Cpx24.com CPM Program
Home » » မေတ္တာရေးမှာ ကံမကောင်းကြသူများအတွက် ယထြာ

မေတ္တာရေးမှာ ကံမကောင်းကြသူများအတွက် ယထြာ

အချစ်မေတ္တာရေးမှာ ကံမကောင်းလို့ တချို့က မေတ္တာသုတ်တွေရွတ်လိုရွတ်၊ တချို့က သမ္ဗုဒ္ဓေရွတ်လိုရွတ်၊ စသဖြင့် ကိုယ်သန်ရာ သန်ရာ လုပ်နေကြတာကို တွေ့ရပါတယ်။
ဘာလုပ်လုပ် ကောင်းတာလုပ်ရင်တော့ ကောင်းတာပဲ ပြန်ရမှာပေါ့ဗျာ ... လုပ်ကောင်းပါတယ်။ မလုပ်နဲ့လို့ မပြောလိုပါဘူး။ ဒါပေမယ့် ကိုယ်ပစ်တဲ့ ကျည်ဆံဟာ ကိုယ်ပစ်ချင်တဲ့
ပစ်မှတ်ကို ထိဖို့တော့ လိုအပ်တာပေါ့ ... မေတ္တာဓာတ်ပျက်နေတဲ့နေရာမှာ မေတ္တာသုတ်ရွတ်တာက မှန်ကန်ပေမယ့် သမ္ဗုဒ္ဓေကျ မဆိုင်ဘူးထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့
သမ္ဗုဒ္ဓေက အန္တရာယ်ကင်းဘုရားရှိခိုးအမျိုးအစားပါ။ ဒါပေမယ့် ကိုယ့်စိတ်နဲ့ကိုယ်ပဲဗျာ ... ယုံကြည်ရာလုပ်ကြပါ ... ကျနော်ကတော့ အောက်ပါနည်းလမ်းကို သုံးပါတယ်။ ဂါထာ
ပါပဲ ... မဉ္ဇူသကဂါထာပါ။ မေတ္တာပျက်နေသူတိုင်းရွတ်ဆိုဆောင်ထားနိုင်ပါတယ်။

မေတ္တာမဉ္ဇူသကော  လောကေ။
သုဖုလ္လော ဟောတု သဗ္ဗဒါ။
မေတ္တာ ပုပ္ဖ သုဂန္ဓေန။
သုခန္တု ၀ါသိတာပဇာ။

အနက် ။     ။ လောကေ ... လောကကြီးအတွင်း၌၊ မဉ္ဇူသကော ... မဉ္ဇူသကနတ်ပန်းပွင့်အလားအချစ်မေတ္တာကြီးသည်၊ သဗ္ဗဒါ ... အခါခပ်သိမ်း၊ သုဖုလ္လော ... ကောင်းစွာပွင့်
လန်းခြင်းသည်၊ ဟောတု ... ဖြစ်ပါစေသတည်း။ ပဇာ ... သတ္တ၀ါအများ၊ လူအများတို့သည်၊ မေတ္တာ ပုပ္ဖ သုဂန္ဓေစ ... မေတ္တာတည်းဟူသော ပန်းရနံ့ဖြင့်၊ ၀ါသိတာ ... ထုံသင်း
မွှေးကြိုင်အပ်သည်ဖြစ်၍၊ သုခန္တု ... ချမ်းသာကြပါစေသတည်း ...

နေ့တိုင်းရွတ်၊ မနက်ည ခေါက်ရေသတ်မှတ်မထားပဲရွတ်ကြည့်ပါ။ မေတ္တာရေးမှာ တဖန်ပြန်ပြီး ကံကို ကောင်းလာစေတတ်ပါတယ်။

ဆရာသုတဆန်း


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ