Cpx24.com CPM Program
Home » » ထိုင်းတောင်သူများ ခွေးလှေးယားသီးပင်စိုက်ရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ထိုင်းတောင်သူများ ခွေးလှေးယားသီးပင်စိုက်ရန် ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ထိုင်းတောင်သူတွေအနေနဲ့ အမြတ်အစွန်းနည်းတဲ့ သီးနှံတွေစိုက်ပျိုးမယ့်အစား အမြတ်အစွန်းများတဲ့ ခွေးလှေးယားသီးလို တိုင်းရင်းဆေးပင်တွေ စိုက်ပျိုးဖို့ ထိုင်းဝန်ကြီးချုပ် ပရယုဒ် ကျန်အိုးချားက ပြောကြောင်း kapook ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဇူလိုင် ၈ ရက်နေ့က အစိုးရအိမ်တော်မှာ အမေရိကန်ရောက် ထိုင်းလူငယ်များအဖွဲ့က လာရောက်ဂါရ၀ပြုစဉ် ၀န်ကြီးချုပ်က သက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မိုးခေါင်ပြီး လယ်ယာစိုက်ပျိုးရေး ကောင်းမွန်စွာ မစိုက်ပျိုးနိုင်တာမို့ အမြတ်အစွန်းနည်းတဲ့ စပါးပင်စိုက်မည့်အစား အမြတ်များတဲ့ ခွေးလှေးယားသီးပင် စိုက်ပျိုးဖို့ တိုက်တွန်းပါကြောင်း၊ ထိုင်းနိုင်ငံက အိန္ဒိယနိုင်ငံကို ခွေးလှေးယားသီးစေ့ တစ်ကီလို ဘတ် ၈၀၀ နဲ့ တင်ပို့ရောင်းချပြီး အိန္ဒိယက တိုင်းရင်းဆေးအဖြစ် ပြန်လည်ထုတ်လုပ်တဲ့အခါ တစ်ကီလိုကို ဘတ် ၈၀၀၀ ထိ ခုန်တက်သွားတယ်လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနကို ကွင်းဆင်းစစ်ဆေးဖို့ စေလွှတ်မှာဖြစ်ပြီး အဲဒီနောက် ခွေးလှေးယားသီးပင် စိုက်ပျိုးရေးစီမံကိန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကိုပါ ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်က “လူတွေကို ကြံ့ခိုင်ဖွံ့ဖြိုးစေလိုရင် ငါးကိုမကျွေးဘဲ ငါးမျှားနည်းကို သင်ပေးရမယ်” ဆိုတဲ့ ထိုင်းဘုရင်မင်းမြတ် ဆုံးမစကားကို ကိုးကားပြီး တောင်သူလယ်သမားတွေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။

ခွေးလှေးယားသီးဟာ မျိုးပွားမှုကို အားပေးပြီး ကာမအားတိုးဆေးနဲ့ နာတာရှည် အာရုံကြောရောဂါ (ပါကင်ဆန်ရောဂါ) ပျောက်ဆေး ဖော်စပ်ရာမှာ အသုံးပြုပါတယ်။

http://burmese.dvb.no/archives/101937


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ