Cpx24.com CPM Program
Home » , » ဇာတ်ကားတွေ လက်ခံ ရိုက်ကူးနေပြီ ဖြစ်တဲ့ နွယ်ဒါလီထွန်းက ရေဘေးသင့် ပြည်သူတွေကို စိတ်ဓာတ်မကျဖို့ အားပေး

ဇာတ်ကားတွေ လက်ခံ ရိုက်ကူးနေပြီ ဖြစ်တဲ့ နွယ်ဒါလီထွန်းက ရေဘေးသင့် ပြည်သူတွေကို စိတ်ဓာတ်မကျဖို့ အားပေး

မော်လ်ဒယ်အနေနဲ့ ၃ နှစ်လောက်ရပ်တည်ခဲ့တဲ့ နွယ်ဒါလီထွန်းက လက်ရှိမှာ ကားရိုက်လက်ခံပြီး သရုပ်ဆောင်တစ်ယောက်အနေနဲ့ရပ်တည်နေပြီမို့ သူမလက်ခံရိုက်ကူးနေတဲ့ ဇာတ်ကားများနဲ့ပတ်သက်ပြီး သွားရောက်တွေ့ဆုံမေးမြန်းကြည့်တဲ့အခါ

-အခုရိုက်နေတဲ့ ကားအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက ခရမ်းရောင်ဆက်သွယ်မှုတဲ့။ ဒီကားလေးက ညီမရဲ့နှစ်ကားမြောက်ပေါ့။ ရှေ့မှာ ကဝေချိုးတဲ့ဖဲ ဆိုတဲ့ကားကို ဒါရိုက်တာ ကိုသားညီ၊ မင်းသားက ကိုဇေရဲထက်၊ မဒါဒါတို့နဲ့အတူရိုက်ထားတယ်။ အဲ့ဒီကားလေးက ဆန်းတယ်။ ညီမက သူများယောကျာ်းကို မြှူဆွယ်ရတဲ့ ကာရိုက်တာမျိုးပေါ့။ အခုကားလေးက ဒါရိုက်တာက ကိုသားညီပဲ။ မင်းသားကလဲ ကိုဇေရဲထက်၊ ဦးရန်လေးပါတယ်။ အန်တီစိုးမိုးကြည်ပါတယ်။ viber ကနေ Chat တဲ့ လူငယ်ဖန်စီကားလေးပေါ့။ ညီမက သူဌေးသမီး၊ ဇေရဲထက်နဲ့က အဆင့်အတန်း အရမ်းကွာတယ်။ သူကကြိုက်တော့ ပဟေဌိလေးတွေ လုပ်ပြီး ညီမကိုလိုက်တဲ့ ပုံစံလေးပေါ့။ ကျန်တာကတော့ ကားထွက်လာမှ ဆက်ပြီးကြည့်ရမှာပေါ့။

-ကားအခုမှ စရိုက်တယ်ဆိုတော့ ရှုတင်ပေါ်မှာ အခက်အခဲတွေနဲ့ဘာတွေတွေ့ရသေးလဲ။

ရှေ့ကားတုန်းကဆို ဖြစ်တယ်။ ပုံမှန်ပြောနေကျ ဒိုင်ယာလော့ခ်လေးတောင်မှ ပါးစပ်က ပြောမထွက်တာတို့ဖြစ်တယ်။ ရိုက်မယ်ဆိုပြီး ဆင်းန်ပေါ်ရောက်သွားရင် ပြောလို့မထွက်တာမျိုး သုံးလေးခါလောက်တော့ရှိဖူးတယ်။ ပထမကားတုန်းကပေါ့။ ဒီကားကတော့ အဆင်ပြေသွားတယ်။ ပထမကားတုန်းကကျတော့ ဒါလီအတွက် ပထမဆုံးလဲဖြစ်တယ်။ ရှုတင်ပေါ်ကလူတွေနဲ့မရင်းနှီးသေးတဲ့အခါကျတော့ နည်းနည်းရှိန်နေတယ်ပေါ့။ အခုကားကတော့အဆင်ပြေပါတယ်။

-အစက ကားရိုက်အတွက်အခက်အခဲရှိတယ်ဆိုပြီးမရိုက်ခဲ့ဘူး။ အခုစရိုက်ဖြစ်တာကရော ဘယ်လိုအကြောင်းများကြောင့်လဲ။

အရင်က ညီမမော်လ်ဒယ်လုပ်တုန်းက ဓာတ်ပုံရိုက်ရတယ်ဆိုလဲ တစ်နာရီလောက်ပဲ။ ရှိုးလျှောက်ရတယ်ဆိုလဲ အလွန်ဆုံး ၄ နာရီ ၅ နာရီပဲ။ ကားရိုက်ကကျတော့ ရက်လဲ အများကြီးပေးရတယ်။ အဆင်ရောပြေပါ့မလား။ ရှုတင်ပေါ်မှာနေတတ်ပါ့မလား။ ဒိုင်ယာလော့ခ်တွေ အဆင်ပြေပါ့မလားဆိုပြီး ဒီကားရိုက်ဖက်ကို မကူးဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ပထမဆုံးကားကို ညီမကြည့်လိုက်တော့ ဇာတ်လမ်းလေးလဲကြိုက်တယ်ဆိုပြီး ညီမရိုက်ဖြစ်ခဲ့တယ်။ နေ့တိုင်း ရှုတင်ပေါ်မှာ ရှုတင်အဖွဲ့သားတွေနဲ့လဲရင်းနှီးသွားတယ်။ ကိုယ်နဲ့ပါဝင် သရုပ်ဆောင်တဲ့ ၀ါရင့်သရုပ်ဆောင်တွေနဲ့လဲရင်းနှီးသွားတယ်။ လက်တွဲလဲခေါ်ကြတယ်။ ဒါရိုက်တာကအစ ကိုဇေရဲထက်ဆိုလဲ အရမ်းသင်ပေးတယ်။ တော်တော်လေးလဲ သဘောကောင်းတယ်။ အကုန်လုံးက မိသားစုလို၊ မောင်နှမလိုဖြစ်သွားပြီး ပျော်သွားတယ်။ မနက်ဆို မိတ်ကပ်သွားလိမ်းပြီးတာနဲ့ရှုတင်ကိုရောက်လာတယ်။ ပျော်သွားတယ်။ မိသားစုလိုပဲဖြစ်သွားတယ်။ ပိုပျော်ဖို့ကောင်းတယ်လို့လဲထင်တယ်။

-မော်လ်ဒယ်လုပ်ပြီး ဘယ်လောက်အကြာမှာ ကားရိုက်ဖက်ကိုကူးဖြစ်တာလဲ။

ညီမ မော်လ်ဒယ်လုပ်ပြီး ၃ နှစ်လောက်ကြာမှ ကားစရိုက်ဖြစ်တာပေါ့။

-မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ ရေဘေးနဲ့ပတ်သက်ပြီး ဒါလီရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။

ဒီတခါက နာဂစ်ထက်တောင်ပိုပြီး ဆိုးတယ်လို့ပြောလို့ရသေးတယ်။ ရက်တွေလဲတော်တော်ကြာနေပြီ။ ၁လလောက်တောင် ရှိနေပြီ။ စိတ်လဲမကောင်းဘူး။ ဒါကိုယ့်နိုင်ငံဖြစ်လို့မဟုတ်ဘူး။ တခြားနိုင်ငံမှာဖြစ်ရင်လဲ စိတ်ကောင်းမှာ မဟုတ်ဘူး။ လူသားချင်းအနေနဲ့ရောပေါ့။ ညီမအနေနဲ့တတ်နိုင်သလောက်လဲ လုပ်ပေးချင်တယ်။ အခုရက်ပိုင်း အလှူခံတွေထွက်နေကြတာတွေ့တယ်။ ဒါပေမဲ့ ညီမလဲဒီရက်မှ ဆက်တိုက်ကားရိုက်နဲ့ တိုက်နေတော့ အလှူ လိုက်ခံပေးလို့မရဘူးဖြစ်နေတယ်။ ပြီးတော့ ဒါလီကျောင်းကလဲ တက်နေသေးတယ်။ MBA သွားတက်နေတယ်။ အဲ့ဒါနဲ့အချိန်က အရမ်းမလောက်ဖြစ်နေတော့ အလှူခံလာကောက်တဲ့ သူတွေထဲကိုလဲ အလှူငွေထည့်ဖြစ်နေတယ်။ ပြီးတော့ ဒီကားပြီးရင် ၈ရက်၊ ၉ရက်လောက်ဆိုရက်ခြားလေးနားစရာရှိတော့ အဲ့ဒီရက်တွေတော့ အလှူခံထွက်ဖြစ်မှာပါ။

-ရေဘေးသင့်ပြည်သူတွေကို အားပေးစကားလေးပြောပေးပါဦး။

စိတ်ဓာတ်မကျကြပါနဲ့။ အားတင်းထားပါလို့။ ညီမတို့ကလဲသူတို့နဲ့အတူတူ အမြဲတမ်းအားပေးပြီး ရှိနေမှာပါလို့။

-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။

အချစ်ရေး ကဘာမှမရှိဘူး။ တစ်ယောက်တည်းဖြစ်နေတာကြာပြီ။ အချစ်ရေးကိုတော့ မစဉ်းစားသေးပါဘူး။

Credit - Trends. Myanmar


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ