Cpx24.com CPM Program
Home » » ရာမွန်မက်ဆေးဆေးဆု ဦးကျော်သူရရှိ

ရာမွန်မက်ဆေးဆေးဆု ဦးကျော်သူရရှိ

အာရှတိုက်၏နိုဗယ်ဆုဟု တင်စားသည့် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သည့် ရာမွန်မက်ဆေးဆေးဆု ( Ramon Magsaysay award) ကို ယခုနှစ်အတွက် မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ ဦးကျော်သူ အပါအဝင် အိန္ဒိယနိုင်ငံမှ Sanjiv Chaturvedi နှင့် Aushu Gupta ၊ လာအိုနိုင်ငံမှ Kommali Chanthavong ၊ ဖိလစ်ပိုင်မှ Ligaya Fernando- Amilbangsa တို့ စုစုပေါင်း ၅ဦး ရရှိခဲ့ခြင်းဖြစ်သည်။

" ရွေးလိုက်တာ ခုမှသိတာ။ အံအားသင့်သွားတယ်။ ကိုယ်ရဲ့နာမည်နဲ့ကျော်ကြားမှုကိုအသုံးချပြီး ပရဟိတ ကို အနစ်နာခံပြီးလုပ်လို့ပေးတာ " ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူက ပြောသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌ ဦးကျော်သူကို မြန်မာနိုင်ငံတွင် သေဆုံးသွားသောလူများအတွက်ကူညီခြင်း၊ အသက်ရှင်နေသူများ၏အခြေခံ ကျန်းမာရေးလိုအပ်ချက်များကို ဘာသာမခွဲ၊ လူမျိုးမခွဲ၊ အဆင့်တန်းခွဲခြားမှုမရှိပဲ ဂရုဏာကြီးစွာလုပ်ပေးခြင်းကြောင့် ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဆုအတွက် မြန်မာနိုင်ငံမှ ရရှိခဲ့သူ စုစုပေါင်း ၆ဦးရှိပြီး ၁၉၅၉တွင် နှစ်ဦး၊၂၀၁၂တွင်တစ်ဦး၊ ၊၂၀၀၉တွင် ၁ဦးနှင့် ၂၀၁၃ခုနှစ်တွင် ကချင်တိုင်းရင်းသူ ဒေါ်လဖိုင်ဆိုင်းရော် နှင့် ၂၀၁၅အတွက် ဦးကျော်သူက ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

Ramon Magsaysay award ဆုကို ၁၉၅၇ခုနှစ်က စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ သုံးဦးမြောက် သမ္မတကို ဂုဏ်ပြုချီးမြှင့်သောဆုဖြစ်သည်။

http://www.7daydaily.com/story/42934
မိဖုရား  ( http://mibayar.blogspot.com  )


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ