Cpx24.com CPM Program
Home » , » ငရဲကိုပုံဖော်ပြတဲ့ ချင်းမိုင်မြို့က ထိုင်းဘုန်းတော်ကြီးတပါး

ငရဲကိုပုံဖော်ပြတဲ့ ချင်းမိုင်မြို့က ထိုင်းဘုန်းတော်ကြီးတပါး


ငှက်များရဲ့တွန်ကျူးသံများနှင့် ပုစဉ်းရင်ကွဲသံတစီစီတို့ကြားတွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဘုန်းတော်ကြီးကျောင်းရဲ့ ဘုရားရင်ပြင်တော်ပေါ်မှာ စာချဘုန်းတော်ကြီးတပါးဖြစ်တဲ့ ကျောင်းထိုင် ဆရာတော်ဟာ ဘုရားရင်ပြင်တော်တွင် လမ်းလျှောက်လျက်ရှိနေပါတယ်။ ဘုန်းတော်ကြီးမှာ သိပ်မကြာမီကပင် ကလေးငယ်များအား စာချခဲ့ပြီးဖြစ်ပါတယ်။ ဘုန်းကြီးများရဲ့ အအုပ်အကဲအဖြစ် သာသနာ့တာဝန်ကို ထမ်းဆောင်နေသော ကျောင်းထိုင်ဘုန်းတော်ကြီးမှာ စာချခဲ့ပြီးသည့်နောက် နှလုံးစိတ်ဝမ်း အေးချမ်း လျက်ရှိပါတယ်။ ဘုန်းတော်ကြီးသတင်းသုံးရာ ဒီကျောင်းတော်ဟာ ထိုင်းနိုင်ငံရှိ အခြားသော ဘုန်းကြီးကျောင်းများကဲ့သို့ပင် ရွှေဝါရောင်တ၀င်းဝင်းဖြစ်နေသည့်အပြင် နံရံရှိ ကနုတ်ပန်းများမှာလည်း ကြွတက်လျက် သပ္ပါယ်လွန်းလှပါတယ်။

သို့သော် ဒီဘုန်းတော်ကြီးကျောင်းရဲ့ ပန်းဥယျာဉ်ထဲမှာတော့ ကျောင်းထိုင်ဆရာတော်ရဲ့ အိပ်မက်ဆိုးပုံ      ရိပ်တွေကို ထုဆစ်ပုံဖော်ထားတဲ့ ကြောက်မက်ဖွယ် ရုပ်တုများကို တွေ့ရမှာ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်နေသည့်ပုံများ၊ ညင်းဆဲသတ်ဖြတ်နေပုံများ မကောင်းဆိုးဝါးတကောင်မှ အမျိုးသမီးတဦးအား သတ်ဖြတ်စားသောက်နေသည့်ရုပ်တုများ၊ ကလေးများ ငါးမျှားချိတ်များဖြင့် ထိုးဆွသတ်ဖြတ်ခံနေရပုံများကို ကျောက်ရုပ်များ     အဖြစ် ပုံဖော်ထားပါတယ်။

မဲခက်နွိုင် ဘုန်းတော်ကြီးကျောင်းအား တည်ထားပြီးစီးရန် အချိန် (၅)နှစ်ကြာ ယူခဲ့ရသော်လည်း ဒီကျောင်းတော်မှာ ငရဲကိုပုံဖော်ပြသည့် ထိုင်းနိုင်ငံရဲ့ တစ်ခုတည်းသော ဘုန်းတော်ကြီးကျောင်းဖြစ်ရုံမက စက်ဆုတ်ရွံရှာဖွယ်ကောင်းသော အကြောင်းအရာများကို ဖော်ပြသတိပေးထားသော နေရာတစ်နေရာ လည်း ဖြစ်ပါတယ်။ သန့်ရှင်းစင်ကြယ်သော ဘုန်းတော် သို့မဟုတ် ဆာအက်ဟု  လူသိများသော သက်တော် (၅၃)နှစ်ရှိ အရှင် ဖရာ့ ခရူ ဗီရှန်ဂျလီကွန်းက “ဘုန်းဘုန်း အိပ်လို့မရတာ ကြာပါပြီ။ ဒီအိပ်မက်ဆိုးတွေကို ခဏခဏမက်တယ်။ နိုးတ၀က်ဖြစ်နေချိန်တွေမှာဆို မိုးကြိုးပစ်သလို ခံစားရပြီး နောက်တော့ နောက်ကမ္ဘာတစ်ခုဖြစ်တဲ့ ငရဲဆိုတာကို မြင်ရပါတော့တယ်” လို့  မိန့်ပါတယ်။

ဒီဥယျာဉ်တော်ဟာ ချင်းမိုင်မြို့မြောက်ဘက် (၁၇) မိုင်အကွာမှာ တည်ရှိတာဖြစ်ပြီး အထူးသဖြင့် ငရဲအကြောင်းကို သိမြင်လာအောင်သင်ပြနိုင်သော နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ထိုင်းအစိုးရ စာသင်ကျောင်းများတွင် ဗုဒ္ဓတရားတော်များကို သင်ကြားခြင်း၌ ငရဲအကြောင်းကို သင်ကြားပေးလျက် ရှိပါတယ်။ သို့သော် ထို့သို့သင်ကြားပေးရာတွင် ဖိတ်ခေါ်ထားသော ဆရာတော်များမှ တရားဒေသနာ ဟောကြားတော်မူသော စနစ်ဖြင့် ဖြစ်ပြီး အရည်အသွေးကောင်းမွန်ခြင်းမရှိသည့် ရုပ်ပုံကားချပ်များဖြင့်သာ ငရဲအကြောင်းကိုသင်        ကြားလေ့ရှိပါတယ်။ သို့သော်လည်း ဆာအက်ဘုန်းတော်ကြီးရဲ့ ဥယျာဉ်တော်မှာ ငရဲအကြောင်းအား       မျက်ဝါးထင်ထင် မြင်တွေ့သင်ယူရန် ရှားပါးနေရာတစ်နေရာလည်း ဖြစ်ပါတယ်။

ဆရာတော်ဟာ အိမ်မက်ဆိုးများကို လွန်ခဲ့တဲ့(၂၅)နှစ်ခန့်က စတင် မြင်မက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အိပ်မက်ထဲမှာတော့ ဆရာတော်ဟာ အလွန်မှောင်မိုက်ပြီး အထီးကျန်ဆန်၊ ပူလောင်အိုက်စပ်လှတဲ့ မြို့တော်တစ်ခုအတွင်း လှည့်လည်လို့ သွားနေခဲ့ရတာ ဖြစ်ပါတယ်။ “အဲဒီအချိန်မှာ အနီရောင်ရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာ ချဉ်းကပ်လာတယ်။ သူစကားပြောတိုင်း ပထ၀ီမြေကြီးတွေ တုန်လှုပ်ကုန်တယ်။ လူ့လောကကို    ပြန်ရောက်တဲ့အခါ အခုမြင်တွေ့နေရတဲ့ မြို့တော်နဲ့တူတဲ့ နေရာတစ်ခုကို တည်ဆောက်ဖို့မှာတယ်” လို့   ဘုန်းဘုန်းက မိန့်ပါတယ်။ 

စေတီတော်တည်ထားတဲ့ ဥယျာဉ်မြေမှာ ၀ိညာဉ်လောကနဲ့ လူ့လောက နှစ်ခုစလုံးကို ဖော်ပြထားတဲ့ ရုပ်တုများကို တွေ့ရမှာပါ။ အဲဒီရုပ်တုများထဲမှာ တစ်ရုပ်ဟာ လူတစ်ယောက် ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေပြီး    မျက်လုံးများပြူးထွက်နေတဲ့ ပုံကို ဖော်ပြထားပါတယ်။ အဲဒီရုပ်တုကို အ၀တ်မပါတဲ့ အမျိုးသမီးငါးဦးပုံဆောင်တဲ့ ရုပ်တု ငါးရုပ်က ၀န်းရံထားပြီး လဲလျောင်းနေတဲ့ လူရဲ့ ပါးစပ်ထဲကို ငှက်ပျောသီးတစ်လုံးကို ထိုးသွင်းနေပုံနဲ့ အမျိုးသားလိင်တံရုပ်တုကို ၄င်းရဲ့စအိုထဲကို ထိုးသွင်းနေပုံများကို ထုလုပ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆရာတော်ကြီးက အဲဒီရုပ်တုတွေကို မနှစ်မြို့ဟန်နဲ့ ရှုရင်း “ဒီရုပ်ထုတွေဟာ လိင်စိတ်ကျူးလွန်ပုံတွေကို ဖော်ပြနေတာပဲ မဟုတ်လား။ ဒါကြောင့် ကာမတဏှာထဲမှာ မနစ်မွန်းကြပါနဲ့” လို့ ခေါင်းတငြိမ့်ငြိမ့်နဲ့ မိန့်တော်မူပါတယ်။ အဲဒီရုပ်တုများနဲ့ အနည်းငယ် ကွာဝေးတဲ့ နေရာမှာတော့ မကောင်းဆိုးဝါးတစ်ကောင်ကနေ အပူလောင်နေတဲ့ အမျိုးသမီးအမျိုးသားများကို အဓမ္မကျင့်နေတဲ့ပုံ၊ ဆူးချွန်တွေ ပုဆိန်တွေနဲ့ နှိပ်စက်နေတဲ့ ရုပ်တုပုံများကို တွေ့ရမှာဖြစ်ပါတယ်။

ရိုးရာဓလေ့အားလုံးနီးပါးမှာ ငရဲကိုပုံဖော်ပြထားတဲ့ အကြောင်းအရာတွေရှိမှာပဲ ဖြစ်ပါတယ်။ ဟေးဒီးရဲ့အမှောင်လောကကဲ့သို့သော ရှေးခေတ် ဂရိပုံပြင်မှသည် ဒန်တီးရဲ့ အင်ဖရာနိုအထိ ငရဲကို ဖော်ပြထားတဲ့ ဇာတ်လမ်းပုံပြင်တွေ ရှိကြပါတယ်

Credit-pyarnews
မိဖုရား


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ