Cpx24.com CPM Program
Home » » ရာသီလာနေချိန်အတွင်း ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေ လုပ်ဆောင်ဖို့ သင့်တော်သလဲ

ရာသီလာနေချိန်အတွင်း ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေ လုပ်ဆောင်ဖို့ သင့်တော်သလဲ

ဓမ္မတာရာသီသွေးပေါ်ချိန်မို့ နေ့တိုင်းမပျက်မကွက် လုပ်နေကျ ကိုယ်လက်လေ့ကျင့်ခန်းကို မလုပ်ချင်တော့ပဲ အနားယူဖို့ စဉ်းစားနေပြီလား။ တကယ်တော့ ရာသီလာချိန်မှာလည်း သူနဲ့သင့်တော်တဲ့ မပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးလေးတွေ လုပ်ပေးနိုင်ပါတယ်။ ဒါဟာ ရာသီလာချိန် သင့်ကို ပင်ပန်းစေတာမျိုးမဖြစ်ပဲ လန်းဆန်းမှုကိုတောင် ရရှိခံစားနိုင်ပါလိမ့်မယ်။

အကြောလျှော့ပေးပါ

အကြောလျှော့တာကလည်း လေ့ကျင့်ခန်းလုပ်သလိုပါပဲ။ နာကျင်မှုကြောင့် လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင် အကြောလျှော့ပေးတာမျိုးတော့ လုပ်ပေးသင့်ပါတယ်။ အိပ်ယာကထလိုက်တာနဲ့ ကြမ်းပြင်ပေါ်မှာထိုင်ပြီး အကြောလျှော့ပေးလိုက်ပါ။ ဒါဆို ပုံမှန်ထက်နေလို့ ကောင်းသွားပါလိမ့်မယ်။ အဲ့ဒီလို အကြောလျှော့နေချိန်အတွင်း အသက်ရှု လေ့ကျင့်ခန်းကိုပါ တွဲလုပ်ပေးနိုင်ပါတယ်။

တရားထိုင်ပါ

တရားထိုင်ခြင်းဟာ သင့်စိတ်အတွက် လေ့ကျင့်ခန်းလုပ်ပေးတာနဲ့ တူပါတယ်။ အထူးသဖြင့် ရာသီလာချိန်မှာ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုများတာ၊ ဒေါသထွက်တာ၊ စိတ်ထဲ တင်းကျပ်နေလို့ မကောင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလို အချိန်မျိုးမှာ တရားထိုင်တာဟာ စိတ်တည်ငြိမ်စေပါတယ်။ ဒါ့ကြောင့် အနည်းဆုံး ၁၅မိနစ်ကနေ နာရီဝက်အထိ တရားထိုင်ဖို့ အချိန်ပေးကြည့်ပါ။

သိပ်မပြင်းထန်တဲ့ ယောဂကျင့်စဉ် တစ်ချို့ကို ကျင့်ပါ

နေ့စဉ်နေ့တိုင်း လုပ်လို့ရတဲ့ လေ့ကျင့်ခန်းဟာ ယောဂပါပဲ။ ရာသီလာချိန်မှာ ယောဂကျင့်တဲ့အတွက် ဘာဆိုးကျိုးမှမရှိပါဘူး။ သူက သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် သင့်ခန္ဓာကိုယ်က နာကျင်မှုဝေဒနာတွေကို လျော့ပါးသွားစေပါလိမ့်မယ်။

လမ်းလျှောက်ပါ

အရင်က ပြေးလေ့ရှိတဲ့သူတွေအတွက်တော့ ရာသီလာနေချိန်အတွင်း ပြေးတာမျိုးထက် လမ်းလျှောက်တာမျိုးကို ပိုအသားပေးလုပ်ဆောင်သင့်ပါတယ်။ ပြေးတာမျိုးက အခန့်မသင့်ရင် ပင်ပန်းနုံးချိသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် လမ်းလျှောက်တာမျိုးလောက်သာ လုပ်ပေးပါ။ ရာသီလာနေချိန်မှာ ဘယ်အရာမှ အပြင်းအထန် မလုပ်ဆောင်ပါနဲ့။

မိဖုရား
Credit: Trend Myanmar


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ