Cpx24.com CPM Program
Home » » မပေါ်တပေါ်ပုံများတင်သည့် ထိုင်အမျိုးသမီးများကို အရေးယူမည်

မပေါ်တပေါ်ပုံများတင်သည့် ထိုင်အမျိုးသမီးများကို အရေးယူမည်

အင်တာနက်လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် “Underboob Selfies”စာမျက်နှာနဲ့ ပတ်သက်တဲ့ ထိုင်းအမျိုးသမီးတွေကို အရေးယူသွားမယ်လို့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက  ထုတ်ပြန်ပါတယ်။

မတ် ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး ဒီစာမျက်နှာမှာ ဓာတ်ပုံတင်တာနဲ့ ပတ်သက်တာတွေရှိရင်  ကွန်ပျူတာ အက်ဥပဒေအရ ထောင်ဒဏ် ၅ နှစ် ချမှတ်သွားမယ်လို့လည်း ၀န်ကြီးဌာနကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။

ဒီလူမှုရေး ကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ အမျိုးသမီးတွေရဲ့ ရင်သားအောက်ပိုင်းကို ဖော်ထားတဲ့ ကိုယ်တိုင်ရိုက် ဓာတ်ပုံတွေကို တင်ထားတာလည်း ဖြစ်ပါတယ်။

ဒီစာမျက်နှာကို ထိုင်းအမျိုးသမီးတွေနဲ့ ပတ်သက်တာကိုတော့ ၀န်ကြီးဌာနက သတိမထားမိသေးဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မိဖုရား
Credit : DVB


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ