Cpx24.com CPM Program
Home » » ​ရေပြန်​ကျပြီး​နောက်​ မင်းပြားလက်​ရှိအ​ခြေအ​နေ

ရေပြန်​ကျပြီး​နောက်​ မင်းပြားလက်​ရှိအ​ခြေအ​နေ

(သြဂုတ်​လ ၃ ၊ မင်းပြား)

ရခိုင်​ပြည်​နယ်​ ၊ မင်းပြားတွင်​ ​ရေပြန်​ကျသွားပြီး​နောက်​ ပြန်​လည်​ထူ​ထောင်​​ရေးလုပ်​ငန်းများကို လုပ်​ကိုင်​လျက်​ရှိပြီး အ​ရေး​ပေါ်​​သောက်​သုံး​ရေနှင့်​ အစားအစာများလိုအပ်​လျက်​ရှိ​ကြောင်း သိရသည်။

ရေကြီးမှု​ကြောင့်​ မင်းပြားရှိ ​ရေကန်​တစ်​ချို့  ​ရေဝင်​ခဲ့ရပြီး ​ရေကန်​ ၁၀ ​ကျော်​ရှိသည့်​အနက်​​ ​ရေကန်​ ၅ ကန်​သာ ​ရေမဝင်​ဘဲ ကျန်​ခဲ့​ဖြင့်​ အခက်​အခဲများစွာ ရှိ​နေ​ကြောင်း
အလယ်​ပိုင်းရပ်​ကွက်​မှ ကိုမင်းသန့်ဇင်​က ​ပြောကြားသည်​။

ရေကြီးစဉ်​အတွင်း ရခိုင်ပြည်နယ်ရှိ ​​​လယ်​ယာများ၊စပါးများ၊ပျက်​စီးခဲ့ရပြီး မင်းပြားရှိ ဆန်​စပါး​ဈေးနှုန်းများ ၂ ဆထိမြင့်​တက်​​နေ​ကြောင်း ဆန်​ဆိုင်​ပိုင်​ရှင်​ ​ဒေါ်သန်းသန်းနုက ​ပြောကြားသည်​။

``​ရေမကြီး​ခင်​နေ့ ထိ ​ပေါ်ဆန်း​မွှေးေ​ဈးက တစ်​အိတ်​ကို ၃၃၀၀၀ ကျပ်​သာရှိတယ်​ ... ​ရေကြီး​တော့ အလုအယက်​လုဝယ်​လိုက်​ကြတာ ဒီ​နေ့  ဆို ၅၀၀၀၀ ထိထိုးတက်​ပြီး ဝယ်ချင်လို့  ​​​ရောင်းမယ့်​သူမရှိဘူးဖြစ်​​နေတယ်​´´ဟု သူမက ​ပြောသည်​။

လက်​ရှိမင်းပြားမြို့  နယ်​တွင်​ ​ရေကြီးမှု​ကြောင့်​ ​သေဆုံးသူ ၁၃ ဦးထိရှိ​ပြီး အဝရွာမှ ​သေဆုံးသူ ၁၀ဦးနှင့်​ တခြား ၃ ဦးဖြစ်​​ကြောင်း မင်းပြားမြို့ နယ်​ ၊ မြို့ နယ်​အုပ်​ချုပ်​​ရေးမှုးရုံးမှ ဒု-ဦးစီး ဦး​အောင်​သက်​ဇံက ​ပြောကြားသည်​။

လက်​ရှိမြို့  ​ပေါ်ရှိ ပြန်​လည်​ထူ​ထောင်​​ရေးလုပ်​ငန်းများကို တပ်​မ​တော်​၊မြို့ နယ်​မီးသတ်​တပ်​ဖွဲ့ နှင့်​ လူမှုအဖွဲ့ အစည်းများမှ ပူး​ပေါင်းလုပ်​​ဆောင်​လျက်​ရှိ​ကြောင်း သိရသည်​။

ရေ​ဘေးသင့်​ဒုက္ခသည်​အများစုက ဘုန်း​တော်​ကြီးများတွင်​ ဆက်​လက်​​သောင်​တင်​​နေဆဲဖြစ်​​ကြောင်း သိရပြီး ​ရေကျသွား​ပေမယ့်​ ​နေအိမ်​များပျက်​စီးခဲ့​မှု​ကြောင့်​ ​နေရပ်​ပြန်​ရန်​ အခက်​အခဲများစွာ ရှိ​နေ​သေးဖြစ်​​ကြောင်း မင်းပြား ၊ ဓညဝတီဘုန်းကြီး​ကျောင်းရှိ ဒုက္ခသည်​စခန်းမှ ​ရေ​ဘေးသင့်​ဒုက္ခသည်​ ကိုသားကြီးက ​ပြောကြားသည်​။

မင်းပြားရှိ ​ရေ​ဘေးသင့်​ဒုက္ခသည်​များအတွက်​ အကူအညီများစွာ လိုအပ်​လျက်​ရှိ​နေဆဲဖြစ်​ပြီး
လူသားချင်းစာနာကူညီလှူဒါန်းလိုပါက မင်းပြားလူမှုကွန်ရက် ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း ဖုန်း ၀၉-၄၂၁၇၅၅၈၉၃၊ ၀၉-၂၆၁၁၅၂၂၂၉ နှင့် မင်းပြားမြို့နယ် လူမှုကွန်ရက်မှ ဦးခိုင်ဖိုးထူး ၀၉-၂၅၉၃၆၅၆၈၂ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါ​ကြောင်း ​လေးစားအားကိုးစွာ အကူအညီ​တောင်းခံအပ်​ပါသည်​။

မင်းပြားသားတစ်​ဦး


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ