Cpx24.com CPM Program
Home » » ပွေ့ဖက်ခြင်းကနေ မိခင်ဖြစ်သူက ကလေးငယ်ရဲ့ဆေးကုသစရိတ်ရှာဖွေပေး

ပွေ့ဖက်ခြင်းကနေ မိခင်ဖြစ်သူက ကလေးငယ်ရဲ့ဆေးကုသစရိတ်ရှာဖွေပေး

ပွေ့ဖက်ခြင်းဆိုတာ ဈေးဗန်းထဲမှာထည့်ပြီးရောင်းရတဲ့ ကုန်ပစ္စည်းမဟုတ်ပါ ဘူး။ ဒါပေမဲ့ တရုတ်နိုင်ငံက ကလေးမိခင်တစ်ဦးကတော့သူမရဲ့ပွေ့ဖက် ခြင်းတစ်ကြိမ်ကို၁၀ယွမ်နှုန်းနဲ့အရောင်းခေါ်နေတာကို
ဘေးပတ်ဝန်းကျင် က လူတွေစိတ်ဝင်တစားနဲ့ လာရောက်ကြည့်ရှုချိန်မှာတော့ ပိုပြီးတော့ဝမ်း နည်းမျက်ရည်စို့ခဲ့ရပါတယ်။

သွေးကင်ဆာရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ သမီးဖြစ်သူ အတွက် ဆေးကုသစရိတ်ကို အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ချန်ဒီဂျွန်းဆိုသူ ကလေးအမေ သူမရဲ့ပွေ့ဖက်ခြင်းကနေ ရှာဖွေနေတာပဲဖြစ်ပါတယ်။ ချောင် ကင်းမြေအောက်ရထားဘူတာပလက်ဖောင်းမှာ သမီးငယ်ကို ဘေးမှာချထား ပြီး သူက ပွေ့ဖက်ခြင်းအရောင်းဆိုင်းပုဒ်ကို ထောင်ကိုင်ထားကာ အရောင်း ခေါ်ပါတယ်။

ဒါကို ဖြတ်သွားဖြတ်လာ သူစိမ်းသူရံတွေက သနားဂရုဏာဖြစ်ကြကာ သူမ ထံ ၁၀ ယွမ် ပေးပြီးပွေ့ဖက်ကြတာကို အခုလိုပဲမြင်တွေ့ရပါတယ်။ ချန်နဲ့ သူမရဲ့ အမျိုးသားတို့နှစ်ဦးစလုံးက ကလေးငယ်ရဲ့ဆေးကုသမှု ကုန်ကျစ ရိတ် ၇ သောင်းကျော်ကို ရှာဖွေ ဆေးကုသပေးခဲ့ပြီးဖြစ်ကာ နောက်ထပ်ကုန် ကျစရိတ်အတွက် ပိုက်ဆံရှာဖွေနိုင်တဲ့နည်းလမ်းများ မရှိတော့တာကြောင့် အခုလိုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Credit: ဖိုးသူတော်
မိဖုရား ( http://mibayar.blogspot.com  )


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ