၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဒီပဲယင်းလူသတ်မှု အဖြစ်အပျက်ကို ရေးသားထားခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်အပြီး ထင်ရှားလာသည့် အခေါ်အဝေါ် အသုံးအနှုန်းတစ်ခုမှာ "စွမ်းအားရှင်" ဟူသည့် အမည်နာမ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည့် ဝန်ကြီးချုပ် ဦးစိုးဝင်း၏ အထ္ထုပတ္တိတွင် "စွမ်းအားရှင်" ဟူသည်ကို တစ်စွန်းတစ်စ လှစ်ဟပြခဲ့သော်လည်း မည်သူမည်ဝါ၊ မည်သို့သော အဖွဲ့အစည်း၊ မည်သည့်အာဏာရှိသည် ဟူသည်ကိုမူ ရေးသားထားခြင်းမရှိပါ။
စစ်အုပ်ချုပ်ရေးလက်အောက် ၂၀၀၀ ပြည့်လွန်နှစ်များအတွင်း အလွန်ရေပန်းစား တန်ခိုးထွားခဲ့သည့် "စွမ်းအားရှင်" တို့ ပါဝင်ပတ်သက်ခဲ့သည်ဟု ယုံကြည်ရသော ၂၀၀၃ မေ ၃၀ ဒီပဲယင်း အဖြစ်အပျက်တွင် လူပေါင်း ၆၀ ကျော် အသက်ဆုံးရှုံးနိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်လာခဲ့သော်လည်း ဗိုလ်ချုပ်ကြီးစိုးဝင်း၏ အတ္ထုပတ္တိတွင်မူ လေးယောက်သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရသည်ဟု ဆိုထားသည်။
ဒီပဲယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ "ဘယ်နေရာကမှန်းမသိ အသံကြားလိုက်ရပြီး ရိုက်ကြ၊ နှက်ကြဖြစ်သွားပါတယ်၊ မှောင်နဲ့ မည်းမည်း မြင်သမျှ ရိုက်ကြသလိုဖြစ်သွားပါတယ်၊ လူအုပ်ကလဲ ပြေးတဲ့သူက ပြေးဆိုတော့ အလဲလဲ အကွဲကွဲ ဖြစ်ကုန်ကြပါတယ်" လွန်ခဲ့သော ၁၂ နှစ်ခန့်က ပေါ်ပေါက်ခဲ့သည့် ဒီပဲယင်းအဖြစ်အပျက်ကို ဦးစိုးဝင်း၏ အတ္ထုပတ္တိတွင် ရေးသားထားခြင်းဖြစ်သည်။
ဒီပဲယင်းအဖြစ်အပျက်တွင် သေဆုံးသည့် လူဦးရေ အရေအတွက်ကွဲပြားချက်များ ရှိခဲ့သော်လည်း "စွမ်းအားရှင်" များ ပါဝင်ပတ်သက်ခဲ့သည် ကိုမူ ငြင်းဆို၍မရနိုင်ကြောင်း အဖြစ်အပျက်ကို ကိုယ်တွေ့ကြုံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက မီဒီယာများသို့ အကြိမ်ကြိမ် ခိုင်ခိုင်မာမာ ပြောဆိုခဲ့သည်။
ဒီပဲယင်းအဖြစ်အပျက်အပြီး လေးနှစ်အကြာ ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး ကာလတွင်လည်း အဆိုပါ "စွမ်းအားရှင်" ဟူသည့် အသုံးအနှုန်း ပြန်လည်ခေါင်းထောင်လာခဲ့ပြန်သည်။ ရွှေဝါရောင်ကာလအတွင်း ဆန္ဒပြသူများကို အရပ်ဝတ် "စွမ်းအားရှင်" ဆိုသူများက ဖမ်းဆီးချုပ်နှောင် အချုပ်ကားများပေါ်သို့ ရုပ်ပျက်ဆင်းပျက် ဆွဲတင်ဖမ်းဆီးခဲ့သည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။ သို့သော် ဆိုခဲ့သော "စွမ်းအားရှင်" ဆိုသူများ မည်သူမည်ဝါ၊ မည်သည့်အတွက်ကြောင့် ဤကဲ့သို့ လုပ်ဆောင်သည်၊ မည်သို့သော အခွင့်အာဏာရှိသည်၊ ဥပဒေနှင့် ညီညွတ်သည် မညီညွတ် ဟူသည်ကိုမူ တိပသည့် ဖြေရှင်းချက်များ ထွက်မလာခဲ့ပါ။
၂၀၀၀ ပြည့်နှစ်အလွန်နှစ်များမှ စတင်ရေပန်းစလာသည့် "စွမ်းအားရှင်" များသည် ဒီမိုကရေစီ အရပ်သားအစိုးရဟု ခေါ်ဆိုကြသည့် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် မတ်လတွင် ပြန်လည်ပေါက်လာပြန်သည်။ အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ပေးရန် ကျောင်းသားများ ဆန္ဒပြမှုကို ထိန်းသိမ်းရန်ဟူသည့် အကြောင်းပြချက်ဖြင့် ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။
မတ်လ ၅ ရက် မြို့တော်ခမ်းမရှေ့တွင် ဆန္ဒပြရန် ပြင်ဆင်နေသည့် ကျောင်းသားများကို လက်ပတ်နီဝတ်ထားသူများ သို့တည်းမဟုတ် "စွမ်းအားရှင်" ဟု ခေါ်နိုင်သည့် အရပ်သားများက ဝိုင်းဝန်းဖမ်းဆီးကြခြင်းဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းမှုသည် နိုင်ငံဂုဏ်ဆောင် သမိုင်းဝင် မြို့တော်ခမ်းမရှေ့တွင် ရုပ်ပျက်ဆင်းပျက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
မြို့တော်ခမ်းမရှေ့ အဖမ်းခံရမှုနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မေးခွန်းထုတ်လိုက်ပြီး ဤကဲ့သို့ ဖမ်းဆီးရန် စေခိုင်းအမိန့်ပေးသူကို ဖေါ်ထုတ်ပေးရန် မတ်လ ၅ ရက်ညပိုင်း သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုလိုက်သည်။ "ဒီလိုအကြမ်းဖက် ဖြိုခွင်းနည်းတွေကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။ စေခိုင်းနေသူကို ဖော်ထုတ်ပေးဖို့ အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းသွားမယ်” ဟု မင်းကိုနိုင်က ဆိုသည်။ “တာဝန်ဆိုတဲ့ အနီရောင်လက်ပတ်ကို ပတ်လိုက်ရင် ဘယ်သူမဆို မိန်းမပျိုတစ်ယောက်ကို ချုပ်နှောင်ခွင့်ရပြီလား၊ ဘယ်သူတွေက သူတို့ကိုတာဝန်လို့ အပ်နှင်းလဲ” ဟုလည်း မင်းကိုနိုင်က ထပ်မံ မေးခွန်းထုတ်ခဲ့သည်။
၈၈ မျိုးဆက် အခြားကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးကလည်း ဤကဲ့သို့ အရပ်သမားများမှ ဆန္ဒပြသူများကို ဖမ်းဆီးခဲ့ခြင်းသည် ယခင်စစ်အစိုးရ လက်ထက်ကသို့ "စွမ်းအားရှင်" များဖြင့် ဖြေရှင်းသည့် ပုံစံဖြစ်နေသည်ဟု ဆိုကာ "စွမ်းအားရှင်တွေနဲ့ဖြေရှင်းတဲ့ ပုံစံမျိးကို ဘယ်သူက ဦးဆောင်ပြီး တာဝန်ပေးသလဲ အဲဒါကို ဖော်ထုတ်ဖို့လိုပါတယ်။ တာဝန်ခံဖို့လိုပါတယ်" ဟု ဆိုခဲ့သည်။
ဆန္ဒပြသူများကို အရပ်ဝတ် "စွမ်းအားရှင်" များက ဖမ်းဆီးမှုနှင့်ပတ်သက်၍ မည်သူက တာဝန်ပေး စေခိုင်းသနည်း၊ ထိုသူတို့သည် မည်ကဲ့သို့ အာဏာရှိသည်၊ မည်သည့် တာဝန်ထမ်းဆောင်နိုင်သည်ဟူသည့် မေးခွန်းများနှင့် ပတ်သက်၍မူ သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က "သက်ဆိုင်ရာ တိုင်းအစိုးရအဖွဲ့တွေက လုပ်တာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့က လုပ်တဲ့ဟာ မဟုတ်ပါဘူး။ ပြည်နယ်အစိုးရတွေကပဲ အဲဒီကိစ္စတွေကို ကိုင်တွယ်နေတာပါ" ဟု ဆိုသည်။
မတ်လ ၅ ရက် မြို့တော်ခမ်းမရှေ့ တွင် ဆန္ဒပြသူများကို ဖမ်းဆီးရာတွင် ရဲတပ်ဖွဲ့ဝင်တို့က ပုဒ်မ ၁၂၇၊ ၁၂၈ တို့ဖြင့် အရေးယူမည်ဖြစ်ကြောင်း အသိပေးခဲ့ကြသည်။ သို့ဆိုလျှင် ပုဒ်မ ၁၂၇ ကိုလေ့လာကြည့်ပါက ဒု-ရဲအုပ်အောက် အဆင့်မနိမ့်သည့် ရဲအရှိသည် "တရားဥပဒေနှင့် ဆန့်ကျင်သည့် အစုအဝေး တစ်စုံတစ်ရာကို သို့မဟုတ် အများပြည်သူတို့ ငြိမ်းချမ်းခြင်းကို နှောက်ယှက်ဖျက်ဆီးရန်ရှိသော လူငါးဦးဖြစ်စေ၊ ၎င်းင်းထက်ပို၍ဖြစ်စေ စုဝေးသည့် အစုအဝေး တစ်စုံတစ်ရာကို လူစုခွဲစေရန် အမိန့်ပေးနိုင်သည်" ဟု ပါရှိသည်
ပုဒ်မ ၁၂၈ တွင်မူ "မြန်မာနိုင်ငံ အရန်တပ် အက်ဥပဒေအရ လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသားကိုမဆို အကူအညီတောင်းနိုင်သည်။ ထိုသူများကို အင်အားပြုလုပ်၍ လူစုခွဲရမည်" ဟု ဖေါ်ပြပါရှိသည်။
သို့သော် မတ်လ ၅ ရက် မြို့တော်ခမ်းမရှေ့ တွင် ဆန္ဒပြသူများကို ဖမ်းဆီးရာတွင် လက်ပတ်နီများဝတ်ဆင်ထားသည့် "စွမ်းအားရှင်" ဟု ယူဆနိုင်သည့် အမျိုးသားများက ဆန္ဒပြရာတွင်ပါဝင်သည့် အမျိုးသမီးများကို ဖမ်းဆီးချုပ်နှောင်မှုသည် ဥပဒေနှင့် ညီညွတ်မှုမရှိဟု ဥပဒေပညာရှင် ဦးသန်းထိုက်က ဆိုသည်။ " မနေ့က ဖြစ်စဉ်မှာ အမျိုးသမီးတွေကို ဖမ်းတယ်ဆိုရင် တကယ်တော့ အမျိုးသမီးရဲမေတွေကပဲ ဖမ်းရတာ" ဟုပြောသည်။
ပုဒ်မ ၁၂၇၊ ၁၂၈ ပြဋ္ဌာန်းချက်များပါရှိသည့် ဥပဒေဆန်းစစ်ကြည့်ပါက ၁၈၉၈ ခုနှစ် ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ခု ဖြစ်နေသည်ကို တွေ့ရှိရသည်။ နှစ်အတိအကျ တွက်ကြည့်ပါမူ နှစ်ပေါင်း ၁၁၇ နှစ် ကြာမြင့်နေပြီဖြစ်သော အလွန်ဟောင်းနွမ်းနေသည့် ဥပဒေတစ်ခုဖြစ်သည်ကို တွေ့ရှိရသည်။
ထိုဥပဒေများကို မပြင်ဆင်ဘဲ ယနေ့ခေတ်အထိ ဆက်လက်အသုံးပြုနေခြင်းသည် ဖိနှိပ်မှုတစ်ခုသာဖြစ်သည်ဟု ဥပဒေပညာရှင် ဦးသန်းထိုက်က ရှုမြင်သည်။ "ဥပဒေတော်တော်များများဟာ ခေတ်နဲ့မညီတော့ဘူး အံဝင်ဂွင်ကျမဖြစ်တော့ဘူး၊ လူ့အခွင့်အရေးနဲ့ မညီတော့ဘူး ဥပဒေကို လွှတ်တော်က မပြင်နိုင်သေးတဲ့အခါ ဒီအတိုင်း ဆက်ပြီးတော့ ကျင့်သုံးနေတယ်၊ ကျိမ်းသေတာကတော့ ဒီဥပဒေတွေကို ခုချိန်ထိ ကျင့်သုံးတုန်းပဲ လူတွေကို ဖိနှိပ်လို့ ကောင်းတုန်းပဲ" ဟုပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်များ အခန်းပါ ပြဋ္ဌာန်းချက်ပုဒ်မ ၃၅၄(ခ) တွင် "လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်" ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ သို့ဆိုလျှင် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသော၊ အခြေခံကျသော၊ မိခင်ဥပဒေဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေကို အမိန့်များ၊ ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များ၊ တည်ဆဲဥပဒေများက ကျော်လွန်ပြဋ္ဌာန်း လုပ်ဆောင်ခွင့်ရှိပါ၏လော မေးခွန်းထုတ်စရာပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း ၁၀၀ ကျော်၊ ကိုလိုနီခေတ် အင်္ဂလိပ်နယ်ချဲ့လက်ထက်က ပြဋ္ဌာန်းခဲ့ပြီး ခေတ်နှင့်မလျော်ညီသော၊ အလွန်ဟောင်းနွမ်းနေပြီဖြစ်သော ဥပဒေများကို မပြင်ဆင်နိုင်ပါက၊ ထိုဥပဒေများကို အသုံးချလျက် လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ လူ့အခွင့်အရေးနှင့် မညီသည့် လုပ်ဆောင်မှုများ၊ ဖြစ်ရပ်များ ဆက်လက်ဖြစ်ပေါ် နေနိုင်သည့်နည်းတူ လုပ်ပိုင်ခွင့်နှင့် တာဝန် မကွဲပြားသည့် "စွမ်းအားရှင်" ဟူသည့် လူတန်းစားတစ်ရပ်သည် ဆက်လက်တည်ရှိနေလိမ့်ဦးမည်။
မိဖုရား
Credit : Mizzima
Home »
» စွမ်းအားရှင်တွေ ဘယ်ကပေါ်လာတာလဲ
စွမ်းအားရှင်တွေ ဘယ်ကပေါ်လာတာလဲ
မိဖုရား
4:21 PM
No comments
Read 251 times
လူကြိုက်အများဆုံး သတင်းများ
-
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ယောက်ကျား တစ်ယောက် လိင်တံဟာ လိင် ဆက်ဆံဖို့အတွက် ဘယ်လောက် ရှိသင် ဘာလဲ။ ပြည်ပြည်စုံစုံ ပြောပြပေးပါ။ အမေးရှိလို့ ရေ...
-
စစခြင်းမှာတော့ သင်တို့ ဆက်ဆံရတာကို ရိုးသွားမှာ မဟုတ်ပါဘူး။ ပုံမှန် Position တွေနဲ့ ပုံမှန်ဆက်ဆံရုံနဲ့တင် အများကြီး လုံလောက်နေမှာပါ။ နှစ်တွေ ...
-
အမျိုးသမီးတစ်ယောက်ကို ဘာကတကယ် လိင်ပိုင်းဆိုင်ရာနိုးကြွစေလဲ ဆိုတဲ့ မေးခွန်းကို နောက်ဆုံးတော့ သုသေတီတွေက ဖြေကြားပေးလိုက်ပါပြီ။ လေ့လာမှုသစ်တစ်ရ...
-
အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ဘယ်သူတွေက ပိုပြီးတော့ ဖောက်ပြန်တတ်ကြပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက အဖြေရှာ ငြင်းခုံနေကြတာလည်း ကြာ...
-
တရုတ်အဖော်အချွတ်မယ် Zheng Ruixi ၏ အပြင်းစားဟော့ချက်ပုံများ (၁၈+)
-
ကျွန်မအသက် ၁၂နှစ်သမီးက လမ်းမကြီးဘေးနားမှာ သူငယ်ချင်းတွေနဲ့  ကစားနေတုံးပေါ့... အမေရယ် လာခေါ်တယ် ၊သမီးအလုပ်သွားရမတဲ့..၊ အမေလက်ဆွဲခေါ်တဲ့နောက်လို...
-
ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးနဲ့ လသာ (တရုတ်တန်း)တစ်ခွင်မှာ ကျင်လည် ကျက်စားနေတဲ့ နှင်းဆီ လေး(အမည်လွှဲ)ကတော့ သူမရဲ့အတွေ့အကြုံကို ...
-
သင်က ကြံ့ခိုင်သန်မာသူတစ်ယောက် ဖြစ်တယ်ဆိုပါစို့။ ကောင်မလေးနဲ့ ချစ်တင်းနှောတဲ့အခါမှာ သူမကြိုက်မယ်လို့ ယူဆရတဲ့ ခပ်ပြင်းပြင်းနဲ့ မြန်မြန်လုပ်ပေး...
-
အခု ရက်ပိုင်းအတွင်း Facebook ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စာရေးဆရာမ ရွှေရေးထင်ထင်ရဲ့ ဓာတ်ပုံနဲ့အတူ ထင်မြင်ဝေဖန်ပြောဆိုမှုကို ရေးသားပြီး S...
Get In Touch
http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g
Blogger templates
လစဉ်အလိုက် သတင်းများ
-
▼
2015
(595)
-
▼
March
(167)
- ယူနန်ပြည်နယ်တွင် " မြန်မာမတွေကို ယွမ် ၂၀၀၀၀ (ဒေါ်လာ...
- Sabai Sabai သီချင်းကို ထုံချိုင်းနဲ့တွဲပြီးဆိုတဲ့ ...
- ပေါင်ခြံဖြူစေရန်
- ရင်သားကို ကိုင်ခွင့်ပြုပြီး AIDS တိုက်ဖျက်ရေး ရန်ပ...
- အားပေးတဲ့အသင်း တန်းတက်လို့ ၀စ်လစ်စလစ် ဓာတ်ပုံ ရိုက...
- ရင်သားအတု ဟုတ်မဟုတ် ခွဲခြားနိုင်တဲ့ အချက်များ
- တက္ကဆီ မောင်းသူကို လိင် ဆက်ဆံ ခိုင်းပြီး အလို မပြည်...
- လင်နဲ့ မယား
- ဆိုင်ကယ်စီးရင်း ချစ်တင်းနှီးနှောခဲ့တဲ့ အိန္ဒိယစုံတွဲ
- စူပါမော်ဒယ် ဇာတ်ရုပ်နဲ့ ခေါင်းဆောင် မင်းသမီးနေရာက ...
- ရင်သားကြီးချင်တာလား .. ဘရာကြီးကြီးပဲဝတ်မှာလား
- အမျိုးသားတွေအတွက် ကိုယ်နဲ့ မလိုက်ဖက်တဲ့ ဆံပင်ပုံစံ...
- လူတိုင်းငေးသွားစေမယ့် လှပတဲ့မျက်ခုံးမွှေးမျိုး ပုံေ...
- ဗိုက်သားလေးတွေ ပြားချပ် ကျစ်လျစ်စေဖို့ လိုက်နာရမယ်...
- ဘယ်လိုမျက်နှာ ပိုင်ရှင်မျိုးက ဘယ်လိုဆံပင်ခွဲကြောင်...
- ရင်သား ပိုမိုဖွံ့ထွားချင်တဲ့ ပျိုမေတွေ သိထားသင့်တဲ...
- နွေရာသီအတွက် အလှအပ လျှို့ဝှက်ချက်
- ဆံပင်မညှပ်မီ သိထားရမယ့် အချက် (၆) ချက်
- Wonder Womanအဖြစ် သရုပ်ဆောင်မယ့် Gal Gadot ဟာ သူမ...
- အနမ်းမှတစ်ဆင့် ဘက်တီးရီးယား သန်း ၈၀ ကူးစက်နိုင်
- ဂျပန်မှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ ကန်ဂျီယန်းရဲ့ဇ...
- အင်္ဂလိပ်လိုပြောပြီး သရုပ်ဆောင်ရတာ အတွေ့အကြုံအများကြ...
- ‘အာရွှီးတဲ့ကိုကို’ဇာတ်ကားမှာ စိတ်တိုင်းမကျတာတွေ မျာ...
- ဗီယက်နမ်အလှမယ်လေး၏ ဟော့လွန်းသော ဟော့ဖက်ရှ...
- မိန်းမလှလေးနဲ့ ပြည့်တန်ဆာလုပ်ငန်းရဲ့သရုပ်မှန်များ
- ၂၀၁၄ ခုနှစ်က အလန်းဆုံး တရုတ်အလှမယ်များ စုစည်းမ...
- မြန်မာမော်ဒယ်အသစ်လေး မိုးယသော်၏ ဂီတာ Shape...
- အရေးအခင်းဖြစ်ရပ်မှန်တွေရိုက်ဖို့ ဒီအစိုးရလက်ထက်မှာ...
- သီချင်းပုဒ်ရေ ၃၀ ကျော်နဲ့ ပရိသတ်ကို အားရအောင်ဖျော်...
- ပရိသတ်တောင်းဆိုရင် သီချင်းဆိုပြချင်တဲ့ ခင်ဝင့်ဝါ
- သင့်ချစ်သူ ကောင်မလေးဟာ တစ်ချိန်မှာ မိခင်ကောင်းတစ်ေ...
- ကလေးရယူမယ့် စုံတွဲတွေအနေနဲ့ ၂ ရက် (သို့) ၃ ရက်တစ်ခ...
- ဂျပန်နိုင်ငံမှ ထိပ်တန်းအဖော်အချွတ်အလှမယ် A...
- ခြောက်ပြစ်ကင်းတဲ့  Zhang Xin Yu ၏ အလှ
- အသက် ၁၉ နှစ်တုန်းက အဓမ္မပြုကျင့်ခံရဖူးတယ်လို့ ဖွင့်...
- ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
- ရှန်ဟိုင်းအလှမယ် ဟောင်မီနီ၏ အဖော်အချွတ်ဖက်...
- တရုတ်နိုင်ငံမှ နာမည်ကြီး အဖော်အချွတ်မော်ဒယ...
- ညို့ ငင်နိုင်စွမ်းအပြည့်နဲ့ အာရှအလှမယ်လေး
- ရှင်ဘုရင်နှင့် ညားမှ မိဖုရား
- ရိုးရာစောင်းနဲ့  Sexy ကျနေတဲ့  တရုတ်အလှမယ်
- The Family Is Coming (ရုပ်သံဇာတ်လမ်းတွဲလမ်းညွှန်)
- အာရှထိပ်တန်း Sexy မော်ဒယ်တစ်ဦး၏ Sexy အလှဓာတ...
- Yangon Runway ရုပ်ရှင်ကား တွင်ပါဝင်သရုပ်ဆောင်မည့် ...
- ရုံးသွား ရုံးလာ၊ ကုမ္ပဏီဝန်ထမ်းပျိုမေတွေ သိထားရမယ့်...
- ထိုင်ဝမ်အလှမယ်ရဲ့  ညနေခင်းအလှ
- မေတ္တာရေးမှာ ကံမကောင်းကြသူများအတွက် ယထြာ
- အာရှထိပ်တန်း Hottest အလှမယ် Nuey
- နွေရာသီအတွက် ကျန်းမာရေး လမ်းညွှန်
- နန်းမြတ်ဖြိုးသင်း၏ ရီဝေဝေအလှ
- လျူယန်၏ စွဲမက်ဖွယ် အလှပုံရိပ်များ
- ဇမ်ယူ ( Zhang You ) - ၏ ညို့  ချက်ပြင်းပြင်း အ...
- ဇွန်သဉ္ဇာနဲ့  ဇာဇာထက်တို့  ကို အမီလိုက်နေတဲ့  ကဗျာ
- မင်းသမီးကြီး တင်တင်ညို ပြောတဲ့ Sexy Pose ဆိုတာ. . .
- အိပ်ရေး၀၀ အိပ်ထားတဲ့ အမျိုးသမီးတွေဟာ ချစ်တင်းနှီးေ...
- မပေါ်တပေါ်ပုံများတင်သည့် ထိုင်အမျိုးသမီးများကို အရေး...
- ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သ...
- လာပြန်ပြီ Sexy ဘုရင်မ ရွှေစင်
- အမျိုးသမီးတွေ မငြင်းရက်နိုင်လောက်တဲ့ အမျိုးသား၆မျိုး
- ယခုတစ်ပတ်ထွက်ရှိလာသည့် Tech Space နည်းပညာဂျာနယ် Vo...
- ၅ မိနစ်အတွင်း ခေါင်းကိုက်ပျောက်တဲ့နည်း
- ချစ်တင်းနှီးနှောနေစဉ် လိင်အဂါင်္ ကျိုးပျက်သွားခဲ့တဲ့...
- အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ ဘက်မှာ လွတ်လပ်တဲ့ ...
- ဗုဒ္ဓပုံတော်မှာ နားကြပ်တပ်သူများကို အလုပ်ကြမ်းနှင့်...
- ချစ်သူနဲ့ လမ်းခွဲပြီး အသည်းကွဲနေသူတွေဟာ ဘယ်သူ့ကို ...
- အိုလံပစ်ခြေစစ်ပွဲ ပထမဆင့် အိန္ဒိယကို မြန်မာ ဂိုးပြတ...
- ဗီဒီယို ဇာတ်ကားများ လုံးဝ ရိုက်ကူးတော့မည် မဟုတ်ဟု ...
- အသက် ၇၂ နှစ် ခရစ်ယာန်သီလရှင် အုပ်စုဖွဲ့အဓမ္မပြုကျင်...
- သီလရှင်ကို အဖွဲ့လိုက် မုဒိမ်းကျင့်၊ လူ ၈ ဦး မေးမြ...
- Hot တုန်းပဲ
- တစ်ကိုယ်တော်အခွေထဲက သီိချင်းနှစ်ပုဒ်ကို အခွေမထွက်ခ...
- သင်္ကြန်မှာ ပြည်ပကို အလည်ခရီးထွက်မယ့် အောင်ရဲလင်း
- ဝိုင်းစုလောက် သတ္တိမရှိဘူးလို့ ဆိုတဲ့ စန္ဒီမြင့်လွင်
- ဖမ်းဆီးခံကျောင်းသူတွေကို ကိုယ်ဝန်စစ်ခဲ့
- မိန်းကလေးတစ်ယောက် ကြွေလာအောင် ဖုန်းပြောနည်း
- နစ်မြုတ်ရေယာဉ် အောင်တံခွန် ၃ အတွက် ရှာဖွေရေးလုပ်ငန...
- ယွန်းမီမီကျော်၏ sexy ကျတဲ့  အားကစားဖက်ရှင် အလှ
- ကြီးမားတဲ့ သဘာဝရင်သား ပိုင်ဆိုင် ထားတဲ့ အမျိုးသမီး
- မြေပုံ နှင့်ကျောက်ဖြူကြား သင်္ဘောနစ်မြုပ် လူ ၃၀ခန့်ေ...
- သရုပ်ဆောင် အကယ်ဒမီ အောင်ခိုင်နဲ့ တွေ့ဆုံခြင်း
- အိနုဝေ ရဲ့  လန်းချက်က 9 plus တောင် ပေးလောက်...
- နိုင်ငံတော်သမ္မတ ပညာသင်ဆုအတွက် လူတွေ့ စစ်ဆေးခံရမည့်...
- အမျိုးသားတွေ ဘာကြောင့် တင်ပါးဆုံကြီးတဲ့ အမျိုးသမီး...
- ရော်နယ်ဒိုရဲ့နေရာ အစားထိုးလိုက်တဲ့ အီရီနာရဲ့ အချစ်သစ်
- ရေစိုနေတဲ့  အလှနဲ့  မိုးယုစံ
- ဘုရင်စနစ် ကိုစော်ကားမှုဖြင့် ထိုင်းမင်းသမီးဟောင်း ၏...
- အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တုံ့ပြန်...
- အိမ်ထောင်ရှိသူထပ်မံလက်ထပ်လျှင် ထောင် ၁၀ နှစ်အထိချန...
- ရုပ်ရှင်အစည်းအရုံးကို မေးခွန်းထုတ်လိုက်တဲ့ ဒါရိုက်...
- ဖိုးလပြည့် (ခ) နေရွှေသွေးအောင် ရင်ဖွင့်ပြီ
- ဖြိုခွင်းခံ လက်ပံတန်းကျောင်း သားများကို အချုပ်ကား ...
- နိုင်ငံကို ပြောင်းလဲအောင် လုပ်မယ်ဆိုပြီး အခြေခံ လူ...
- ကောင်မလေးတစ်ယောက်ကို ကြောင်မယ်ဆိုရင် သတိပြုရမယ့်အခ...
- အိချောပိုရဲ့  စွဲမက်ဖွယ် Selfie ပုံများ
- အဲ့သလောက်တောင် ပွင့်လင်းရသလား ကင်မ်ကာဒါရှီယန် ရယ်
- အမျိုးသားတွေရဲ့ ထိပါးစော်ကားတာကို ကာကွယ်ဖို့ သံချပ...
- အဆိုတော်နိုင်းဝမ်း ကားတိုက်ခံရမှု မတ် ၁၀ ရက်တွင် အမ...
- ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံးခြင်းအပေါ် ...
- ရင်သား လှပ ပြီး ထွားချင်သူ ပျိုမေများ ဖတ်ဖို့ ဗဟုသ...
- မြန်မာနိုင်ငံ အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရမ...
-
▼
March
(167)
Label
)
)းမာရေး
ရုပ်ရှင်
ရုပ်သံ
15+
18+
Beauty
Celebrity
Lifestyle
Miss
Model
Movie
Video
ကျန်းမာရေး
ခ
ဂီတ
ဂျာနယ်
ထူးဆန်းထွေလာ
နည်းပညာ
နိုင်ငံတကာသတင်း
ပရလောက
မင်းသမီး
မှုခင်း
မှုဒိန်း
ပြည့်တန်ဆာ
ပြည့်တန်ဆာ
ပြည်တွင်း
ပြတိုက်
သတင်း
ဟာသ
အဆိုတော်
အနုပညာ
အကြမ်းဖက်မှု
အိမ်
အနုပညာ
ဆောင်းပါး
ပေးစာ
နိုင်ငံတကာ
0 comments:
Post a Comment