Cpx24.com CPM Program
Home » » အမျိုးသားတွေပါဝင်တဲ့ ဟောင်ကောင် ဘရာစီယာဆန္ဒပြမှု

အမျိုးသားတွေပါဝင်တဲ့ ဟောင်ကောင် ဘရာစီယာဆန္ဒပြမှု

ဟောင်ကောင်မှာ အမျိုးသမီးတစ်ယောက်က အဓိကရုဏ်းတစ်ခုအတွင်းမှာ ရဲတစ်ဦးကို သူ့ရင်ဘတ်(ရင်သား)နဲ့ ထိပါးတိုက်ခိုက်ခဲ့လို့ဆိုပြီး သူ့ကို ထောင်ဒဏ် ၃ လခွဲ ချမှတ်လိုက်ပါတယ်။
ဒီ့အတွက် အမျိုးသားကြီးအမြောက်အမြားအပါအ၀င်  တက်ကြွလှုပ်ရှားသူဒါဇင်ပေါင်းများစွာဟာ ဘရာစီယာတွေဝတ်ပြီး ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ရဲရုံးချုပ်ရှေ့မှာစုဝေးနေခဲ့ကြတဲ့ ဆန္ဒပြသူတွေက ရင်ဘတ်ဟာ လက်နက်တစ်ခုမဟုတ်ပါဘူးဆိုပြီး အော်ဟစ်မြည်ကြွေးခဲ့ကြပါတယ်။

အသက် ၃၀ နှစ်ရှိ နိုင်လိုင်ယင်အမည်ရ စာရေးမဟာ ပြီးခဲ့တဲ့မတ်လက တရုတ်ပြည်မကြီးနယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆန့်ကျင်ရေး ဆန္ဒပြမှုရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခုအတွင်း ရဲတစ်ဦးကို ရင်ဘတ်နဲ့ တိုက်ခိုက်မှုအတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။


“ဒီစီရင်ချက်က လုံးဝကိုအဓိပ္ပါယ်မရှိပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ရင်ဘတ်ဟာ လက်နက်တစ်ခု ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီဖြစ်ရပ်က ဆန္ဒပြမှုတွေမှာပါဝင်ဖို့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ခေါင်းပုံဖြတ်သလိုဖြစ်မှာကိုလည်း ကျွန်မတို့က စိုးရွံ့တာပါ” ဟု တက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးက ပြောကြားခဲ့ပါတယ်။

Credit: ဖိုးသူတော်
မိဖုရား ( http://mibayar.blogspot.com  )


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ