Cpx24.com CPM Program
Home » » အဆိုတော်နိုင်းဝမ်း ကားတိုက်ခံရမှု မတ် ၁၀ ရက်တွင် အမှုဖွင့်မည်

အဆိုတော်နိုင်းဝမ်း ကားတိုက်ခံရမှု မတ် ၁၀ ရက်တွင် အမှုဖွင့်မည်

မတ်လ ၇ ရက် နံနက် ၂ နာရီက ကားကို ရည်ရွယ်ချက်ဖြင့် ၀င်တိုက်မှု၊ကားမှန်များ ထုရိုက်ခဲ့မှုနှင့် ပတ်သက်၍ ကာယကံရှင် အဆိုတော် နိုင်းဝမ်းက မတ်လ ၁၀ ရက်တွင် ရန်ကင်းမြို့မရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုသွားမည်ဟု အဆိုတော်နိုင်းဝမ်က မဇ္ဈိမကို ပြောသည်။

အထက်ပါအတိုင်း လုပ်ဆောင်ခဲ့သူအား ပြန်လည်တောင်းပန်ရန်အတွက် ကြေညာထားသော်လည်း မတောင်းပန်သည့်အတွက် ကျူးလွန်သူများကို  အမှုဖွင့်တရားစွဲဆိုမည်ဖြစ်သည်ဟု ၄င်းက ဆိုသည်။

"ဘယ်သူတိုက်လဲဆိုတာကို သိပါတယ်။အဲ့ဒီလူတွေကိုလဲ ကျွန်တော့်ကို တောင်းပန်ဖို့အကြောင်းကြား ထားပါတယ်။ ဒါပေမယ့် သူတို့ကမတောင်းပန်တဲ့အတွက် အမှုဖွင့်တရားစွဲဆိုသွားမှာပါ။ ဘယ်သူတွေလဲဆိုတာ တော့ အမှုဖွင့်တဲ့အချိန်ပြောပြပါမယ်" ဟု  အဆိုတော်နိုင်းဝမ်းက ပြောသည်။

အဆိုတော်နိုင်းဝမ်းသည် အခင်းဖြစ်ပွားသည့် မတ် ၇ ရက်က ရှိုးပွဲဆိုရန်အတွက် မန္တလေးတွင် ရောက် ရှိနေပြီး၊ ၎င်း၏ကားကို သူငယ်ချင်းဖြစ်သူ၏ အဆောင်တွင် အပ်နှံထားခဲ့ရာ အဆိုပါ သူငယ်ချင်းအမျိုးသမီးနှစ်ဦးက မောင်းနှင်လာစဉ် ရန်ကင်းမြို့နယ်၊ အင်းလျားလိတ်ဟိုတယ်ရှေ့ရှိ မီးပွိုင့် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ မီးနီးနေသဖြင့် နိုင်းဝမ်း၏ ကားကို ရပ်ထားရာ နောက်မှ ကားတစ်စီးက ရည်ရွယ်ချက်ရှိရှိဖြင့် ၀င်တိုက်ခဲ့သည့်အပြင်  နံဘေးမှ ကားတစ်စီးရပ်ပြီး ကားပေါ်မှ လူများက နိုင်းဝမ်း၏ကားကို ထုရိုက်ပြီး မောင်းပြေးသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုတော်နိုင်းဝမ်းက ဆိုသည်။

"တိုက်သွားတဲ့ကားရော၊ ရန်ရှာတဲ့ ကားရော နှစ်စီးစလုံးရဲ့ ကားနံပါတ်ကို မှတ်မိပါတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါပါလို့ နာမည်အတိအကျ ကျွန်တော် မပြောပေမယ့်။ ဖြေရှင်းချက်တွေ ပေးနေတဲ့သူကတော့ သူ့ဟာသူလိပ်ပြာမလုံတဲ့ ပုံပါပဲ" ဟု ၎င်းက ပြောသည်။

အဆိုတော်နိုင်းဝမ်း၏ကားတိုက်ခံရမှုနှင့်ပတ်သက်၍ ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် အလှမယ်(Miss)တစ်ဦးက လုပ်ကြံခဲ့သည်ဟုရေးသား ဖော်ပြခဲ့ခြင်းအပေါ်တွင် မော်ဒယ်ယွန်းမီမီကျော်က မတ် ၈ ရက်တွင် မဇ္ဈိမကို ရှင်းလင်းဖြေကြားထားသည်။

မိဖုရား
Credit : Mizzima


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ