Cpx24.com CPM Program
Home » » သင်္ကြန်မှာ ပြည်ပကို အလည်ခရီးထွက်မယ့် အောင်ရဲလင်း

သင်္ကြန်မှာ ပြည်ပကို အလည်ခရီးထွက်မယ့် အောင်ရဲလင်း

ဒါရိုက်တာကျော်ဇောလင်း ရိုက်ကူးနေတဲ့ 'ပွဲစားကတုံး' ဇာတ်ကားကို အောင်ရဲလင်းက ကျော်ရဲ အောင်၊ ပက်ထရစ်ရှာ၊ ယွန်းရွှေရည်တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားလေးက အချစ်ဟာသ ဇာတ်ကား လေးဖြစ်တယ်လို့ သိရပါတယ်။

အောင်ရဲလင်းက ဒီနှစ်သင်္ကြန် ကိုတော့ ပြည်ပကို အလည် ခရီးထွက်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ "ဒီနှစ်သင်္ကြန်ကိုတော့ ကျွန်တော် ပြည်ပသွားဖို့ရှိပါတယ်။ ဒီတစ်ခါတော့ အလည် သက်သက် ပဲသွားမှာပါ။ကျွန်တော်မြန်မာပြည်သင်္ကြန်ကိုလည်းကြိုက်ပါတယ်။ဒါပေမဲ့ ဘယ်လိုဖြစ်လဲဆိုတော့ အဓိကကတော့ ခရီးပိုထွက်ချင်လို့။ ဒီနှစ်သင်္ကြန်ကိုတော့ ပြည်ပသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော် တစ်ယောက်တည်းသွားဖို့ များပါတယ်။ ရက်လည်း နည်းနည်းကြာမယ်။ ဆယ့်တစ်ရက်လောက်ကြာမယ်။ အမေရိကသွားဖို့တော့
စီစဉ်နေတယ်။အခုတော့သွားဖို့အတွက်ကိုလိုက်ပြီးစီစဉ်နေရတယ်" လို့ အောင်ရဲ လင်းကပြောပါတယ်။ ၂ဝ၁၅ မှာ ပရိသတ်တွေသိချင်နေတဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ အောင်ရဲ လင်းက "ကျွန်တော် လတ်တလောအချစ်ရေးကတော့ အေးဆေးပါပဲ။

ကျွန်တော်ကတော့ အချစ်ကို အဓိက တော့ စိတ်ထဲကပဲခံစားပါတယ်။ "ကျွန်တော်စိတ်ထဲက ကြိုက်မှလည်း ကြိုက်တယ်။ စိတ် ထဲကမပါဘဲနဲ့လည်း ဟန်ဆောင်ပြီး မကြိုက်တတ် ဘူး ဆိုတော့ ပွင့်ပွင့်လင်းလင်းပဲနေတယ်။ အချစ်နဲ့ ပတ်သက်လာရင်တော့ ကျွန်တော်သိပ်ပြီးတော့ ဦးနှောက်နဲ့မစဉ်း စားဘူး။ ကိုယ်ကြိုက်ရင် ကြိုက်လိုက်တာပဲ။ အိမ်ထောင်ပြုဖို့ကတော့ လိုပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန် တော့်အနေနဲ့အိမ်ထောင် တကယ်ပြုတော့မယ်ဆိုရင်တော့ပရိသတ်ကြီးကိုအသိပေးသွားမှာပါ။ အခုတော့ လိုပါသေးတယ်။ ကျွန်တော်က အရာအားလုံးကိုလည်း ကံလို့ပဲသဘောထားပါ တယ်။ဘာဖြစ်လို့လဲဆိုတော့ကံပါပဲ။ကိုယ့်ဘက်က ဘယ်လောက်ပဲ ပြင်ဆင်ပြင်ဆင် ကံမပါရင် ဘာ မှလုပ်ယူလို့မရဘူး။ဘယ်လောက်ပဲကိုယ့်ဘက်ကမပြင်ဆင်လည်းကံပါလာရင်လည်းဖြစ်လာတာလေး တွေကအများကြီးရှိတတ်တယ်ဆိုတော့ ကံနဲ့ ဆိုင်တာ ပေါ့နော်။အဓိကကတော့ ကံ ကံ၏အကျိုးပါပဲ။ကျွန်တော် ကတော့ အဲဒါကိုပဲ ယုံကြည်ပါတယ်။လူတိုင်းကတော့ အကောင်းကိုပဲလိုချင်မက်မောကြတာချည်း
ပဲလေ။ဒါပေမဲ့ လည်းကံကလည်းပါဦးမှဖြစ်မှာလေ။
အဲဒါကြောင့်အရာအားလုံးကကံတရားပါပဲ" လို့ပြောပါတယ်။


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ