Cpx24.com CPM Program
Home » » မင်းပြားရေကြီးမှု လူ ၁၀ ကျော် သေဆုံး၊ ဒုက္ခသည် တစ်သောင်းကျော် အရေးပေါ် အကူအညီလို

မင်းပြားရေကြီးမှု လူ ၁၀ ကျော် သေဆုံး၊ ဒုက္ခသည် တစ်သောင်းကျော် အရေးပေါ် အကူအညီလို

ကိုမန်ဆိုင်ကလုန်းမုန်းတိုင်း တိုက်ခတ်ခဲ့သည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ရေကြီးမှုကြောင်း လူ ၁၂ ဦး၏ အလောင်းရရှိထားပြီး မြို့ပေါ်တွင် ရောက်ရှိနေသည့် ဒုက္ခသည် တစ်သောင်းကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း မင်းပြားလူမှုကွန်ရက်မှ ဦးခိုင်ဖိုးထူးက ပြောကြားသည်။

သြဂုတ်လ ၂ ရက်နေ့တွင် ရေပြန်ကျသွားပြီ ဖြစ်သော်လည်း ဆန်၊ သောက်ရေ အပါအဝင် စားနပ်ရိက္ခာများ၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း၊ မင်းပြားမြို့ပေါ်တွင် ဒုက္ခသည် တစ်သောင်းကျော် ရှိနေပြီး ကျေးလက်ဒေသများတွင်လည်း လူပေါင်းများစွာ ရေဘေးဒဏ်ခံနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရေကြီးမှုကြောင်း ဘေးလွှတ်ရာသို့ ပြောင်းရာတွင် ငါးစရိုင်းချောင်း၌ လှေနစ်မြုပ်၍ မြစ်နားရွာက ခုနှစ်ဦး၊ အဝရွာက တစ်ဦး အပါအဝင် အလောင်း ၁၂ လောင်း ရရှိထားကြောင်း၊ ပန်းမြောင်းကြီးချောင်းတွင်လည်း မင်းဘူးကျေးရွာမှ စက်လှေတစ်စီး နစ်မြုပ်ရာတွင် လူအများအပြား ပျောက်ဆုံးနေကြောင်း ဦးခိုင်ဖိုးထူးက ဆိုသည်။

မင်းပြားမြို့နယ်တွင် ရေကြီးမှုကြောင့် သောက်ရေကန်များ ပျက်စီးသွားက ရေအခက်အခဲ ဖြစ်နေပြီး မင်းပြားမြို့နယ် မြောက်ပိုင်း ရွာလေးဆယ်ကျော် အဓိက ရေအခက်အခဲ ကြုံတွေ့နေရကြောင်း ၎င်းက ဆိုသည်။

မင်းပြားတွင် ရေဘေးဒုက္ခသည်များအတွက် ဆက်သွယ်လှူဒါန်းလိုပါက မင်းပြားလူမှုကွန်ရက် ဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း ဖုန်း ၀၉-၄၂၁၇၅၅၈၉၃၊ ၀၉-၂၆၁၁၅၂၂၂၉ နှင့် မင်းပြားမြို့နယ် လူမှုကွန်ရက်မှ ဦးခိုင်ဖိုးထူး ၀၉-၂၅၉၃၆၅၆၈၂ တို့ကို ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

Credit-The Voice Weekly
မိဖုရား ( http://mibayar.blogspot.com  )


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ