Cpx24.com CPM Program
Home » » လူမှုကွန်ရက်ပေါ်မှာ ဂယက်ရိုက်သွားစေတဲ့ ဘီယွန်စေးရဲ့  ​ဖောက်​မြင်​နိုင်​တဲ့ ဖက်​ရှင်

လူမှုကွန်ရက်ပေါ်မှာ ဂယက်ရိုက်သွားစေတဲ့ ဘီယွန်စေးရဲ့  ​ဖောက်​မြင်​နိုင်​တဲ့ ဖက်​ရှင်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်ကျင်းပခဲ့ သည့် ရန်ပုံငွေရှာဖွေရေးနှစ်ပတ် လည်ဖက်ရှင်ပွဲတော်သို့ တက် ရောက်လာသော အမေရိကန်မင်း သမီး၊ တေးရေးတေးဆို ဘီယွန် စေး၏ ပွဲတက်ဖက်ရှင်ဝတ်စုံ ကြောင့် လူမှုကွန်ရက်ပေါ်တွင် အုတ်အော်သောင်းတင်းဖြစ်သွား ခဲ့ရသည်။

၂၀၁၅ ၏ အကြီးကျယ်ဆုံး ဖက်ရှင်ပွဲများအနက် တစ်ပွဲဖြစ် သော Met Gala ပွဲသို့ ဘီယွန်စေး က တရုတ်ဒီဇိုင်နာ ကျိုပေးဖန်တီး ထားသည့် ဝတ်စုံဖြင့်တက်ရောက် ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲသို့ နောက်ကျမှ ရောက်လာသူ အဆိုတော်ရီဟား နားက အဝါရောင်အင်္ကျီရှည်ကြီး ဝတ်ဆင်၍ တက်ရောက်ခဲ့သည်။ ရီဟားနားရောက်လာပြီးမှ ပွဲတက်လာသည့် ဘီယွန်စေးက ဖက်ရှင်ပွဲတော်၏ အနီရောင် ကော်ဇောပေါ်သို့ အရောင်မျိုးစုံပါ ဘော်ခရစ္စတယ်များ၊ ကျောက် များဖြင့် အလှဆင်ထားသည့် ထွင်း ဖောက်မြင်နိုင်သော ဝတ်စုံဖြင့်ရောက်ရှိလာသည်။

ယင်းဝတ်စုံဖြင့် ပွဲတက်လာ သည့် ဘီယွန်စေး၏ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်   ရောက်ရှိလာ ပြီးနောက် တွစ်တာဝက်ဘ်ဆိုက် ပေါ်တွင် ပရိသတ်များက လျင် မြန်စွာတုံ့ပြန်ခဲ့ပြီး ချီးကျူးအားပေးကြကာ သဘောမကျသူများက လည်း ထွင်းဖောက်မြင်နိုင်သော ဖက်ရှင်ပုံစံကို ပြစ်တင်ဝေဖန်ခဲ့ကြ သည်။

Credit-mmblocker


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ