Cpx24.com CPM Program

အချိန်မှန်မှန် အိပ်စက်နိုင်မယ့်နည်းလမ်းနဲ့ အကျိုးကျေးဇူးများ

ကျန်းမာစွာ နေထိုင်ခြင်းအတွက် အဓိကသော့ချက်ဟာ အိပ်စက်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့ဟာ လုံလောက်စွာ အိပ်မပျော်ကြသလို တစ်ချို့ကလည်း လိုတာထပ်ပိုပြီး အိပ်စက်ကြပါတယ်။ မအိပ်ရင်လည်း မကောင်းသလို အိပ်လွန်းပြန်ရင်လည်း မကောင်းပါဘူး။ ဒါကြောင့် အချိန်မှန်မှန်အိပ်စက်နိုင်မယ့် နည်းလမ်းနဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
နေ့ခင်းဘက် အိပ်စက်လေ့ရှိခြင်းဟာ ညဘက်လည်း အိပ်ပျော်စေနိုင်ပါတယ်

နေ့ခင်းဘက်တွေမှာ ခဏတစ်ဖြုတ် လဲလျောင်း အိပ်စက်ခြင်းဟာ သင့်ရဲ့ ညဘက်အိပ်စက်ခြင်းကို ပိုမို ကောင်းမွန် လာ စေပါတယ်။ ထိုသို့ နေ့ခင်းဘက်တွေမှာ အိပ်စက်ခြင်းအားဖြင့် သင့်ကို ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ အနားယူခြင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိစေနိုင်တဲ့အတွက် အချိန်တိုအတွင်း အိပ်ပျော်သွားစေနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

အားကစားပြုလုပ်ခြင်း

အားကစားပြုလုပ်ခြင်းဟာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းအတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း အိပ်ချိန်နီးမှ အားကစား လုပ်ခြင်းကတော့ အထောက်အပံ့ မဖြစ်စေနိုင်တဲ့အပြင် ကျန်းမာရေးကို လည်း ထိခိုက်နိုင်ပါတယ်။

အရက်သောက်ခြင်း

အရက်သောက်ပြီး အိပ်စက်ခြင်းဟာ ကောင်းသလိုနဲ့ မကောင်းတဲ့ အရာပါ။ အရက်သောက်ပြီး အိပ်စက်ပါက သင်ဟာ ချက်ခြင်း အိပ်ပျော်သွားနိုင်ပြီး မကြခင်မှာပဲ ပြန်နိုးလာမှာပါ။ အိပ်ရေးပျက်ခြင်းကို ဖြစ်ပေါ်စေနိုင်သလို သင်ဟာ ရေဓါတ် ခမ်းခြောက်စွာ နိုးထလာမှာဖြစ်ပါတယ်။

အနည်းဆုံး ၈ နာရီ အိပ်ပါ

အခြေခံအားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီ ကြာ အိပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်တော့မတူနိုင်ပါဘူး။ တစ်ချို့ကတစ်နေ့ကို ၆ နာရီ အိပ်ရုံနဲ့ အိပ်ရေးဝကြပေမယ့် တစ်ချို့ ၇ နာရီ အိပ်မှ အိပ်ရေးဝကြပါတယ်။ ပျမ်းမျှအိပ်ချိန်ကတော့ တစ်နေ့ကို ၈ နာရီဖြစ်ပါတယ်။

အိပ်ချိန်မလွန်ပါစေနဲ့

လူတစ်ယောက်ဟာ တစ်နေ့ကို ၁၀ နာရီကြာအောင် အိပ်စက်ခြင်းဟာလည်း ၆ နာရီ ပြည့်အောင်မအိပ်သလိုပဲ ကျန်းမာရေး ထိခိုက်မှုတွေရှိနိုင်ပါတယ်။ အချိန်ကြာကြာအိပ်ခြင်းဖြင့် Blood Sugar ပမာဏ မြင့်မားလာကာ နှလုံးရောဂါအထိ ဖြစ်ပွားနိုင်ပါတယ်။

မိဖုရား -  http://mibayar.blogspot.com 
Credit : Trend Myanmar


Rate this posting:
{[['']]}
Read 251 times

လူထောင်နှင့်ချီ ၀ိုင်းအုံကြည့်ကာ အုတ်အော်သောင်းနင်းဖြစ်သွားသည့် အိမ်ထောင်ရေးဖောက်ပြန်နေသည့် စုံတွဲ၏ ထူးထူး ဆန်းဆန်းဖြစ်ရပ်

တောင်အာဖရိကနိုင်ငံ ဂျိုဟန် နစ္စဘတ်မြို့ တွင်ဖောက်ပြန်သည့် အိမ်ထောင်ရှင်  အမျိုးသမီး တစ်ဦးနှင့် လင်ငယ်ဖြစ် သူတို့ တိတ်တိတ် ပုန်းပျော်ပါး ကြစဉ်  ရှက်စဖွယ် ထူး ထူးဆန်းဆန်း အဖြစ် ကြုံတွေ့ပေါ်ပေါက်၍ လူအများဝိုင်း အုံမှုဖြစ်ရာ ရဲများ ပင်ရောက် လာခဲ့ရပြီး အုတ်အော်သောင်း နင်းဖြစ်နေသည့် လူများကို ရှင်းထုတ်၍ မရအောင်ဖြစ် ခဲ့ရသည်။



ဖြစ်စဉ်မှာ အသက် ၃၄နှစ်ရှိ  သစ္စာမဲ့သည့်  အိမ်ထောင် သည်ဇနီးသည် ဆာရှာငါမာက ခင်ပွန်းဖြစ်သူ အလုပ်သွားချိန်တွင် သူ့၏ တိတ်တိတ်ပုန်း လင်ငယ်အသက် ၂၂နှစ်ရှိ ကိုဘိုဇာကိုခေါ်ယူ ၍ပျော်ပါးကြသည်။ ထိုသို့ပျော်ပါးနေရာမှ ၄င်းတို့စုံတွဲမှာတစ်ဦးနှင့် တစ်ဦးခွာမရတော့ ဘဲဖြစ်နေသည်။ လုံးလုံးခွာမရပြုမ ရဖြစ်နေ၍  ဆာရှာက ပတ်ဝန်း ကျင်ကိုအကူအ ညီတောင်းရတော့သည်။ ထိုသတင်းကတစ်ဖြည်းဖြည်း ပျံ့နှံ့သွားရာ ဆာရှာ တို့တွေ့ ဆုံပျော်ပါးနေသည့် အိမ်ပတ်ပတ်လည် တွင်လူများ အုံခဲရောက် ရှိလာ ကြခြင်းဖြစ်သည်။
         
ထိုသို့ဖြစ် ရခြင်းသည် ဇနီးအပေါ်သံသယ၀င်နေသည့် ဆာရှာ၏ ခင်ပွန်းဖြစ်သူ ကအောက်လမ်းဆရာထံသွား ၍ပြုစားခိုင်း ထားခြင်းကြောင့်ဖြစ်သည် ဟုကောလ ဟလများ ကတ မဟုတ်ချင်း လူအများကြား ပျံ့နှံ့သွားခဲ့သည်။

ဆေးပညာ အသိုင်းအ၀န်း ဖက်က ပညာရှင်များကမူ မိန်းမကိုယ် တွင်ယောက်ကျား တန်ဆာ ပိတ်ကျပ်မှုဖြစ် သွားစေသည့် အကြောင်းတစ်ရပ်ကြောင့် ယင်းသို့ဖြစ်ရသည် ဟုပြောသော် လည်းအောက် လမ်းဆရာပြု စားခံရ၍ ဆိုသည့်ကောလဟလ များကို ရပ်တန့်သွားအောင် မလုပ်နိုင်ပေ။
        
အိမ်ပတ်ပတ်လည် လမ်းပေါ် အနှံ့ရောက် ရှိနေသည့် လူများမှာ ၂၀၀၀ကျော် ခန့်ရှိသွား ခဲ့သည်။ ရဲများက ယင်းလူ အုပ်ကြီးကို လူစုခွဲရန် ငရုတ် ရည်ဖျန်း ကာပင် လူစုခွဲခဲ့ပြီး ဆာရှာတို့စုံတွဲ၏ ထပ်လျက်ကိုယ်ခန္ဓာနှစ်ခုကို အရေးပေါ်ကားပေါ် တင်၍ဆေး ရုံသို့ တင်ပို့ခဲ့ ရခြင်းဖြစ်သည်။
        
" ပထမ အသံတွေ ကြားတုန်းက သူတို့နှစ်ယောက်ရဲ့  ဆန္ဒအ ရပေါ်တဲ့ အသံလို့ ပဲထင်ခဲ့ တာ။နောက်တော့ ကူညီတောင်း ခံအော်ဟစ်နေ တယ်ဆိုတာ သိရတယ်။ သွား ကြည့်တော့မှ ခုလိုဖြစ်နေတာကို တွေ့ရတာပါပဲ။"ဟု အိမ်နီး ချင်းဖြစ်သူ ကပြော သည်။
        
အောက်လမ်း  နည်းကြောင့်  ယင်းကဲ့သို့  အဖြစ်မျိုး  ကြုံရသည်ကို  ကြားဖူးရုံ  ကြားဖူးပြီး  မျက်မြင်  တစ်ခါမှ  မတွေ့ဘူး၍ လာရောက်တွေ့ ချင်မြင်ချင် စပ်စုလျက် ရှိသည့် လူအုပ်ကြီးကို မနည်းလူစုခွဲခဲ့ရသည်။ ၄င်းတို့က ထိုသို့လူစု ခွဲခံရစဉ် ဆာရှာ တို့နှစ်ဦးဖြစ်နေပုံ ကိုတွေ့လိုကြသည် ဟုအော်ဟစ်တောင်း ဆိုနေကြ၍ ငရုတ်ရည်ဖျန်းကာ လူ စုခွဲပစ်ခဲ့ ရခြင်းဖြစ်သည်။
       
အဆိုပါဖြစ်ရပ်သည် အလွန် ရှားတောင့်ရှား ခဲဖြစ် ရပ်ဖြစ်ကြောင်း၊ မမျှော်လင့် သည့်ဖြစ် ရပ်ကြောင့် ထိုသို့ ပိတ်ကျပ် သွားရ သည့်ဖြစ် စဉ်ပေါ်ပေါက်ခြင်းဖြစ်ကြောင်း ဆရာ ၀န်များ ကပြောသော်လည်း ရပ်ရွာတွင်း ရှိမှော်အောက်လမ်း  ပညာလိုက်စား သူ ဆန်ဂိုမာမတ်တာဘိုက "သူတို့နှစ်ဦးကို  ဆာရှာရဲ့ယောက်ကျားဖြစ်သူ မပြန်လာ မချင်း ဘယ်လိုမှ ခွာပစ်လို့ ရမှာမဟုတ် ဘူး။လင်ယောက်ကျားဖြစ်သူ ပြန်ရောက်လာပြီး လက်ပူးလက်ကြပ်တွေ့မိတဲ့အချိန်ထိဒီလိုပဲ ရှိနေ သွားအောင်အောက်လမ်း နည်းနဲ့ ကျိန် စာတိုက် ထားတာဖြစ်တယ်။" ဟုပြောသည်။
         
ထိုသို့အဖြစ်အပျက်မျိုးသည် ပြီးခဲ့ သည့်နှစ်အောက်တိုဘာလ အတွင်းက အီတလီနိုင်ငံတွင် လည်းဖြစ်ပွား ခဲ့ဖူးသည်။ မာချီ အရပ်ရှိ ပင်လယ် ကမ်းခြေ တစ်နေရာတွင် အီ တလီ စုံတွဲတစ်တွဲက ချစ်တင်းနှောကြစဉ် ယင်းသို့ပင် ခွာမရဖြစ် ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦး ဖြတ်သွားသည်ကိုတွေ့၍ အကူအညီတောင်းမှ အရေးပေါ်ယာဉ်ခေါ်ကာ အကူအညီပေးခဲ့ရခြင်းဖြစ်သည်။

မိဖုရား -  http://mibayar.blogspot.com 
Credit : Mizzima (Burmese)


Rate this posting:
{[['']]}
Read 251 times

အင်တာနက်ပေါ်မှ မြန်မာအမျိုးသမီး ညစ်ညမ်းပုံများကို ထိထိရောက်ရောက် အရေးယူရန် လွှတ်တော်တွင် ဆွေးနွေး

အင်တာနက် စာမျက်နှာများတွင် ဆိုးရွားစွာ ပျံ့နှံ့လျက်ရှိသည့် မြန်မာအမျိုးသမီးအချို့၏ ညစ်ညမ်းပုံများနှင့် ပတ်သက်၍ ယင်းပုံများကို ရိုက်ကူးခံသူနှင့် ရိုက်ကူးပေးသူများကို ထိထိရောက်ရောက် တားဆီးအရေးယူရန် အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး တိုက်တွန်းလိုက်သည်။

အိုင်တီနည်းပညာများ တိုးတက်လာ သည်နှင့်အမျှ တိုင်းတစ်ပါး ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် နိုင်ငံ၏ ယဉ်ကျေးမှုများ တဖြည်းဖြည်း ဆုံးရှုံးနစ်နာလျက် ရှိကြောင်း၊ တိုင်းတစ်ပါး ဝတ်စားဆင်ယင်မှုများ ဖြစ်သည့် မောင်နှင့်နှမ၊ သားနှင့်အမိ မကြည့်ရဲလောက်သော ဝတ်စားဆင်ယင်မှုများ အင်တာနက် စာမျက်ပေါ်တွင် ဆိုးရွားစွာ ပျံ့နှံ့နေကြောင်း ပို၍ဆိုးရွားသည်မှာ အင်တာနက်ပေါ်တွင် မြန်မာအမျိုးသမီးအချို့၏ မတော်တရော် ပုံရိပ်များ ပျံ့နှံ့နေခြင်းပင် ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ရှင်းပြသည်။
“အတုမြင် အတတ်သင်တတ်လို့ နောင်မျိုးဆက် မြန်မာမိန်းမပျို၊ သမီးပျိုများအတွက် အလွန်ရင်လေးမိတဲ့အတွက် မတော်တရော် ရိုက်ကူးခံနေသူတွေ ရိုက်ပေးသူတွေကို ထိထိရောက်ရောက် တားဆီးအရေးယူသင့်ပါတယ်” ဟု ၎င်းက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ လိင်အသားပေး ရုပ်ပုံများ ရိုက်ကူးခံသူနှင့် ရိုက်ကူးသူအချို့ ထွက်ပေါ်လာပြီး ယင်းမှာ အနုပညာတစ်ရပ် ဟုတ်မဟုတ် အငြင်းပွားမှုများလည်း အဆိုပါ လိင်အသားပေး ရုပ်ပုံများ ရိုက်ကူးသူနှင့် အနုပညာရှင်အချို့အကြား ကျယ်ကျယ်လောင်လောင် အငြင်းပွားနေဆဲဖြစ်သည်။

ယင်းသို့ လိင်အသားပေး ရုပ်ပုံများ ရိုက်ကူးရာတွင် ဇွန်သဉ္ဇာ၊ ဇာဇာထက်၊ အစရှိသည့် မော်ဒယ်အချို့မှာ ထင်ရှားပြီး ယင်းတို့၏ အဆိုပါရုပ်ပုံများကို အင်တာနက်စာမျက်နှာ၌ တရားဝင် လွှင့်တင်ထားရှိရာ ထောက်ခံသူနှင့် ကန့်ကွက်သူ အများအပြား အပြိုင်ရှိနေခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကို ဆွေးနွေးရာ၌ ယဉ်ကျေးမှုကဏ္ဍနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေတွင် တိုင်းတစ်ပါး ယဉ်ကျေးမှုများ ထိုးဖောက် ဝင်ရောက်လာခြင်းကို တားဆီးရေးဆိုသည့်အချက် ထည့်သွင်းထားပြီး ဦးသိန်းထွန်းဦး၏ တိုက်တွန်းဆွေးနွေးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက မတ်လဆန်းတွင် ပြည်ထောင်စုလွှတ်တော်၌ ပြန်လည် ရှင်းလင်းရမည် ဖြစ်သည်။

မိဖုရား -  http://maruthura.blogspot.com 
Credit : The Voice Weekly


Rate this posting:
{[['']]}
Read 251 times

တရုတ်၊ စင်ကာပူမယ်စကြဝဠာအလှမယ်များနဲ့ ပုဂံခရီးစဉ်သွားရောက်ခဲ့တဲ့ မိုးစက်ဝိုင်

မြန်မာနှလုံးသား ပရဟိ တအဖွဲ့၏ လှူဒါန်းမှုအစီအစဉ် တွင်ပါဝင်ခဲ့သော တရုတ်နှင့် စင် ကာပူမယ်စကြဝဠာ ၂၀၁၃ အလှ မယ်များကို ပုဂံသို့ လိုက်ပါပို့ ဆောင်ပေးခဲ့ပြီး ယင်းခရီးစဉ်ကို မှတ်တမ်းတင်ထားကာ Amazing Cities အစီအစဉ်၌  ပြသသွား ရန် အစီအစဉ်ရှိကြောင်း    မိုးစက် ဝိုင်က ပြောသည်။

‘‘ပုဂံမှာ နာမည်ကြီးဘုရား တွေ အဲဒီလောက်အများကြီးရှိ တာကို သူတို့စိတ်ဝင်စားတယ်။ နောက်ပြီး ဘုရားတွေမှာ ရွှေ သင်္ကန်းကပ်ထားတာကို သူတို့ စိတ်ဝင်စားတယ်။ စေတီတွေက ရွှေအစစ်တွေနဲ့လုပ်ထားတယ်။ ထီးတော်တွေ  ဆိုရင်လည်း ကျောက်မျက်ရတနာတွေနဲ့လုပ် ထားတော့ မခိုးဘူးလားလို့မေးကြ တယ်’’ဟု မိုးစက်ဝိုင်က ပြော သည်။ ထို့အပြင် ဘုရားတစ်ဆူသို့ သွားရောက်ဖူးမြော်ရာတွင် ဆေး ရေးပန်းချီရေး၍ရသောကြောင့် လက်တွင် ရေးဆွဲခဲ့ကြသကဲ့သို့ ကြိုးဆွဲရုပ်သေးရုပ်လေးများကို လည်း စိတ်ဝင်စားကြသည်ဟု ဆိုသည်။

တရုတ်အလှမယ်မှာ ပုဂံ ခရီးစဉ်အပြီးတွင် ပြန်သွားပြီး စင် ကာပူအလှမယ်ကိုမူ ပြင်ဦးလွင် ဘက်သို့လိုက်ပါပို့ဆောင်ခဲ့ရ သည်ဟု မိုးစက်ဝိုင်က ပြော သည်။

‘‘တရုတ်မယ်က မိုးစက်တို့ အလှူသွားတဲ့အချိန်ကတည်းက အရမ်းအခက်အခဲဖြစ်ခဲ့တယ်။ ဖုန်တွေရှူမိပြီး ဖျားသွားတယ်’’ဟု မိုးစက်ဝိုင်က ပြောသည်။

မြန်မာနှလုံးသားပရဟိတ အဖွဲ့၏ ပထမဆုံးလှူဒါန်းသည့် အစီအစဉ်ကို ကြို့ပင်ကောက်မြို့ ရှိ သင်္ခရိုင်ဘုန်းတော်ကြီးသင် မိဘမဲ့ပညာသင်ကျောင်းတွင် သွားရောက်လှူဒါန်းခဲ့ပြီး ကျောင်း ဆောင်သစ်ဆောက်လုပ်ရန် အလှူငွေကျပ်သိန်း ၃၂၀ နှင့် ကျောင်းထိုင်ဆရာတော်နှင့် ကလေးများအတွက် အလှူငွေ ကျပ် ၁၀ သိန်းလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် ကြော်ငြာများသာရိုက်ကူးဖြစ် ပြီး မတ်လ ၂ ရက်နှင့် ၃ ရက်တွင် မန္တလေးမြို့၌ အလှူငွေကောက်ခံ မည့် We Are One Myanmar အဖွဲ့၌  ပါဝင်ရန်  အစီအစဉ်ရှိ ကြောင်း   မိုးစက်ဝိုင်က   ပြော သည်။

မိဖုရား - http://mibayar.blogspot.com
Credit : 7 Days Daily


Rate this posting:
{[['']]}
Read 251 times

မအူပင်မြို့နယ်မှ ဆရာ၊ ဆရာမ လစာငွေများတွင် ကျပ်သိန်းငါးဆယ်မှာ စက္ကူအဖြူများဖြစ်နေဟုဆို

မအူပင်မြို့နယ်အတွင်း ရှိ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများအား လစာထုတ်ပေး ရန် မြန်မာ့စီးပွားရေးဘဏ်(မအူ ပင်)မှ ကျပ်သိန်းနှစ်ထောင်ခန့်ထုတ်ယူခဲ့ရာ ကျပ်သိန်းငါးဆယ် ခန့်မှာ စက္ကူအဖြူများ ဖြစ်နေ သောကြောင့် ဆရာ၊ဆရာမများ လစာလျှော့ယူခဲ့ရကြောင်း သ တင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇ရက်က မအူ ပင်မြို့နယ်အတွင်းရှိ ဆရာ၊ဆရာ မ၀န်ထမ်း ၁,၅၁၄ ဦးကို လစာ ထုတ်ပေးရန် မအူပင်မြို့နယ်ဒုပ ညာရေးမှူးဦးမြင့်စိုးနှင့် ဆရာ၊ဆ ရာမ ငါးဦးသည် မြန်မာ့စီးပွားရေး ဘဏ်(မအူပင်)မှ ငွေကျပ်သိန်း နှစ်ထောင်ခန့် ထုတ်ယူခဲ့သည်။

‘‘ထုတ်တာက ဒုတိယမြို့ နယ်ပညာရေးမှူး ဦးမြင့်စိုးက ထုတ်ယူလာတယ်။ ထုတ်ပြီး တော့ ပိုက်ဆံထုပ်က ဆာလာ အိတ်နှစ်ထုပ်နဲ့သယ်လာတယ်။ ပြီးတော့ ဘဏ်နဲ့ မျက်နှာချင်းဆိုင် မှာ ဦးမြင့်စိုးရဲ့အိမ်ရှိတယ်။ အဲဒီ မှာ အုပ်စုလေးအုပ်စုခွဲတယ်။ ခွဲ ပြီးတော့ သိန်း ၁,၉၀၀ ကျော်ကို လစာထုတ်တဲ့နေရာကို သွား တော့ မှ တွေ့တာ။  ပိုက်ဆံကို ထုပ်ထားတာ စနစ်တော်တော် ကျတယ်။ ဆယ်အုပ်စည်းတွေမှာ ဖြစ်တာ။ အဲဒါကိုအဆင့်ဆင့်တင် ပြပြီးတော့ အခုပိုက်ဆံထုပ်ကို ဘယ်သူမှအထိမခံဘူး။ အခု လောလောဆယ် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးမှာဌာနဆိုင်ရာအုပ်ချုပ်ရေးမှူး၊ ရဲမှူး၊စ ခန်းမှူး၊ သတင်းတပ်ဖွဲ့ရော၊ ဘဏ်ကရော၊ ဥပဒေကရော ခေါ်ပြီးတော့ စိစစ်နေပါတယ်’’ဟု မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့  ရောက်ရှိနေသည့် မအူပင်မြို့နယ် ပညာရေးမှူးရုံးစာရေးကြီးဦး ကျော်အောင်ကပြောသည်။

စက္ကူများပါလာခြင်းနှင့်ပတ် သက်၍ဖေဖော်ဝါရီ ၂၇ရက် ည ပိုင်းအထိ ဖြေရှင်းနေကြဆဲဖြစ် ကြောင်း ၎င်းကပြောသည်။

ထုတ်ယူလာသော ကျပ်ငါး ထောင်တန်အုပ်ထဲမှ ငါးထောင် တန် ငါးသိန်းအုပ် ၁၀ အုပ် ပေါ်၌ ငါးထောင်တန်ငွေစက္ကူအ စစ်များသာကပ်ထားပြီး အလယ် တွင် စက္ကူများဖြစ်နေခြင်းဖြစ် သည်။ ထိုသို့ စက္ကူများပါလာ သော ငါးသိန်းအုပ်၁၀အုပ်ကို မြန် မာ့စီးပွားရေးဘဏ် (မအူပင်) သို့ ပြန်လည်ပေးအပ်ထားကြောင်း သတင်းရရှိသည်။

စက္ကူများပါလာ၍ ငွေလျော့နေသောကြောင့် လစာ ခွဲဝေပေးရမည့် ဆရာ၊ ဆရာမ ၁,၅၁၄ ဦးအား တစ်ဦးလျှင် ၃၃၀၃ ကျပ်စီလျော့နည်း၍ ထုတ်ယူရကြောင်းသတင်းရရှိသည်။

‘‘ပိုက်ဆံတွေက များ နေတော့ ငွေကိုစစ်မလာဘူးလို့ ပြောတယ်။ ဒီရောက်လို့သူ့နယ် အလိုက် ငွေထုပ်တွေခွဲတော့မှ စက္ကူတွေပါလာတာသိရတာ။ အဲ ဒီလိုဖြစ်လို့ ဆရာ၊ ဆရာမတွေအ စည်းအဝေးထိုင်ပြီး ဆုံးဖြတ်တာ အားလုံးသဘောတူပြီးတစ် ယောက်ကို သုံးထောင်ကျော်စီ နုတ်လိုက်တာ။ ဆရာတစ်ဦးက တော့ နုတ်တာကိုလက်ခံတယ်။  အမှုမှန်ပေါ်အောင်လုပ်ပေးပါလို့ တောင်းဆိုတယ်’’ဟု မအူပင်မြို့ ဗောဓိအခြေခံပညာမူလတန်း ကျောင်းမှ ဆရာမတစ်ဦးကပြော သည်။

ပိုက်ဆံထုတ်ရာတွင် စက္ကူ များပါလာခြင်းနှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ်(မအူပင်)မှ ဘဏ်မန်နေဂျာထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်မရရှိခဲ့ပေ။

မိဖုရား - http://mibayar.blogspot.com
Credit : 7 Days


Rate this posting:
{[['']]}
Read 251 times

တရုတ်ထောက်ခံမှု ရရှိရေး ဖုန်ကြားရှင်ကြိုးပမ်း

ဖေဖော်ဝါရီလဆန်းကစလို့ တရုတ်-မြန်မာနယ်စပ်အနီး ရှမ်းပြည်နယ် လောက်ကိုင်ဒေသ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၁ သိန်းကျော် ထွက်ပြေးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့သူ အသက် ၈၄ နှစ်ရွယ် ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ ဘယ်လို အခြေအနေတွေကြောင့် ဒီလိုဖြစ်နေရသလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ မလွယ်ဘဲ ဖြစ်နေရတာပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Bill Ide က ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားတာကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဟာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ အစိုးရတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တွေကြား အမြဲတမ်းလိုလို တိုက်ပွဲတွေဖြစ်နေတဲ့ နေရာပါ။ မကြာသေးခင်က ဖြစ်နေတဲ့ တိုက်ပွဲတွေမှာတော့ MNDAA ကိုးကန့် အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင် ကနေ - သူ ၂၀၀၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေချိန်မှာပဲ တရုတ်လူထုဆီက ထောက်ခံမှုကို ရဖို့ကြိုးပမ်းတဲ့ အနေနဲ့ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ မီဒီယာနဲ့ အင်တာဗျူးတွေမှာ - သူအုပ်ချုပ်စဉ်က ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး ကုန်သွယ်မှု အဆုံးသတ်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အခုလည်း - ကိုးကန့်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့နဲ့ အခွင့်အရေးတွေအတွက် သူ တိုက်ပွဲဝင်နေတာဖြစ်တဲ့အကြောင်းနဲ့ ကိုးကန့်ဒေသမှာ သူမရှိတဲ့အချိန်ကစပြီး - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ ပြန်ကြီးထွားလာနေပြီး၊ ကိုးကန့်ဒေသဟာလည်း တရုတ်နွယ်ဖွားတွေအတွက် မဟုတ်တော့ဘူးလို့ ဦးဖုန်ကြားရှင်က ပြောဆိုနေ တာပါ။

သူ့ကိုယ်သူ တရုတ်နွယ်ဖွားတွေကို ကာကွယ်သူ၊ ကိုးကန့်ဒေသအတွက် တာဝန်ရှိသူ အဖြစ် ဦးဖုန်ကြားရှင်ရဲ့ ပြောဆိုမှုတွေဟာ အမေရိကန် အစိုးရရဲ့ သူ့အပေါ် သဘောထားနဲ့တော့ ကွဲလွဲနေပါတယ်။ အကြောင်းကတော့ - အမေရိကန် မူးယစ်ဆေးဝါး နှိမ်နင်းရေး အေဂျင်စီ (DEA) ကနေ သူ့ကို ၁၉၇၀ ပြည့်လွန်နှစ်တွေ ကစပြီး - အဓိကမူးယစ်ရာဇာတဦးအဖြစ် သတ်မှတ်ထားတာပါ။

ယူနန်ပြည်နယ် ရဲအရာရှိ သင်တန်းကျောင်းက ပါမောက္ခ လီယန် ဂျင်ယွန်း (Liang Jinyun) ကတော့ - ဦးဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံထဲ ၀င်ရောက်ခွင့် တားမြစ်ခံထားရတဲ့ မူးယစ်မှောင်ခိုသမား ၃၀ ကျော်စာရင်းမှာ ပါဝင်နေဆဲ ဖြစ်ပေမဲ့ - ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးတွေကို ကန့်သတ်ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ် ဆိုတာဟာလည်း အမှန်ပဲလို့ ပြောပါတယ်။

“ကိုးကန့်ဒေသကို မူးယစ်ဆေးဝါး ကင်းရှင်းတဲ့ဒေသဖြစ်ဖို့ ဦးဖုန်ကြားရှင် ကြိုးပမ်းခဲ့တယ်၊ ဒီလိုမလုပ်ရင်လည်း မြန်မာအစိုးရ၊ ကုလသမဂ္ဂနဲ့ တရုတ်အစိုးရကတောင် ကိုးကန့်အရေးကို ၀င်ပါလာနိုင်တာကြောင့် ဖြစ်တယ်။ ဒီလို ကန့်သတ်တားမြစ်ခဲ့ပေမဲ့လည်း - ကိုးကန့်ဒေသကို မူးယစ်ဆေး လုံးဝ ကင်းတဲ့ဒေသဖြစ်အောင်တော့ ဦးဖုန်ကြားရှင်အနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ဘူး”- လို့ တရုတ်ဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသကို မကြာသေးခင်က သူ ပြန်သွားပြီး၊ MNDAA လို့ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ကို ဦးဆောင်တာဟာ - မူးယစ်ဆေးဝါး မှောင်ခိုမှုတွေထက် အာဏာပြန်ရအောင် လုပ်တဲ့ပုံ တွေ့ရတယ်လို့လည်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် - တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံးနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ရရှိနိုင်ဖို့ - မြန်မာအစိုးရက ကြိုးပမ်းနေတဲ့ အချိန်မှာပဲ ကိုးကန့်တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

“ရွေးကောက်ပွဲမတိုင်ခင်မှာ - ဦးဖုန်ကြားရှင်က ကိုးကန့်ဒေသရဲ့ အကြီးအကဲအဖြစ် သူ့ကိုယ်သူ စာရင်းသွင်းနိုင်ဖို့၊့ လွှတ်တော်မှာ နေရာတနေရာ ရဖို့အတွက် ကြိုးစားတာ ဖြစ်နိုင်တယ်” - လို့ ပါမောက္ခက လီယန် (Liang) က သုံးသပ်ခဲ့တာပါ။

ဒါပေမဲ့လည်း ဦးဖုန်ကြားရှင် မျှော်လင့်ထားသလို အောင်မြင်ပါ့မလား ဆိုတဲ့ အပေါ်မှာတော့ သူ့အနေနဲ့လည်း သံသယရှိတဲ့အကြောင်း ပါမောက္ခ လီယန် (Liang) က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တချိန်တုန်းက ကိုးကန့်ဒေသဟာ တရုတ်နိုင်ငံရဲ့ ဒေသတခုအဖြစ် ပုဂ္ဂိုလ်ရေး အရ ချိတ်ဆက်ပြီး ဦးဖုန်ကြားရှင်က ဒီပြဿနာထဲကို တရုတ်အစိုးရကိုလည်း ဆွဲသွင်းဖို့ ကြိုးစားခဲ့တာပါ။

တရုတ်အစိုးရကတော့ - အခုဖြစ်နေတဲ့ ကိုးကန့်တိုက်ပွဲအတွက် တရုတ်နိုင်ငံကနေ ကူညီတာမျိုးတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ခပ်ရှင်းရှင်းပဲ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း တရုတ်အစိုးရရဲ့ အကူအညီကို ဦးဖုန်ကြားရှင် တောင်းဆိုတဲ့ အကြောင်းဟာ တရုတ်အမျိုးသားရေးစိတ် ပြင်းတဲ့ ဘလော့ဂါတွေဆီကနေတဆင့် အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

တချို့တရုတ်နိုင်ငံသားတွေ ကိုယ်တိုင်လည်း ကိုးကန့်ဒေသကို တရုတ် အစိုးရက ပြန်သိမ်းပိုက်ဖို့အထိ တောင်းဆိုခဲ့ကြတာပါ။ မြန်မာတာဝန်ရှိသူတွေဘက်ကလည်း - ဦးဖုန်ကြားရှင်တပ်ဖွဲ့ဟာ သူ့ကို ထောက်ခံစာနာသူတွေဆီကနေ အစားအသောက်၊ လက်နက်နဲ့ ဆေးဝါး အကူအညီတွေကို နယ်စပ်ကိုဖြတ်ပြီး ရရှိနေတဲ့ အထောက်အထားတွေ ရှိတယ်လို့ ပြောဆိုထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေအတွင်း - တရုတ် အင်တာနက် လူမှုကွန်ယက်တွေပေါ်မှာ - တိုက်ပွဲနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ပြီးတော့ မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ တရုတ်လူမျိုး ကိုးကန့်ဒေသခံတွေရဲ့ ဓာတ်ပုံတွေနဲ့ ပြည့်နေခဲ့တာပါ။

ဒီတပတ်အစောပိုင်းကဆိုရင်လည်း - ကိုးကန့်ဒေသမှာ ရိုက်ထားပုံရတဲ့ ဓာတ်ပုံ ၁ ဒါဇင်ကျော်မှာ - လူငယ်အမျိုးသားတချို့ရဲ့ အလောင်းတွေကို တွေ့ရပြီး၊ လူတချို့ဟာဆိုရင်လည်း လည်ပင်းမှာ ကြိုးတုတ်ခံထားရတာ၊ လက်ပြန်ကြိုး အတုတ်ခံထားရတာတွေ ပါဝင်ပါတယ်။ ကိုးကန့်တပ်ဖွဲ့ကို ထောက်ခံသူတွေကတော့ ဒီလူတွေကို မြန်မာစစ်တပ်က သတ်ပစ်တာကို ပြောကြပေမဲ့ - သီးခြား အတည်ပြုဖို့ကတော့ မလွယ်ပါဘူး။

ဒီလိုသေကျေ ထိခိုက်တဲ့ ဓာတ်ပုံတွေကြောင့် တရုတ်နိုင်ငံမှာ လူတွေဒေါသထွက်ခဲ့ကြသလို၊ အင်တာနက်အွန်လိုင်းပေါ်မှာလည်း တရုတ် ညီအကိုတွေကို ကယ်တင်ဖို့ ကြိုးပမ်းကြပါဆိုပြီး တောင်းဆိုတာတွေလည်း ထွက်ပေါ်ခဲ့တဲ့အထိပါ။

မြန်မာငြိမ်းချမ်းရေးစင်တာကတော့ - ကောလဟာလတွေ အကြီးအကျယ် ပျံ့နေပြီး၊ ကိုးကန့်တိုက်ပွဲဟာလည်း အလွန်ဆုံး နောက်ထပ် သီတင်းပတ် အနည်းငယ်လောက်သာ ဖြစ်နိုင်ပြီး လတွေနဲ့ချီတဲ့အထိတော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ မျှော်လင့်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မိဖုရား - http://mibayar.blogspot.com
Credit : VOA


Rate this posting:
{[['']]}
Read 251 times

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ