလော ဟန်ချက်ညီညီနဲ့သရုပ်ဆောင်နေတာကြောင့် ကစ်ကစ်ရဲ့ အနုပညာအရေးအရာအချို့၊ လက်ရှိမှာ fb ပေါ်က status တွေကြောင့် သို့လောသို့လော ထင်နေကြတဲ့ သူမရဲ့ အချစ်ရေး စိတ်ခံစားချက်အချို့နဲ့ နာမည်ရ အနုပညာရှင်တစ်ယောက်ရဲ့ အချင်းချင်း စောင်းမြောင်း တိုက်ခိုက်ခံရမှုတွေကို အခုလို သွားရောက်မေးမြန်းဖြစ်တဲ့အခါ
-ခုရိုက်နေတဲ့ကားလေးအကြောင်း နဲ့ လက်ရှိမှာ ရွေးချယ်ဖြစ်နေတဲ့ ဇာတ်လမ်းအမျိုးအစားလေးတွေကို ပြောပြပေးပါဦး။
ခုရိုက်နေတဲ့ကားလေးက ပြာကလပ်စိန်တဲ့။ မင်းသားကအန်ကယ်လေးပါ။ ဒါရိုက်တာကဦးမိုးဦး။ အပျော်ဟာသလေးပဲပေါ့။ ဒီကားလေးထဲမှာ ကစ်က သွက်သွက်လက်လက်၊ ထက်ထက်မြက်မြက်ရှိတဲ့ ကောင်မလေးပုံစံသရုပ်ဆောင်ထားပါတယ်။ ဒီကားပြီးရင် ရုပ်ရှင်ကားကြီးရိုက်ဖြစ်မယ်။ ရန်ကုန်မှာပဲရိုက်မယ်။ ဒါပေမဲ့ နယ်မှာလဲ နည်းနည်းပါတော့ မေလလောက်မှာ နယ်ထွက်ရိုက်ဖြစ်မယ်။ ဇာတ်လမ်းအမျိုးအစားကတော့ ကစ်နဲ့လိုက်ဖက်တာလေးတွေပဲရွေးချယ်ဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးက ကိုနေတိုးနဲ့တစ်ကားရိုက်မယ်။ မင်းသမီးကြီး ၂ ယောက်နဲ့ကစ်နဲ့တစ်ကားရိုက်ဖို့ရှိတယ်။ ဇာတ်လမ်းကိုတော့ ကစ်က ပရိသတ်အတွက်ကြည့်ရကျိုးနပ်အောင်ကြိုးစားတယ်။ ဖန်တီးတင်ဆက်ပါတယ်။ ဗီဒီယိုဆိုလဲ ဗီဒီယိုအလျောက် ပရိသတ်ကြိုက်အောင် ၊ ပရိသတ်စိတ်ဝင်စားအောင်ရိုက်တယ်။ ကားကြီးဆိုရင်လဲ ရုံမှာ ပရိသတ်တွေသွားကြည့်ရကျိုးနပ်အောင် ပြင်ဆင်တယ်။ ဖန်တီးတင်ဆက်ပါတယ်။ အကယ်ဒမီရပြီးမှထူးခြားပြောင်းလဲသွားတာမျိုးလဲမရှိဘူး။ ကစ်ကိုယ်တိုင်ကအသစ်ပါပဲ။ အနုပညာအလုပ်တွေပုံမှန်လုပ်နေတယ်။ ပရိသတ်နဲ့အမြဲတမ်းထိတွေ့နေတယ်။
-ပြောင်းလဲလာတဲ့ သူမရဲ့ဖက်ရှင်ပိုင်း၊ လူနေမှုပုံစံနဲ့ ပရိသတ်ပိုချစ်လာတာနဲ့ပတ်သက်ပြီးတော့လဲ။
တကယ်ကြီးအဲ့လိုဆိုရင်တော့ ကျေနပ်တာပေါ့နော်။ ကစ် အရင်ကနဲ့မတူအောင် ပုံစံကို နည်းနည်းလေးချင်းပြောင်းတယ်။ အခုခေတ်စားနေတဲ့အထဲကမှ အသစ်ဖြစ်မဲ့ပုံစံမျိုးလေးကို ကစ်ရွေးချယ်တယ်။ ကစ်ရဲ့ပုံစံကို ဒီလောကထဲကို ၀င်လာကာစနဲ့မတူအောင် နည်းနည်းချင်းစီပြောင်းလဲဖြစ်တယ်။ ကစ်အမှန်အတိုင်းပြောရရင် ဖက်ရှင်နဲ့ပတ်သက်ရင်ကစ်ကြိုက်တာတွေကို အများဆုံးဝတ်ဖြစ်ပါတယ်။ ကစ်ကြိုက်တဲ့ပုံစံမျိုးကို တော်တော်များများဝတ်ဖြစ်တယ်။ ဒါကိုပရိသတ်တွေလက်ခံတယ်။ ကြိုက်ကြတယ်။ ပြောရရင်ကစ်နဲ့စိတ်ခံစားချက်ချင်းတိုက်ဆိုင်တာပေါ့နော်။ အားပေးလာတဲ့ ပရိသတ်တွေကိုလဲအရမ်းချစ်တယ်။ ကျေးဇူးလဲတင်တယ်။ ဟိုးအစကထဲကနေ ပြောင်းလဲလာတဲ့ ၀တ်မှုန်ရွှေရည်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုခုချိန်အတိုင်းအတာထိ အရမ်းချစ်ပေး၊ အရမ်းအားပေးတဲ့အတွက်အတိုင်းမသိအောင်ဝမ်းသာပျော်ရွှင်မိတယ်။
-အနုပညာရှင် အချင်းချင်း ပုတ်ခတ်မှုအပေါ် ကစ်ရဲ့စိတ်ခံစားချက်က ဘယ်လိုရှိလဲ။
အဲ့ဒါကျတော့လဲပြောရခက်တယ်။ အဲ့ဒီတွက်ကို ကစ်feeling သိပ်မထားဘူး။ ခေါင်းထဲလဲမရှိဘူး။ ပရိသတ်ဆိုတာကတော့ သူ့ပရိသတ်၊ ကိုယ့်ပရိသတ်ဆိုပြီးအမြဲတမ်းဖြစ်နေမှာပဲလေ။ တစ်ယောက်နဲ့တစ်ယောက်မတူဘူးပေါ့။ ကိုယ်တွေကိုပုတ်ခတ်ရင် ကိုယ့်ထက်ပရိသတ်တွေကပိုပြီးကိုယ့်အစားနာပေးကြတယ်။ ရန်တွေဖြစ်ပေးကြတယ်။ အဓိကကတော့ကိုယ့်ပရိသတ်ကကိုယ့်ကို တန်ဖိုးထားပြီးကိုယ့်ကိုကာကွယ်ပေးနေတယ်။ ကိုယ့်ကို ချစ်ကြတယ်ဆိုတာတွေ့ရတဲ့အတွက်အဲ့ဒါကအမြတ်ပေါ့။ ပြန်တွေးကြည့်ရင်ပီတိဖြစ်တယ်။ ငါကံကောင်းလိုက်တာပေါ့။
-သီချင်းတွေထဲမှာ ကိုယ့်အကြောင်းကို တကူးတက ဖော်ပြခံရတဲ့အခါ ပိုပြီးနာမည်ကြီးသွားတယ်လို့ရောမခံစားမိဘူးလား။
ကိုယ့်အကြောင်းပြောတဲ့လူကတော့ကိုယ့်ကို စိတ်ဝင်စားတဲ့လူပေါ့။ ကိုယ်အောင်မြင်နေတယ်။ ကိုယ့်ကိုစိတ်ဝင်စားနေလို့တာအဲ့လို ပြောတာပေါ့နော်။ ကိုယ့်ကို စိတ်မ၀င်စားရင် အဲ့ဒီလိုပြောကြတော့မှာမဟုတ်ဘူးလေ။ ကစ်ကိုတစ်ယောက်ကပြောဖူးတယ်။ ကိုယ်အောင်မြင်နေသေးရင် နင့်ကိုလူတွေနင့်အကြောင်းပြောနေကြတယ်။ နင့်အကြောင်း ကိုစိတ်ဝင်စားနေကြသေးတယ်ဆိုရင် နင်အောင်မြင်နေသေးတယ်လို့ပဲမှတ်ပါတဲ့။ ကစ်အဲ့လိုပဲမှတ်ပါတယ်။
-အပြင်လူပုပ်ခတ်မှုနဲ့ အနုပညာရှင်အချင်းချင်းပုတ်ခတ်ခံရမှု မှာ ကစ်အတွက်ဘယ်လိုမျိုးများကွာခြားသွားမလဲ။
ကစ်ထင်တာတော့ ဒီအလုပ်လုပ်ပြီဆိုလို့ကတော့ အနုပညာသမားပုတ်ခတ်ခံရတာက ၇၀ ရာခိုင်နှုန်းလောက်က တော့ပိုပြီးပုတ်ခတ်ခံရတာပေါ့။ ဘာလို့လဲဆိုတော့ ဟုတ်တာတွေရောမဟုတ်တာတွေရောချဲ့ကားပြောခံရတာတွေရောအများကြီးပဲ။ ဒါပေမဲ့အဓိကကတော့ ကိုယ့်လိပ်ပြာကိုယ်လုံပြီး ကိုယ့်အလုပ်ကို ကိုယ်တန်ဖိုးထားပြီးကြိုးစားဖို့လိုတယ်။ ရိုးသားဖို့လိုတယ်။ ကိုယ့်အလုပ်ကိုတန်ဖိုးထားသစ္စာရှိဖို့လိုတယ်။ တချိန်ကျရင် အဲ့ဒီပုတ်ခတ်မှုတွေက ဘယ်သူမှားတယ်။ ဘယ်သူမှန်တယ်ဆိုတာ ပေါ်လာမှာပါ။ အဓိကကိုယ့်ဖက်က စိတ်ကောင်းထားပြီးကိုယ့်အလုပ်ကို ပုံမှန်လုပ်နေဖို့ပဲလိုပါတယ်။ အနုပညာသမားမှန်ရင် ပုတ်ခတ်ခံရမှာက တော့ ရှိမှာပဲ။ တိုက်ခိုက်တာလဲခံရမှာပဲ။ ညစ်ညမ်းစွာဆဲဆိုတာတွေလဲခံရမှာပဲ။ အခုခေတ်က ပိုဆိုးတယ်လေ။ အဓိက က အဲ့ဒီအပေါ်မှာ ခံစားချက်မရှိဖို့ပဲလိုပါတယ်။ အောင်မြင်လေ ပိုတိုက်ခိုက်ခံရလေပေါ့။ ကျန်တာကတော့ ကံတရားနဲ့သူ့စေတနာသူပြန်အကျိုးပေးသွားပါလိမ့်မယ်။
-စတက်ကတည်းက ၀တ်မှုန်ရွှေရည်က ကောလဟလ ထွက်ရင် နဲနဲများတယ်လို့ခံစားမိတယ်။ အဲ့ဒီလိုအခိုက်အတန့်မှာ ကိုယ့်စိတ်ကိုဘယ်လိုထိန်းချုပ်ဖြစ်လဲ။
မပြောတတ်ဘူး။ ကောလဟလနဲ့ပတ်သက်ပြီး ကစ်ထွေထွေထူးထူး ဖြေရှင်းခဲ့တာမရှိဘူး။ အရမ်းကြီးလဲ သိပ် feel မထည့်ထားဘူး။ အစတုန်းကတော့ စိတ်ဆိုးတာတို့၊ ခံစားရတာတို့ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ့ဟာနဲ့သူပြီးသွားလိမ့်မယ်။ မဟုတ်ဘူးဆိုတာ တစ်ချိန်ချိန်မှာပေါ်လာလိမ့်မယ်။ အမှန်တရားဆိုတာ ပေါ်လာဖို့အချိန်တစ်ခုပဲစောင့်ရတယ်လေ။
-ခုနောက်ပိုင်း ကစ်တင်တဲ့ status လေးတွေက အရင်ရည်းစားဟောင်းနဲ့ သွားတူတာလေးတွေတွေ့ရတယ်။ စိတ်ဝင်စားနေကြတဲ့ ပရိသတ်ကို ရော ဘယ်လိုပြောပြချင်လဲ။
တိုက်ဆိုင်သွားတာဖြစ်မှာပါ။ တခြားတော့ဘာမှမရှိပါဘူး။ ကိုယ့်အချစ်ရေးက ပရိသတ်တွေစိတ်ဝင်စားနေလို့လားတော့မသိဘူး။ ကိုယ့်ဟာကိုယ်တောင် စိတ်ဝင်စားစရာကောင်းလားမလားမသိတော့ပါဘူး။ မပြောတတ်ဘူး။ ကစ်ကတော့ ဒီအတိုင်းပါပဲ။
-သင်္ကြန်ကို ငပလီမှာ ကုန်ဆုံးခဲ့တဲ့ စိတ်ခံစားချက်ကရော ဘယ်လိုရှိလဲ။
တစ်နှစ်လုံး စိတ်ပင်ပန်းမှုတွေကို သင်္ကြန်မှာအနားယူတယ်။ သင်္ကြန်ကိုကစ်ဘယ်တော့မှအလုပ်မလုပ်ဘူး။ စိတ်လွတ်ကိုယ်လွတ်၊ စိတ်အပန်းဖြေချင်တာပေါ့။ ကစ်ကတော့ ခရီးတစ်ခုသွားလိုက်ရင် စိတ်ပြောင်းသွားတယ်။ ကိုယ်လုပ်နေတဲ့ နေရာကနေအသစ်တစ်ခုကိုပြောင်းရင် အသစ်ဖြစ်သလိုခံစားရလို့ခရီးထွက်လိုက်တာလဲပါတယ်။ ကစ်က beach ကိုလဲကြိုက်တယ်။ အစကတော့ နိုင်ငံခြားသွားမလို့ပါ။ ဒါပေမဲ့ သူငယ်ချင်းတွေကပြန်ရောက်လာတော့သူတို့ကို ပို့ပေးချင်တယ်။ ငပလီကိုလဲကြိုက်တာနဲ့သွားဖြစ်တာပါ။
မိဖုရား
Credit - Trend Myanmar
Rate this posting:
{[['
']]}
လူကြိုက်အများဆုံး သတင်းများ
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ယောက်ကျား တစ်ယောက် လိင်တံဟာ လိင် ဆက်ဆံဖို့အတွက် ဘယ်လောက် ရှိသင် ဘာလဲ။ ပြည်ပြည်စုံစုံ ပြောပြပေးပါ။ အမေးရှိလို့ ရေ...
-
စစခြင်းမှာတော့ သင်တို့ ဆက်ဆံရတာကို ရိုးသွားမှာ မဟုတ်ပါဘူး။ ပုံမှန် Position တွေနဲ့ ပုံမှန်ဆက်ဆံရုံနဲ့တင် အများကြီး လုံလောက်နေမှာပါ။ နှစ်တွေ ...
-
-
အမျိုးသမီးတစ်ယောက်ကို ဘာကတကယ် လိင်ပိုင်းဆိုင်ရာနိုးကြွစေလဲ ဆိုတဲ့ မေးခွန်းကို နောက်ဆုံးတော့ သုသေတီတွေက ဖြေကြားပေးလိုက်ပါပြီ။ လေ့လာမှုသစ်တစ်ရ...
-
အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ဘယ်သူတွေက ပိုပြီးတော့ ဖောက်ပြန်တတ်ကြပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက အဖြေရှာ ငြင်းခုံနေကြတာလည်း ကြာ...
-
တရုတ်အဖော်အချွတ်မယ် Zheng Ruixi ၏ အပြင်းစားဟော့ချက်ပုံများ (၁၈+)
-
ကျွန်မအသက် ၁၂နှစ်သမီးက လမ်းမကြီးဘေးနားမှာ သူငယ်ချင်းတွေနဲ့  ကစားနေတုံးပေါ့... အမေရယ် လာခေါ်တယ် ၊သမီးအလုပ်သွားရမတဲ့..၊ အမေလက်ဆွဲခေါ်တဲ့နောက်လို...
-
ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးနဲ့ လသာ (တရုတ်တန်း)တစ်ခွင်မှာ ကျင်လည် ကျက်စားနေတဲ့ နှင်းဆီ လေး(အမည်လွှဲ)ကတော့ သူမရဲ့အတွေ့အကြုံကို ...
-
သင်က ကြံ့ခိုင်သန်မာသူတစ်ယောက် ဖြစ်တယ်ဆိုပါစို့။ ကောင်မလေးနဲ့ ချစ်တင်းနှောတဲ့အခါမှာ သူမကြိုက်မယ်လို့ ယူဆရတဲ့ ခပ်ပြင်းပြင်းနဲ့ မြန်မြန်လုပ်ပေး...
-
အခု ရက်ပိုင်းအတွင်း Facebook ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စာရေးဆရာမ ရွှေရေးထင်ထင်ရဲ့ ဓာတ်ပုံနဲ့အတူ ထင်မြင်ဝေဖန်ပြောဆိုမှုကို ရေးသားပြီး S...