Cpx24.com CPM Program
Home » » နယ်ပရိသတ်တွေ မကြိုက်မှာစိုးလို့sexy ပုံစံတွေ သိပ်မ၀တ်ဖြစ်တော့တဲ့ သွန်းဆက်

နယ်ပရိသတ်တွေ မကြိုက်မှာစိုးလို့sexy ပုံစံတွေ သိပ်မ၀တ်ဖြစ်တော့တဲ့ သွန်းဆက်

အကယ်ဒမီ ဗန်းကိုင်ကတစ်ဆင့် တက်လာတဲ့ မျိုးဆက်သစ်မော်ဒယ်လ်တွေထဲမှာ ဇာတ်ကားတွေ အဆက်မပြတ် ရိုက်လာရတဲ့ သွန်းဆက် က ၂၀၁၅ မှာ ရုံတင်ကားကြီး တစ်ကားရိုက်ဖို့ရှိပြီး ဗီဒီယိုတွေလဲ ပုံမှန်ရိုက်ကူးနေရတာမို့ သူမရဲ့ အနုပညာဖန်တီးမှုများအကြောင်းနဲ့ စိတ်ခံစားချက်အချို့ကို ဖွင့်ဟမေးမြန်းကြည့်မိတဲ့အခါ

-လက်ရှိအနုပညာလှုပ်ရှားမှုအကြောင်း ပြောပြပေးပါဦး။

ခုသွန်းဆက် ဒါရိုက်တာ ဦးသိန်းဟန် ( ဖီးနစ်) ရိုက်ကူးမဲ့ ကျမ်းကြီးမာယာဆိုတဲ့ကားလေးကို ကိုနေဒွေးနဲ့ရိုက်ဖို့ရှိတယ်။ အဲ့ဒီအရှေ့မှာ ဦးနိုင်ကြီးနဲ့ လုပ်တတ်ရ င်ဖြစ်တယ်ဆိုတဲ့ ကားလေးလဲ ရိုက်ထားတယ်။

-ခုနောက်ပိုင်းဆို သွန်းဆက်ခေတ်လို့တောင်ပြောနေကြတယ်နော်။ အဲ့ဒါလေးကိုရော ဘာပြောချင်ပါသလဲ။

အဲ့ဒီလိုလဲမဟုတ်ပါဘူး။ သွန်းဆက်ကြိုးတော့ ကြိုးစားနေပါတယ်။ ကာရိုက်တာကို တစ်ခုနဲ့တစ်ခုမတူအောင်၊ အ၀တ်အစားတွေရော၊ ကာရိုက်တာတွေကိုရော မတူအောင်ကြိုးစားပြီး ပြင်ဆင်ထားတဲ့အတွက်ဖြစ်မှာပါ။

-ဗန်းကိုင်၁၀ ယောက်ထဲမှာလဲ သွန်းဆက်တစ်ယောက်ပဲ ပရိသတ်သိလွယ် မှတ်မိလွယ် လူသိလွယ်တာကရော ဘာကြောင့်လို့ထင်မိလဲ။

ညီမကံကောင်းတယ်လို့လဲပြောလို့ရတယ်။ ညီမကြိုးစားမှုကြောင့်လဲ ပါမယ်။ နောက်ပြီးတော့ ညီမက နတ်တွေဘာတွေ အရမ်းယုံတယ်။ ညီမ ကံနိမ့်နေပြီဆိုရင် ဘုရားတရားတွေ လုပ်တယ်။ ယတြာတွေ ဘာတွေချေတယ်။ ဗေဒင်မေးရတာတွေ ဘာတွေလဲ ညီမ၀ါသနာပါတယ်။

-၂၀၁၅ ထဲမှာပိုပြီး ကားရိုက်သွက်လာတာနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

၂၀၁၅ ထဲမှာ ကားရိုက်က ပြတ်သွားတယ်ဆိုတာမရှိဘူး။ ဆက်တိုက် ဆိုသလို ရိုက်ရတယ်။ လတိုင်းပုံမှန် ၃ ကား၎ကား ရိုက်ရတယ်။ ၂၀၁၅ မှာ ထူးထူးခြားခြားဆို ရုံကြီးကား တစ်ကားရိုက်ဖို့ရှိတယ်။ အဲ့ဒါကပြောထားတုန်းပါပဲ။ သွန်းဆက်အပြင်နောက်မင်းသမီးတစ်လက်လဲ ပါဦးမယ်။ ရိုက်ဖြစ်မယ်ဆို သွန်းဆက်ရဲ့ပထမဆုံး ရုံကြီးကားပေါ့။ အရင်ကဆို သွန်းဆက်ရုံကြီးကား အရမ်းရိုက်ချင်တယ်။ သူများတွေ ရုပ်ရှင်ကားကြီး ရိုက်နေတာတွေမြင်တဲ့အခါ တစ်ကားလောက်များ ရိုက်ရရင်သိပ်ကောင်းမှာပဲလို့တွေးမိတယ်။ စိတ်ကူးတွေယဉ်ပေါ့။ ဒါပေမဲ့အမေကတော့ သွန်းဆက်ကို အမြဲမှာတယ်။ ဘယ်သူတွေဘယ်လောက်ပဲ ရိုက်ရရိုက်ရ စိတ်ထဲမှာထားမနေနဲ့။ ကိုယ်ဗီဒီယိုကားတွေ ရိုက်နေရတဲ့ အပေါ်မှာကြိုတင်ပြီးကြိုးစား၊ ပြင်ဆင်ချိန်ရတယ်တဲ့။ အချိန်တန်ရင် ရိုက်လာရမယ်လို့ပြောတော့ ညီမ ဆီလာတဲ့ ဗီဒီယိုကားလေးတွေမှာ ပိုပြီးကြိုးစားဖြစ်ပါတယ်။

-ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး စတက်လာကာစက ခပ်မိုက်မိုက်ပုံစံနဲ့တွေ့ရပေမဲ့ ခုနောက်ပိုင်းမှာ cute ဖက်ကို ပြောင်းသွားတာတွေ့ရတယ်။

ဟုတ်ပါတယ် ။ အရင်ဖိုတိုမော်ဒယ်လ် လုပ်ကာစကတော့ sexy တွေဘာတွေ ၀တ်တယ်။ ခုနောက်ပိုင်း မ၀တ်တော့ဘူးဆိုတာက ထုတ်လုပ်သူတွေကလဲ ပြောတယ်။ မင်းသား မင်းသမီးကြီးတွေကလဲပြောတယ်။ နယ်ဖက်တွေက အဲ့ဒီလိုဝတ်ရင်မကြိုက်ဘူး။ တချို့နယ်တွေဆို အခွေပြန်ပေးတာတောင် ရှိတယ်ဆိုတော့ သွန်းဆက်က ကိုယ့်ကို ပရိသတ်လဲချစ်အောင် ၊ မမုန်းလဲမမုန်းအောင် ၊ အမြင်လဲမရိုင်းအောင်၊ ခေတ်လဲဆန်အောင် အကျီင်္ကိုရွေးပြီးဝတ်ဖြစ်တယ်။

-အခုလက်ရှိမှာခေတ်စားနေတဲ့ မျက်နှာ V ရှိတ်လုပ်တာတွေ၊ ခွဲစိတ်ပြုပြင်မှုတွေအပေါ် သူမရဲ့အမြင်က။

အဲ့လိုမျိုးတော့မရှိဘူး။ ဒါပေမဲ့ သူများတွေ လုပ်ထားတာမြင်ရင် သဘောကျတယ်။ လုံးဝအရုပ်ကြီး တစ်ရုပ်လို ပြောင်းလဲသွားတယ်။ ထိုင်းရုပ်တွေ ပေါက်သွားတယ်။ ကိုယ်ကျတော့ အဲ့လိုကြီးလုပ်လိုက်ရင် ပရိသတ်က ကြိုက်ပါ့မလား။ ရုပ်ကြီးများပြောင်းသွားမလား။ သွန်းဆက်ဆိုတာ မသိပဲဖြစ်သွားမှာလဲကြောက်တယ်။ အဲ့ဒါကြောင့် လုပ်တော့ လုပ်ချင်တယ်။ ပလပ်စတစ်ဆာဂျရီလုပ်တာကို ညီမလဲကြိုက်ပါတယ်။ ဒါပေမဲ့ အဓိကကတော့ ပြင်ဖို့သတ္တိမရှိတာပေါ့။ ညီမကြောက်တာလဲ ပါတယ်။ ပရိသတ်က ကိုယ့်ကို ရုပ်ကြီးပြောင်းသွားတယ်ဆိုပြီး အားမပေးတော့မှာလဲ ကြောက်တယ်။

-တက်တူးတွေအပေါ် စိတ်ခံစားချက်လေးလဲပြောပြပေးပါဦး။

တက်တူးကိုတော့ကြိုက်တယ်။ ဒါပေမဲ့ အမေကတော့ လူကြီးဆိုတော့ မထိုးနဲ့ ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုပြီးပြောတယ်။ ဒါပေမဲ့ညီမလဲ ထိုးချင်တယ်။ ဘယ်နေရာထိုးလို့ထိုးရမှန်းမသိတာနဲ့ ခုချိန်ထိရွေးလို့ကိုမရသေးဘူး။ အသက်ကြီးရင်တော့ သွန်းဆက် ထိုးဖြစ်မယ်ထင်တယ်။ အခုက စိတ်ပဲရှိတယ်။ နာမှာလဲကြောက်လို့။ ညီမကြိုက်တဲ့ပုံက ရိုမန့်စ်ဆန်ဆန် ထိုးတာတွေကိုကြိုက်တယ်။ ခန္ဒာကိုယ်အနှံ့မှာသေးသေးလေးတွေ ထိုးရတာကိုလဲကြိုက်တယ်။

-သွန်းဆက်ကို ပရိသတ်တွေက ကားရိုက်တွေမှာ အသံ အရမ်းစူးပြီးစွာတယ်လို့သုံးသပ်ကြတယ်။

ဟုတ်တယ်။ သွန်းဆက်အသံက စူးတယ်။ ကာရိုက်တာကလဲ စွာတဲ့ ကာရိုက်တာတွေကြီးပဲဆိုတော့ အော်တဲ့ အခန်းတွေမှာ အရမ်း စူးထွက်နေတယ်။ ဒါပေမဲ့ခုနောက်ပိုင်းရိုက်တဲ့ကာရိုက်တာတွေကတော့ ကလေးအမေ အခန်းတွေလဲ ပါတယ်။ အေးအေးလေးတွေကြီးပဲဆိုတော့ ထိန်းပြီး ပြောဖြစ်ပါတယ်။

မိဖုရား
Credit - Trend Myanmar


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ