Cpx24.com CPM Program
Home » » Notra ဇာတ် ကောင်အဖြစ် သရုပ်ဆောင်ဖို့ ဝင် အရွေးချယ်ခံတာနဲ့ ပတ်သက်ပြီး ပြောပြတဲ့ ဝင်းသပြေထွန်း

Notra ဇာတ် ကောင်အဖြစ် သရုပ်ဆောင်ဖို့ ဝင် အရွေးချယ်ခံတာနဲ့ ပတ်သက်ပြီး ပြောပြတဲ့ ဝင်းသပြေထွန်း

ဒါရိုက်တာညိုမင်းလွင်ရိုက်ကူးမယ့် ANANDA ဆိုတဲ့ ရုပ်ရှင်ကားမှာဆံ ပင်နဲ့မျက်ခုံးမွေးကို ရိတ်ပြီးသရုပ် ဆောင်ရမယ် Notra ဆိုတဲ့ဇာတ် ကောင်တစ်ယောက်ပါဝင်ပါတယ်။ အဲဒီဇာတ်ကောင်နေရာကို စိတ်ဝင် စားပြီး သရုပ်ဆောင်လုပ်ဖို့ လျှောက်
ထားတဲ့သူများစွာရှိခဲ့ပါတယ်။ ပါဝင် လျှောက်ထားသူတွေထဲမှာ အငြိမ့် မင်းသမီးလေး ဝင်းသပြေထွန်းလည်း ပါဝင်ပြီး ဝင်းသပြေထွန်းကတော့ ဆန်ခါတင်ဆယ်ဦးစာရင်းအထိပါ ပါဝင် လာပါတယ်။

အဲဒီဇာတ်ကားမှာ ပါဝင်ဖို့လျှောက်ထားဖြစ်တာနဲ့ ပတ်သက်ပြီးမေးတော့
"သမီးဒီဇာတ် ကားမှာ ပါဝင်ဖို့ လျှောက်လွှာတင် ရင်ကောင်းမလား၊ မကောင်းလား စဉ်းစားတာ။ အချိန်တော်တော်ကြာ ခဲ့တယ်။ ဖောင်ပိတ်တော့ မယ့် ဇွန် ၃ဝရက် ည၁၂နာရီထိုးခါနီးကျမှ လျှောက်ဖြစ်လိုက်တာ။ ဘာဖြစ်လို့ စဉ်းစားလဲဆိုတော့ သမီးတို့ပွဲရာသီက စတော့မှာ ၁ဝလပိုင်းဆိုစပြီ။ ဒီဇာတ် ကားက ခေါင်းတုံးလည်း တုံးရမယ်။ တစ်လကို ၁ဝရက်နှုန်းနဲ့ ၃ လ ရိုက် ရမယ်ပေါ့။ အဲဒါတွေကို စဉ်းစားရ တယ်။ ရွေးခံရရင် ဘယ်လိုလုပ်မလဲ ပေါ့။ သမီးကလည်း သရုပ်ဆောင်လုပ်ချင်တဲ့စိတ်ရှိတော့မိဘတွေက
လည်းသဘောပဲလုပ်ပေါ့ဆိုတာနဲ့ လျှောက်ဖြစ်သွားတာ။ ဘဝအတွက် ပေါ့။ ဒါအခွင့်အရေးတစ်ခုပဲ။ ဇာတ် ပို့နေရာမှာပါဖို့တောင်မလွယ်ဘူး လေ။ ဒါကြောင့် စွန့်လွှတ်စွန့်စားပြီးဝင် လျှောက်ခဲ့တာပါ" လို့ ပြောပါတယ်။ ဝင်းသပြေထွန်းအနေနဲ့ကိုယ့်ပရိ သတ်တွေကိုဘာများ အသိပေးပြော ချင်လဲကိုမေး လို့ကြည့်တော့ "အငြိမ့် မှာတော့ သမီးကို လူသိများပါတယ်။

ဒါပေမဲ့သရုပ်ဆောင်လောကမှာ သမီးကအခုမှစရမှာ။ ရုပ်ရှင်နဲ့ပတ် သက်ပြီးဘာမှမသိသေးတဲ့ ကလေး ပါ။သမီးဘာမှမသိလို့သမီးကို ဆရာတွေက သင်ပေးရင်သင်ပေး တဲ့အတိုင်း လုပ်နိုင်မယ်လို့တော့ ယုံ ကြည်ပါတယ်။လူသိပြီးသားတွေပါ တော့အသစ်တွေနစ်နာတယ်ပြော ကြပါတယ်။သမီးက အငြိမ့်ဘက်မှာ လူသိများပေမယ့်သရုပ်ဆောင် လောကမှာ လူမသိသေးဘဲ အခုမှစ ရမယ့်အသစ်ပါ။ အဲဒီလိုတွေ ပြော ကြတာတော့သမီးစိတ်မကောင်း ပါဘူး။သမီးတို့အခုအရွေးခံထားရ တဲ့သူတွေကိုလည်းညီအစ်မတွေလိုပဲ သဘောထားပါတယ်။ ကိုယ်အရွေးခံ ရမလားဆိုတာကတော့ကံပေါ့။ သမီး ကတော့ ဘယ်သူအရွေး ခံရခံရ မုဒိ တာပွားအားပေးပါတယ်" လို့ပြော ကြားခဲ့ပါတယ်။

Credit-Popular Journal  
မိဖုရား (www.mibayar.co )


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ