Cpx24.com CPM Program
Home » » အမျိုးသမီးတွေ လူ့အခွင့်အရေး အပြည့်ရဖို့ အမျိုးသားများ မီနီစကတ်ဝတ် ဆန္ဒပြ

အမျိုးသမီးတွေ လူ့အခွင့်အရေး အပြည့်ရဖို့ အမျိုးသားများ မီနီစကတ်ဝတ် ဆန္ဒပြ

တူရကီမှာ အမျိုးသမီးတွေ လူ့အခွင့်အရေး အပြည့်အ၀ ရဖို့အတွက် အမျိုးသားများက မီနီစကတ် ၀တ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်က တူရကီနိုင်ငံမှာ အသက်(၂၀)အရွယ် စိတ်ပညာ ကျောင်းသူ အော့ဂျီကန်ကို ကားဒရိုင်ဘာတစ်ဦးက အဓမ္မကျင့်ဖို့ ကြိုးပမ်းပြီး သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ မီနီစကတ်ဝတ် ဆန္ဒပြပွဲ ဖြစ်ပေါ်လာခဲ့တာပါ။

အော့ဂျီကန် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေထဲမှာ အမျိုးသမီးတွေရဲ့ မလုံမခြုံ ၀တ်ဆင်မှုကြောင့် မှုခင်းတွေ ဖြစ်ပေါ်စေတယ်ဆိုတဲ့ အမြင်မျိုး ပါဝင်ခဲ့လို့ အမျိုးသားတွေက မီနီစကတ်ဝတ်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ “မီနီစကတ်
ဝတ်လို့ ဒီလို ကိစ္စမျိုး ဖြစ်ရတာ၊ မီနီစကတ် ၀တ်သူတွေက စာရိတ္တပိုင်း ပျက်စီးနေတာ၊ မီနီစကတ်ဝတ်လို့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြစ်ရတာ၊ မီနီစတတ် ၀တ်တဲ့ အမျိုးသမီးတွေက ပြစ်မှုကျူးလွန်ဖို့ ဖိတ်ခေါ်နေတာဆိုရင် ကျွန်တော်တို့လည်း မီနီစကတ်ဝတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖိတ်ခေါ်ပါရစေ” ဆိုတဲ့ စာတမ်းတွေ ဖော်ပြခဲ့ကြပါတယ်။

ငွေကြေးမပြည့်စုံတဲ့ မိသားစုက မွေးဖွားလာတဲ့ အော့ဂျီကန်ဟာ ပညာရေးဘက်မှာ ထူးချွန်သူဖြစ်ပြီး သူငယ်ချင်းဖြစ်သူနဲ့ ဈေးဝယ်ထွက်ပြီးအပြန် ဘတ်စ်ကားပေါ်မှာ အခုလို အဖြစ်အပျက်နဲ့ ကြုံခဲ့ရတာပါ။ အော့ဂျီကန်အတွက် ၀မ်းနည်းကြောင်း အထိမ်းအမှတ် ပြုလုပ်တဲ့အနေနဲ့ တူရကီနိုင်ငံ တစ်ဝန်းလုံး အနက်ရောင် ၀တ်စုံတွေ ၀တ်ဆင်ခဲ့ကြပြီး တူရကီရဲ့ အိမ်နီးချင်းနိုင်ငံ ကာဇက်စတန်မှာလည်း အမျိုးသားတွေ မီနီစကတ်ဝတ် ဆန္ဒပြခဲ့ကြပါတယ်။

Nz ရိုးရာလေး
www.yoyarlay.com


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ