Cpx24.com CPM Program
Home » » မနှစ်က ခံဝန်ထိုးခံထားရသည့် ထိုင်းအကမယ်များနှင့်ပင် သည်နှစ်သင်္ကြန်ကို ခံဝန်ထပ်ထိုးပြီးGrand Royal ဖျော်ဖြေဦးမည်ဟု ဂျွန်လွင် ဆို

မနှစ်က ခံဝန်ထိုးခံထားရသည့် ထိုင်းအကမယ်များနှင့်ပင် သည်နှစ်သင်္ကြန်ကို ခံဝန်ထပ်ထိုးပြီးGrand Royal ဖျော်ဖြေဦးမည်ဟု ဂျွန်လွင် ဆို

Grand Royal မှ သင်္ကြန်တွင်း စီစဉ်ကျင်းပမည့် Iron Cross Show နှင့် Signature Blue Zone Water Festival 2015 တွင် ပညာပေး အကများဖြင့် သာ ဖျော်ဖြေသွားမည်ဟု Star Event Production မှ မန်းနေးဂျင်း ဒါရိုက်တာ ကိုဂျွန်လွင်က ပြောကြားသည်။

“ဒီနှစ်သင်္ကြန်မှာ မနှစ်က ဝေဖန်ခံခဲ့ရတဲ့ ထိုင်းအကမယ်တွေ ကို ပြန်ဖိတ်ခေါ်သွားဖို့ ရှိတယ်။ လူတွေ ဝေဖန်သ လိုလည်း မဟုတ်ဘူး။ မယုံရင် လာကြည့်ပါ။ ဒီနှစ်အကမယ်တွေအတွက် ၀တ်စုံတွေကို ခြေဖျား က ခေါင်းဆုံး အထိ တာဝန်ယူမယ်။ မျက်နှာနဲ့ခေါင်းပဲ ကြည့်ရမှာပါ။ မနှစ်ကလည်း ဘောင်းဘီက ပေါင်တစ်ဝက်လောက် အထိ ပါပါတယ်။ ရေစိုလို့ အပေါ်လိပ်တက်သွားတာ ကို အောက်ခံဘောင်းဘီနဲ့ ကတယ်လို့ ဝေဖန်ခံရတာပါ။ ပညာအသားပေးကပြီး တင်ဆက်တာမျိုးပဲလုပ်မယ်” ဟု ၎င်းကပြောသည်။

ကန်တော်ကြီးမျှော်စင်ကျွန်းတွင် ကျင်းပသည့် Grand Royal 2014 Water Festival ပွဲတော်တွင် အောက်ခံ ဘောင်းဘီပုံစံဖြင့်သာ ထိုင်းအကမယ်များ ကပြဖျော်ဖြေခဲ့ပြီး အဆိုပါ အကမယ်များမှာ လိင်တူချစ်သူချင်း စိတ်ဝင်စားသူများ ဟု ဝေဖန်ခံခဲ့ရပြီး ထိုဝတ်စားဆင်ယင် ဖျော်ဖြေမှု များကြောင့် ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ က အမည်ပျက်စာရင်း သွင်းခဲ့ရသည်။

“၂၀၁၄ ခုနှစ်သင်္ကြန်ရဲ့ ၀တ်စားဆင်ယင်မှုကြောင့် အမည်ပျက်စာရင်း အသွင်းခံရတယ်လို့ ပြောကြပေမယ့် ဒီနှစ်အတွက်ကတော့ ကျွန်တော်တို့ဘက်ကလည်း ဒါမျိုးမဖြစ်စေရဘူးဆိုတဲ့ ခံဝန်နဲ့ ၂၀၁၅ ခုနှစ်ပွဲကို ကျင်းပ တာပါ။ ၀တ်စားဆင်ယင်မှု မရိုင်းအောင်လည်း စီစဉ်သွားမှာပါ” ဟု Star Event Production မှ ဂျွန်လွင်က ဆို သည်။

ရန်ကုန်တိုင်းဒေသ ကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက Grand Royal မဏ္ဍပ်ကို အမည် ပျက်သွင်းထားပြီး နောင်နှစ်များ တွင် ရှိုးပွဲနှင့်မဏ္ဍပ်ဆောက်လုပ် ခွင့်များ ခွင့်ပြုတော့မည်မဟုတ်ကြောင်း ယမန်နှစ်ကပြောကြားခဲ့သည်။

သို့သော် ပြီးခဲ့သည့်နှစ်က အမည် ပျက်စာရင်း သွင်းခြင်းခံခဲ့ရသော Grand Royal မဏ္ဍပ်က ယခုနှစ်တွင် လုံခြုံစွာဝတ်ဆင်သော မော်ဒယ်များဖြင့် ကပြဖျော်ဖြေ မည်ဆိုသည့် အချက် ထည့်သွင်း၍ ခွင့်ပြုချက်တောင်းခံခဲ့သဖြင့် ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

မိဖုရား
Credit : The Ladies News Journal


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ