Cpx24.com CPM Program
Home » » မျက်စိဝသွားရင် Nude ကို အနုပညာအဖြစ် မြင်နိုင်လာမှာပါ

မျက်စိဝသွားရင် Nude ကို အနုပညာအဖြစ် မြင်နိုင်လာမှာပါ

ပန်းချီဆရာ ကြီးမြင့်စောနဲ့ ပန်းချီဆရာ ကိုစိုင်းတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ Nude တွေနဲ့ Knife collect လက်ရာစုံတွေပါဝင်တဲ့ ပန်းချီ ၂၅ကားကို ဇူလိုင် ၁၈ရက်ကစပြီး Cloud 31 ပြခန်းမှာ တစ်ပတ်ကြာ ပြသနေပါတယ်။ အဝတ်မဲ့ပုံတွေ ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးတဲ့လား။
အဝတ်အစားမပါတဲ့ ပုံတွေရေးဆွဲတာကို မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးလို့ ပြောဆိုကြတာတွေရှိပေမယ့် ပြပွဲတွေများများလုပ်ပြီး မြင်နေကျဖြစ်လာတဲ့အခါ Nude ကို အနုပညာတစ်ရပ်အဖြစ် မြင်နိုင်လာမယ်လို့ ပန်းချီဆရာ ကိုစိုင်းက ပြောပါတယ်။ သူတို့ရဲ့ ရေးဆွဲဖန်တီးမှုကို အနုပညာသပ်သပ်နဲ့သာ ဝေဖန်သုံးသပ်သင့်တယ်လို့ ဆိုပါတယ်။

Kyee & Sai Art Exhibition လို့ နာမည်ပေးထားတဲ့ ဒီပြပွဲမှာ Nude နဲ့ ပတ်သက်တဲ့ အနုပညာလက်ရာတွေအပြင် စပျစ်သီး၊ ဂေါ်ရခါးသီး၊ မာလကာသီး စတဲ့ အသီးပုံတွေကိုလည်း ရေးဆွဲပြသထားပါတယ်။
အနောက်တိုင်းက နိုင်ငံတွေမှာတော့ Nude ပန်းချီတွေရေးဆွဲပြီး ကမ္ဘာကျော်တဲ့သူတွေရှိပေမယ့် ဒါတွေဟာ ကာမစိတ်ဖြစ်အောင် ရေးဆွဲတာမဟုတ်ဘဲ မိန်းကလေးတွေရဲ့ အသားအရည်အလှ၊ ကိုယ်လုံးအလှတွေကို အလင်းအမှောင်တွေ၊ မျဉ်းကြောင်းတွေနဲ့ ရေးဆွဲထားတာဖြစ်တယ်လို့ ကိုစိုင်းက ပြောပါတယ်။

ပြပွဲလာကြည်တဲ့ နမ့်နွေးနွေးထိုက်ကတော့ အရင်က Nude ပန်းချီကားတွေကို ကြည့်ဖို့ သတ္တိမရှိခဲ့ပေမယ့် အခုတော့ Nude လို့ မျက်လုံးထဲမှာမမြင်တော့ဘဲ ခန္ဓာကိုယ်ပေါ်မှာ ကျနေတဲ့ အလင်းတွေ၊ ရေးဆွဲထားတဲ့ ပုံစံတွေကလည်း ချစ်ဖို့ကောင်းတာကြောင့် သဘောကျတယ်လို့ ပြောပါတယ်။

မိဖုရား
Credit - Kamayut Media


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ