Cpx24.com CPM Program
Home » , , , » ခင်မင်မှုကြောင့် သရုပ်ဆောင်ဖြစ်သွားတဲ့ ယိင်းယိင်း

ခင်မင်မှုကြောင့် သရုပ်ဆောင်ဖြစ်သွားတဲ့ ယိင်းယိင်း

အနုပညာကို ဝါသနာပါသော်လည်း ပရော်ဖက်ရှင်နယ်အဖြစ် လုပ်သွားရန် အစီအစဉ်မရှိ ကြောင်း နန္ဒစိုင်း၏အမ်တီဗီတွင် ပါဝင်သရုပ်ဆောင်ပေးထားသည့် စိုင်းစိုင်းခမ်းလှိုင်၏ညီမ ယိင်းယိင်းကပြောသည်။

‘‘ကိုနန္ဒစိုင်းက အစ်ကိုလိုပဲဆိုတော့ သူ့အခွေအတွက် အမှတ်တရလည်းဖြစ်အောင် ကူညီတဲ့အနေနဲ့ သရုပ်ဆောင်ပေးတာပါ’’ ဟု ၎င်းကပြော သည်။ ယိင်းယိင်းက မကြာမီထွက်ရှိတော့မည့် နန္ဒစိုင်း၏‘တိုင်တည်တေး’ဒီဗီဒီတွင် သီချင်းတစ်ပုဒ် ပါဝင်သရုပ်ဆောင်ပေးထားခြင်းဖြစ်သည်။

‘‘ကျောင်းတော်ကချစ်သူ’ ဆိုတဲ့သီချင်းလေးမှာ သရုပ်ဆောင်ထားတယ်။ အမျိုးသားမော်ဒယ်ကလည်း သူငယ်ချင်းပဲ။ ဒါရိုက်တာကလည်း သူငယ်ချင်းတွေပဲ။ အဲဒါကို စင်ကာပူကကျောင်းမှာ ရိုက်ထားတယ်’’ဟု ၎င်းကပြောသည်။

၎င်း၏အစ်ကို    စိုင်းစိုင်းခမ်းလှိုင်ကဲ့သို့ အနုပညာကိုဝါသနာပါသောကြောင့် အနုပညာလှုပ်ရှားမှုများပြုလုပ်ချင်သော်လည်း အသက်မွေးဝမ်းကျောင်းအနေဖြင့် ပြုလုပ်ဖြစ်မည်မဟုတ်ဟု ဆိုသည်။

‘‘ညီမကဆရာဝန်ပါ။ လောလောဆယ်တော့ သြစတြေးလျ တက္ကသိုလ်တစ်ခုမှာ သုတေသနတစ်ခုလုပ်နေပါတယ်’’ဟု ယိင်းယိင်းကပြော သည်။

မိဖုရား
Credit- 7Days Daily News


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ