Cpx24.com CPM Program
Home » , , » အချုပ်ခန်းအတွင်း၌ ချုပ်နှောင်ခံထားရသည့် အမျိုးသမီးတစ်ဦးအား ရဲတပ်ကြပ်ကြီးတစ်ဦးမှ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်

အချုပ်ခန်းအတွင်း၌ ချုပ်နှောင်ခံထားရသည့် အမျိုးသမီးတစ်ဦးအား ရဲတပ်ကြပ်ကြီးတစ်ဦးမှ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဆန့်ဆည်မြို့၊ တန့်ဆည်မြို့မရဲစခန်း၏ အချုပ်ခန်းအတွင်း၌ ချုပ်နှောင်ခြင်း ခံထားရသည့် အမျိုးသမီးတစ်ဦးအား ရဲတပ်ကြပ်ကြီးတစ်ဦးမှ အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ သည်ဟုဆိုကာ စွပ်စွဲခံရသူ ရဲတပ်ကြပ်ကြီးအား ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က အမှုဖွင့် အရေးယူလိုက်ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုအား တန့်ဆည်မြို့မရဲစခန်းမှူး ဒုရဲမှူး စိန်ဝင်းမှ အမှုကြီးဖြစ်စဉ်အမှတ် ၈/၂၀၁၄(ပ) ၉၉/၂၀၁၄ ပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ထားခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ တန့်ဆည်မြို့နယ်၊ အောင်စွာကျေးရွာအုပ်စု၊ မူးကျင်းစုကျေးရွာနေ အသက်(၂၅)နှစ် အရွယ်ရှိအမျိုးသ မီးတစ်ဦးသည် အက်စစ်ရည်များဖြင့် အခြားအမျိုးသမီးတစ်ဦးအား ပက်ခဲ့သည့်အမှုဖြင့် တန့်ဆည်မြို့မရဲစခန်း၏ အချုပ်ခန်းတွင် ချုပ်နှောင်ခြင်းခံထားရသည်။ ထိုသို့ ချုပ်နှောင်ခြင်းခံထားရသည့် သူမအား ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်က အဆိုပါ ရဲစခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ကြပ်ကြီး နောင် နောင်မျိုး ဆိုသူက သူမအိပ်ပျော်နေစဉ် အချုပ်ခန်းအတွင်းသို့ ၀င်ရောက်၍ အလိုမတူဘဲ သားမယားအဖြစ်ပြု ကျင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ၎င်း ရဲတပ်ကြပ်ကြီးနှင့်ရရှိသော ကိုယ်ဝန်မှာ ခြောက်လခန့်ရှိနေပြီး ဟု သူမက သူမ၏ ဖခင်ဖြစ်သူအား ဖွင့်ဟပြောဆိုခဲ့ရာမှ သူမ၏ ဖခင်က အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရဲစခန်း၏ ပထမသတင်းပေးတိုင်တန်းချက်ပေါ်တွင် ထိုကဲသို့ မှတ်တမ်းတင် ထားကြောင်း အမည်မဖော် လိုသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။

“ မအော်နဲ့..အော်ရင်သတ်ပစ်မယ်..၊ ဘယ်သူ့မှ မပြောရန်နှင့် အက်စစ်နဲ့ ပက်သည့်အမှုထက် ပိုဆိုးမည်..” ဟု အဆိုပါ ရဲတပ်ကြပ်ကြီးမှ သူမအား အဓမ္မပြုကျင့်နေစဉ် ထိုကဲသို့ ခြိမ်းခြောက်စကားများလည် ပြောဆိုခဲ့သေး သည်ဟု ၎င်း တိုင်တန်းချက်ပေါ်တွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းအချုပ်ခန်းများတွင် ချုပ်နှောင်ခြင်းခံထားရသူများအား လူအခွင့်အရေး ဆိုင်ရာ အခ်ွင့်အလမ်းများ ဆုံးရှုံးနစ်နာခြင်းမရှိစေရန် တိုင်းဒေသကြီး တရားလွှတ်တော်၏ ညွှန်ကြားချက်များအ ရ ရဲစခန်းအချုပ်ခန်းများကို သက်ဆိုင်ရာ တရားလွှတ်တော်အဖွဲ့မှ မကြာခဏ ၀င်ရောက်စစ်ဆေးလျက်ရှိသည့် ကာလတွင် ၎င်းဖြစ်စဉ်ပေါ်ပေါက်ခဲ့ရသည်ဟု အစိုးရအဖွဲ့ သတင်းရပ်ကွက်မှ သိရသည်​။

မိဖုရား
Credit-pyarnews


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ