Cpx24.com CPM Program
Home » » ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးခြင်းအပေါ် အလွန်ဝမ်းနည်းပြီး အခြေအနေ စောင့်ကြည့်နေကြောင်း အီးယူသတင်းထုတ်ပြန်

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးခြင်းအပေါ် အလွန်ဝမ်းနည်းပြီး အခြေအနေ စောင့်ကြည့်နေကြောင်း အီးယူသတင်းထုတ်ပြန်

ဆက်လက်ဖြစ်ပေါ်နေ သော ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆက်စပ်၍ မကြာမီက ငြိစွန်း တိုက်ခိုက်မှုများကို ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က စိုးရိမ်မှု ဖြင့် စောင့်ကြည့်နေပြီး ငြိမ်းချမ်း စွာ ဆန္ဒပြသူများအပေါ် အင်အား သုံးခြင်းကို အလွန်ဝမ်းနည်း ကြောင်း ဥရောပသမဂ္ဂက သတင်းထုတ်ပြန်သည်။

လွတ်လပ်စွာ ဆန္ဒဖော်ထုတ် ခွင့်နှင့် တရားဥပဒေနှင့်အညီ ငြိမ်း ချမ်းစွာစုဝေးခွင့် ထိန်းသိမ်းစောင့် ရှောက်ရေးမှာ ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝန်း လုပ်ဆောင်နေမှုများ၏ အ ခြေခံဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးအစီအစဉ်ကို ဥရောပ သမဂ္ဂ၏ ခြုံငုံထောက်ခံပံ့ပိုးမှု တစ်စိတ်တစ်ပိုင်းအဖြစ် လူထု အကြား လုပ်ငန်းဆောင်ရွက်ခြင်း နှင့် လူထုစီမံခန့်ခွဲမှု၌ နိုင်ငံတကာ စံနှုန်းများနှင့်အညီ အကောင်းဆုံး အလေ့အကျင့်များ ဖြစ်ပေါ်လာ စေရန် မြန်မာနိုင်ငံတပ်ဖွဲ့အား လေ့ကျင့်သင်ကြားပေးရန် အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီနှစ်ဖက်စလုံးက ဥရောပသမဂ္ဂကို တောင်းဆိုခဲ့ကြပါသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသူ များအား လူ့အခွင့်အရေးလေးစား မှုနှင့်အညီ ကိုင်တွယ်ရေး ရဲတပ် ဖွဲ့နည်းလမ်းများအပေါ် ဥရောပ သမဂ္ဂ၏ လေ့ကျင့်ပေးမှုများကို အာရုံစိုက်ခဲ့သည်ဟု ဖော်ပြထား သည်။ ပေးအပ်ခဲ့သော လေ့ကျင့် မှုများ၏ အခြေခံကျသော ရည် ရွယ်ချက်မှာ လူ့အခွင့်အရေးအား သတိပြုမှုတိုးမြှင့်ရေး ဖြစ်သည်။

ဆွေးနွေးညှိနှိုင်းမှုများကို အ လေးအနက်ထားခဲ့ပြီး နောက်ဆုံးမတတ်သာသော အခြေအနေမှ သာ သင့်တင့်သော အင်အားအ သုံးပြုမူစဉ်းစားရန် ဖြစ်သည်။

ဥရောပသမဂ္ဂသည် ရဲတပ် ဖွဲ့မဟုတ်သော အင်အားစုများကို လေ့ကျင့်ပေးမှု မလုပ်ခဲ့ကြောင်း ရှင်းလင်းစွာ သိစေအပ်ပါသည်။ ကန့်ကွက်မှုများနှင့် ဆန္ဒပြမှုများ ကို ကိုင်တွယ်ရေး အဆိုပါ အင် အားစုများကို ညွှန်ကြားချက်ပေး သောအခါ ယင်းမှာ ဥရောပသမဂ္ဂ က လေ့ကျင့်မှုမပေးခဲ့သော သူ များနှင့်သာ သက်ဆိုင်ပါသည်။

ဥရောပသမဂ္ဂ(EU) ၏ စီမံ ချက်စတင်ခဲ့ချိန်မှစ၍ တိုးတက်မှု များ ရရှိခဲ့ပါသည်။ အီးယူက လေ့ ကျင့်ပေးထားသော ရဲတပ်ဖွဲ့များကို အသုံးပြုသောအခါ နည်းလမ်း ခြားနားမှုများရှိသည်ကို လူ့အခွင့် အရေး အဖွဲ့အစည်းများကပင် အသိအမှတ်ပြုခဲ့ကြပါသည်ဟု အီးယူက ဆိုသည်။

သို့သော်လည်း အပြောင်း အလဲမှာ နေ့ချင်း ညချင်း မဖြစ် နိုင်ပါ။ အပြောင်းအလဲအတွက် စိတ်သဘောထားပြောင်းလဲမှု လို အပ်ပါသည်။ မကြားသေးမီက အဖြစ်အပျက်များက ထပ်မံအ တည်ပြုပေးခဲ့သလို ဆက်လက် ၍ ပြုပြင်ပြောင်းလဲမှုများ နည်း ပါးသွားရေးမဟုတ်ဘဲ ပိုမိုဖြစ်ပေါ် ရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် အပြုသဘောဆောင်သော အပြောင်းအလဲများဖြစ်ပေါ်ရေး ဥရောပသမဂ္ဂဆက်လက် ထောက်ခံနေပြီး အထူးသဖြင့် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အရေးကြီးသော လုပ်ငန်းစဉ်ကို ထောက်ခံလျက်ရှိသည်ဟုအီးယူ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျောင်းသားများကို အကြမ်းမဖက်ရန် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေစဉ် အကြမ်းဖက်ဖြိုခွဲခံရသည့် ဆန္ဒပြသူများ(ဓာတ်ပုံ − ကျော်ဇင်သန်း)

Credit : 7 Days


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ