Cpx24.com CPM Program
Home » » ချစ်တင်းနှောခြင်းဟာ ရေရှည်မှတ်ဥာဏ် ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဆဲလ်ကြီးထွားမှုအတွက် အထောက်အကူပြု

ချစ်တင်းနှောခြင်းဟာ ရေရှည်မှတ်ဥာဏ် ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဆဲလ်ကြီးထွားမှုအတွက် အထောက်အကူပြု

ချစ်တင်းနှောခြင်းဟာ ဦးနှောက်ဆဲလ်ကြီးထွားမှုနဲ့ ရေရှည်မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ရပ်ပြုပြီး ပြောခဲ့ပါတယ်။ သက်လတ်ပိုင်း ကြွက်တွေဟာ မိတ်လိုက်ပြီးတဲ့နောက် ဦးနှောက်ဆဲလ် အရေအတွက် သိပ်များနေတာကို လေ့လာမှုမှာ တွေ့ရှိခဲ့ကြရပါတယ်။

Hippocampus လို့ခေါ်တဲ့ ဦးနှောက်အပိုင်းထဲမှာ neuron(အာရုံကြောဆဲလ်) တွေ ပွားများလာတာပါ။ ဦးနှောက်ဆဲလ် အရေအတွက် များလာတဲ့အတွက် မှတ်ဉာဏ်၊ သိမြင်တတ်မှု၊ သဘောပေါက်လွယ်မှု စတာတွေ ပိုကောင်းလာပါတယ်။

ချစ်တင်းနှောတဲ့ လှုပ်ရှားမှုတွေကို ဖြတ်တောက်လိုက်တဲ့ နောက်မှာတော့  ဦးနှောက်စွမ်းရည် တိုးတက်မှုဖြစ်စဉ်တွေဟာလည်း ဆုံးရှုံးသွားပါတယ်။   ချစ်တင်းနှောခြင်းဟာ စိတ်ဖိစီးမှုကိုလည်း တိုက်ဖျက်ပေးတယ်လို့ နောက်ထပ် လေ့လာမှု တစ်ရပ်အရ သိရပါတယ်။

မိဖုရား
Credit: Trend Myanmar


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ