Cpx24.com CPM Program
Home » » ဖခင်ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ နားထားရတဲ့ ချစ်စနိုးဦး

ဖခင်ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ နားထားရတဲ့ ချစ်စနိုးဦး

ဖခင်၏ ကျန်းမာရေးအ ခြေအနေကြောင့် ဇာတ်ကားရိုက် ကူးမှုများရပ်နားထားသည့်ချစ်စ နိုးဦးက ဖခင်၏ ကျန်းမာရေးပြန် လည်   ကောင်းမွန်လာသော ကြောင့် မကြာမီလပိုင်းအတွင်း အနုပညာလှုပ်ရှားမှုများပြန်လည် ပြုလုပ်တော့မည်ဟုပြောသည်။

‘‘အဖေက အစ်မရှုတင်ကို ကားမောင်းပြီးလိုက်ပို့ပေးတယ်။ အမေက အစ်မနောက်ကိုအမြဲ လိုက်တယ်။ အဖေကျန်းမာရေးမ ကောင်းတော့ ကားမောင်းပို့မယ့် လူလည်းမရှိဘူး။ မောင်လေးကျ တော့လည်း သူ့ကျောင်းတစ်ဖက် နဲ့ဆိုတော့ မောင်းမပို့နိုင်ဘူး။ နောက်ပြီး အစ်မတို့က မိသားစု လည်းနည်းတော့အဖေ့ကိုပြုစု မယ့်လူကလည်း ကိုယ်ပဲရှိလို့ဘာ မှမလုပ်ဖြစ်တော့တာ’’ဟု အနုပ ညာလှုပ်ရှားမှုများမပြုလုပ်ဖြစ် သည့်အကြောင်းကို ချစ်စနိုးဦးကပြောသည်။ ယခုအချိန်တွင်မူ ဖခင်၏ ကျန်းမာရေးအခြေအနေပြန် လည်ကောင်းမွန်လာပြီဖြစ်ပြီး ဘန်ကောက်တွင် ကျန်းမာရေးစစ် ဆေးမှုများ    ထပ်မံပြုလုပ်ကာ ကောင်းမွန်ပြီဆိုပါက အနုပညာ လှုပ်ရှားမှုများပြန်လည်ပြုလုပ် သွားမည်ဟု ၎င်းကဆိုသည်။

‘‘အစ်မရဲ့ တစ်ကိုယ်တော် ခွေကိုလည်း ဗီစီဒီရိုက်ရဦးမယ်။ အဖေကျန်းမာရေးမကောင်း တော့ မရိုက်ဖြစ်တာ။ အခုအဖေ လည်း ကျန်းမာရေးပြန်ကောင်း လာပြီဆိုတော့ ဒီတစ်လ၊နှစ်လအ တွင်းမှာ  ပြန်ရိုက်ဖြစ်မှာပါ’’ ဟု ချစ်စနိုးဦးကပြောသည်။

လတ်တလောအနုပညာ လှုပ်ရှားမှုအနေဖြင့် သွားရေးလာ ရေးလွယ်ကူသည့်ဖျော်ဖြေရေးခ ရီးစဉ်များကိုသာ သွားရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း၎င်းက ပြောသည်။

မိဖုရား
Credit - 7 Days


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ