Cpx24.com CPM Program
Home » » အ၀တ်ဗလာဖြင့် တွဲလွဲခိုဓာတ်ပုံရိုက်ပြီး ဆုရရှိခဲ့သူ

အ၀တ်ဗလာဖြင့် တွဲလွဲခိုဓာတ်ပုံရိုက်ပြီး ဆုရရှိခဲ့သူ

အ၀တ်ဗလာခန္ဓာကိုယ်ကို သစ်ပင်တစ်ပင်မှာ ကြိုးနဲ့တွဲလွဲခိုအနေအထားနဲ့ ကြိုးငြိနေအောင်လုပ်ပြီး သူမဘာသာ လွတ်အောင်ကြိုးစားခဲ့တာကို သူမရဲ့ကင်မရာက မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ ရုတ်တရက် ဆိုသလို လူတွေရဲ့ အာရုံစိုက်စရာ အနုပညာရသတစ်ခုဖြစ်လို့လာပါတယ်။
အဲ့ဒီမ၀ံ့ရဲစရာကောင်းတဲ့ အခြေအနေကို အဆိုပါအမျိုးသမီးကတော့ ဆုတစ်ဆုရအောင်ပင် ဖန်တီးယူနိုင်ခဲ့ပါတယ်။

လန်ဒန်မှာနေတဲ့ Hilde Krohne Huse အမည်ရ နော်ဝေအမျိုးသမီးဟာ ဗီဒီယိုဖိုင်ဖြစ်လာဖို့ တစ်နာရီကျော် သစ်ပင်ကနေ တွဲလောင်းခိုအနေအထားနဲ့ ကြိုးပမ်းအားထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
၁၁ မိနစ်ကြာတဲ့ ဗီဒီယိုဟာ စိတ်ဝင်စားဖို့ကောင်းမယ်ထင်လို့ သူမက YouTube ပေါ် တင်ခဲ့ပါတယ်။ အဲ့ဒီမှာပဲ သူ့ရဲ့ ဗီဒီယိုဟာ မမျှော်လင့်ဘဲ ကြည့်ရှုမှုအကြိမ် ၅ သိန်းနီးပါးရှိခဲ့ကာ Bloomberg New Contemporaries အနုပညာဆုကို ရရှိခဲ့ပါတော့တယ်။

“တစ်ချို့လူတွေကတော့ ကျွန်မကို ခပ်ကြောင်ကြောင်လို့ ထင်ကြတယ်။ ကိစ္စမရှိပါဘူး။ ကျွန်မက စိတ်ကူးယဉ်ဆန်ဆန်နဲ့ တကယ့်အစစ်အမှန် ရောယှက်ပြခဲ့တာပါ။ မခံစားတတ်တဲ့သူတွေအတွက်တော့ ကျွန်မပြကွက်က ထွင်လုံးတစ်ခု ဖြစ်သွားတာပေါ့” လို့ သူမရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော်
မိဖုရား ( http://mibayar.blogspot.com  )


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ