Cpx24.com CPM Program
Home » » ဓားဖြင့် ၁၃ ချက် ခုတ်ခံရသောကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော စပိန်နိုင်ငံသား ပျောက်ဆုံးနေ

ဓားဖြင့် ၁၃ ချက် ခုတ်ခံရသောကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော စပိန်နိုင်ငံသား ပျောက်ဆုံးနေ

ပဲခူးမြို့အထွက် ရန်ကုန်-မန္တလေး ပုံမှန် ကားလမ်း မိုင်တိုင် ၄၃/၁ အရောက်တွင် စက်ဘီးဖြင့် ကမ္ဘာလှည့်ခရီးသွားနေသည့် စပိန်နိုင်ငံသားအား အမျိုးသားနှစ်ဦးက သံတုတ်ဖြင့်ရိုက်ပြီး ဓားဖြင့် ၁၃ ချက်ခုတ်ခံ ရမှုကြောင့် ပဲခူးဆေးရုံမှ ရန်ကုန်ဆေးရုံကြီး သို့ ပြောင်းလဲကုသမှုခံယူနေစဉ် ဖေဖော်ဝါ ရီ ၂၄ ရက် ညပိုင်းက ပျောက်ဆုံးသွား ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် စုံ စမ်းသိရသည်။

ဓားဖြင့်ခုတ်ခံရမှုကြောင့် စပိန်နိုင်ငံသား မှာ ငယ်ထိပ်၊ နှာခေါင်း၊ ဝဲနားရွက်၊ ဝဲမေးစေ့၊ ယာလက်ဖျံ၊ ယာတံတောင်၊ ယာ/ဝဲဒူးခေါင်း၊ ယာလက်ညိုး၊ ဝဲဗိုက်ဘေး၊ ဝဲလက်ခုံ၊ ယာ လက်မနှင့် ဝဲလက်မတို့တွင်  ပြတ်ရှဒဏ်ရာ များရရှိခဲ့ပြီး  ပဲခူးဆေးရုံမှ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦး နှောက်နှင့် အာရုံကြောဌာနတွင် ၎င်း၏ တောင်းဆိုမှုကြောင့် လွှဲပြောင်းပေးခဲ့ပြီးနောက် ညပိုင်းတွင် ပျောက်ဆုံးသွားခဲ့ကြောင်း အနောက် ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“စပိန်နိုင်ငံသားက ရန်ကုန်ဆေးရုံကြီး ရောက်ပြီး ညပိုင်းမှာ  ပျောက်သွားတာလား၊ ထွက်ပဲပြေးသွားတာလား မသိရသေးပါဘူး။  သက်ဆိုင်ရာမြို့နယ်တွေက တာဝန်ရှိသူတွေ နဲ့ချိတ်ဆက်ပြီး စုံစမ်းနေပါတယ်။ စပိန်သံရုံး ကဒီမှာမရှိတော့ ကျွန်တော်တို့ ကောင်စစ်ဝန် ရုံးတွေကနေတစ်ဆင့် ဆက်သွယ်ဖို့ကြိုးစား နေပါတယ်” အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းကြည်က ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်း တွင်ပဲခူးမြို့အထွက်  ညောင်အင်းကျေးရွာ အုပ်စု ဘဏ္ဍာကုန်းကျေးရွာ တိုးဂိတ်အနီး မိုင်တိုင် ၄၃/၁ အရောက် ည ၁ဝ နာရီဝန်း ကျင်တွင် စပိန်နိုင်ငံသား  Mr.CALLOS  (၃၁ နှစ်) သည် ပဲခူးမှရန်ကုန်မြို့သို့ စက်ဘီး ဖြင့်စီးနင်းလာစဉ်  အမည်မသိ အမျိုးသား နှစ်ဦးကတားမြစ်ခဲ့ကြောင်း၊ ထိုအချိန် အမျိုးသားနှစ်ဦးက လမ်းမနှင့်ပေ ၂ဝ အကွာတွင် ၎င်းအား လယ်ကွင်းထဲသို့ ဆွဲခေါ်သွားခဲ့ကြောင်း၊  ထိုအမျိုးသားနှစ်ဦးက စပိန်နိုင်ငံသားအား သံတုတ်ဖြင့်ရိုက်ပြီး ဓားဖြင့် ၁၃ ချက် ခုတ်ကာ ခရီးဆောင်အိတ်၊ ပိုက်ဆံနှင့်စက်ဘီးကို လုယက်ယူဆောင်သွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို ပဲခူးအမှတ်(၃) ရဲစခန်း က (ပ) ၅၉/၂ဝ၁၅၊ ပုဒ်မ-  ၃၉၄ ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။

From-Eleven News


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ