Cpx24.com CPM Program
Home » » မြန်မာဆရာဝန် ၊ ရင်သားကိုင်လို့ ထောင်ဒဏ် ၁၈ လ ကျ

မြန်မာဆရာဝန် ၊ ရင်သားကိုင်လို့ ထောင်ဒဏ် ၁၈ လ ကျ

အင်္ဂလန်မှာ ၁၂ နှစ်ကြာ ဆရာဝန် အဖြစ်လုပ်ကိုင်နေတဲ့ မြန်မာလူမျိုး ဒေါက်တာ အံ့ထွန်းမောင် ဟာ ထောင်ဒဏ် ၁၈ လချမှတ်ခံရပါတယ် ။
သူဟာ အသက် ၄၃ နှစ်အရွယ် ကလေးတယောက် ဖခင် အိမ်ထောင်ရှင် တဦးဖြစ်ပါတယ် ။
သူ့ဆေးခန်းကိုလာပြတဲ့ လူနာ ကောင်မလေးရဲ့ ရင်သားကို မဖွယ်မရာ ကိုင်တွယ်မှုနဲ့ 2012 ခုနှစ်မှာ တရားစွဲခံရခြင်း ဖြစ်ပါတယ် ။
သူဟာ အခိုက်အတန့် ဖြစ်လာတဲ့ ရူးသွပ်မှုကို မထိမ်းချုပ်နိုင်ခဲ့ဘူးလို့ သူ့ရဲ့ ရှေ.နေက လျှောက်လဲခဲ့ပါတယ် ။
ကောင်မလေးက ရင်ဘတ်အောင့်လို့ ဆေးခန်းလာပြတာကို ဒေါက်တာက သူမရဲ့ ဘရာကို ချွတ်ခိုင်းပြီး ရင်သားညှစ်ခြင်း ၊ ခွက်နဲ့ကပ် စစ်ဆေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ် ။

ဒီလိုလုပ်ခံရပြီးတော့ ကောင်မလေးက သူ့သူငယ်ချင်းကို သူဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်လို့ မက်ဆေ့ပို့ခဲ့ပါတယ် ။
နောက်လ အတန်ကြာတဲ့ အချိန်မှာ အခြားဒေါက်တာ တယောက်နဲ့ စစ်ဆေးစဉ်မှာ သူမဟာ ပထမ အဖြစ်ဆိုးကြောင့် ကြောက်လန့်နေခဲ့တယ်လို့ တရားရုံး အစီရင်ခံစာက ဆိုပါတယ် ။

ဒေါက်တာ အံ့ထွန်းမောင်ဟာ အင်္ဂလန်ကို 2000 ခုနှစ်မှာ ပြောင်းရွေ.လာခဲ့ပြီး ထိုစဉ်ကတည်းက ဆရာဝန် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၊ မည့်သည့် ပုဂ္ဂိုလ်ရေး မှားယွင်းမှု မရှိခဲ့ဘူးလို့ ဆိုပါတယ် ။ အခုတော့ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ် ၁၈ လချမှတ်လိုက်ပါပြီ ။

ရဲသူရိန်မင်း

မူရင်း သတင်းလင့်ခ်
http://www.dailymail.co.uk/news/article-3044811/Married-locum-GP-fondled-teenager-s-breasts-moment-madness-came-chest-pains-jailed.html


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ