Cpx24.com CPM Program
Home » » ယောင်္ကျားလေးတွေရာ၊ မိန်းကလေးတွေကိုပါ သဘောကျတတ်တဲ့ Bisexual အမျိုးသမီးတွေဟာ အခြားအမျိုးသမီးတွေထက် ဆေးခြောက် သောက်သုံးမှု ပိုများ

ယောင်္ကျားလေးတွေရာ၊ မိန်းကလေးတွေကိုပါ သဘောကျတတ်တဲ့ Bisexual အမျိုးသမီးတွေဟာ အခြားအမျိုးသမီးတွေထက် ဆေးခြောက် သောက်သုံးမှု ပိုများ

ယောကျာင်္းလေးတွေကိုရော မိန်းကလေးတွေကိုပါ သဘောကျတတ်တဲ့ အမျိုးသမီး(Bisexual) တွေဟာ အခြား Straight နဲ့ Lesbian အမျိုးသမီးတွေထက်ပိုပြီး ဆေးခြောက်သောက်သုံးမှု ပိုများတာကို လေ့လာမှု ပေါင်းမြောက်များစွာအရ သိရပါတယ်။

အမျိုးသား ယမကာ စစ်တမ်းကောက်ယူမှုပေါင်း ၂၀၀၀ ကျော်က ရလာတဲ့ အချက်အလက်တွေအရ ယောကျာင်္းလေးတွေကိုရော မိန်းကလေးတွေကို ပါ သဘောကျတတ်တဲ့ အမျိုးသမီး(Bisexual) တွေဟာ ဆေးခြောက် သောက်သုံးမှု ၃၈ ရာခိုင်နှုန်းရှိပြီး Straight(ယောကျာင်္းတွေကိုသာ စိတ်ဝင်စားသူ) အမျိုးသမီး တွေကတော့ ၅ ရာခိုင်နှုန်းသာ သောက်သုံးကြတာကို တွေ့ရပါတယ်။

(မိန်းကလေးချင်းသာ စိတ်ဝင်စားသူ) Lesbian အမျိုးသမီးတွေကတော့ ၂၀ ရာခိုင်နှုန်း သောက်သုံးကြတယ်လို့ သိရပါတယ်။

လတ်တလော ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရတော့ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ Bisexual ကောလိပ်ကျောင်းသူ တွေဟာ Straight နဲ့ Lesbian အမျိုးသမီးတွေထက် ဆေးခြောက်ကို ၃ ဆ ပိုမို သောက်သုံးကြတယ်လို့ သိရပါတယ်။

“Bisexual အမျိုးသမီးတွေဟာ အိမ်ခြေယာခြေမဲ့ တွေလိုပဲ ခံစားနေရပါတယ်။ သင့်အနောက်မှာ လိုအပ်တဲ့ လူ့ဘောင်တစ်ခု မရှိသလိုပါပဲ။ ဒါကြောင့် ဆေးခြောက်သာလျှင် သင့်ဘ၀ကို ငြိမ်းချမ်းစေမယ့် အရာ ဖြစ်လာပါတော့တယ်” လို့  Bisexual တွေကိုလေ့လာနေတဲ့ Dr.Robinson ကပြောပါတယ်။

အခြား Bisexual အမျိုးသမီး တစ်ယောက်ကတော့ အမျိုးသား နဲ့ အမျိုးသမီး ၂ မျိုးကြားမှာ ရွေးချယ်ရင်း ရလာတဲ့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ပပျောက်ဖို့ သူမ ဆေးခြောက် အများကြီး သောက်ဖြစ်ခဲ့တဲ့ အကြောင်းတွေ ကို Dr.Robinson က တစ်ဆင့် ပြန်လည်ဝေမျှခဲ့ပါသေးတယ်။

မိဖုရား
Credit - Trend Myanmar


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ