Cpx24.com CPM Program
သင်္ကြန်စီးရီးတစ်ခွေ ဖန်တီးနေတဲ့ ပိုပို
သင်္ကြန်သီချင်းခြောက် ပုဒ်ပါဝင်မည့် မီနီအယ်လ်ဘမ်အ ခွေကို မတ်လအတွင်း ထွက်ရှိနိုင် ရန် စီစဉ်နေကြောင်း ပိုပိုက ပြော သည်။
‘‘ပိုပိုက သင်္ကြန်ကို အရမ်း ကြိုက်တယ်။ သင်္ကြန်နဲ့ပတ်သက် ရင် အရမ်းပျော်တတ်တယ်။ သင်္ကြန်သီချင်းတွေကိုလည်း ကြိုက်တယ်။ အဲဒါကြောင့် လုပ် ဖြစ်တာ။ တစ်ခွေလုံးကလည်း ကိုယ့်ဟာကိုယ်ရေးထားတာ’’ဟု ၎င်းက ပြောသည်။
ယင်းအခွေကို ‘သင်္ကြန်ဆု တောင်း’ဟု အမည်ပေးထားပြီး သီချင်းအမျိုးအစားအစုံ ပါဝင် မည်ဖြစ်ကာ မတ်လ ၅ ရက်တွင် ဖြန့်ချိနိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ဆိုသည်။
‘‘သင်္ကြန်ဒိုးတွေနဲ့ တီးထား တဲ့ သင်္ကြန်ဆုတောင်းသီချင်းဆို ရင် ပရိသတ်တွေ နားထောင်လိုက်တာနဲ့ ပိုပိုရေးတယ်လို့တောင် ထင်မှာမဟုတ်ဘူး။ အတီးပိုင်းတွေ ရော တော်တော်အားထည့်ထား တယ်’’ဟု ပိုပိုက ပြောသည်။
ထို့အပြင် အသည်းကွဲသီချင်း တစ်ပုဒ်လည်း ပါဝင်မည်ဖြစ်ပြီး ဒီဗီဒီကိုပါ တစ်ပါတည်းဖြန့်ချိမည် ဖြစ်သောကြောင့် ရိုက်ကူးရေးများ ပြုလုပ်နေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ရဲလေး၊ အောင် လေးတို့နှင့်အတူ တစ်နာရီကျော် ကြာ ဇာတ်လမ်းတစ်ပုဒ်ကိုလည်း ရိုက်ကူးထားပြီး သင်္ကြန်အခွေဖြန့် ချိရာ၌ တစ်ပါတည်းထည့်သွင်း ပေးမည်ဟု ပိုပိုက ပြောသည်။
‘‘ဇာတ်လမ်းလေးက ပိုပို့ ဇာတ်လမ်းပါ။ ကံကြမ္မာအလှည့် အပြောင်းတွေကြုံရတဲ့ ဇာတ်လမ်းလေး။ ဇာတ်လမ်းရဲ့နောက်ဆုံးမှာ ကိုရဲလေးနဲ့ ဆုံရမှာလား၊ ကိုအောင်လေးနဲ့ ဆုံရမှာလားဆို တာ စဉ်းစားရတာမျိုးလေးတွေ လည်း ပါမယ်’’ဟု ပိုပိုက ၎င်းရိုက် ကူးနေသည့်    ဇာတ်လမ်းအ ကြောင်း ပြောသည်။
ပိုပိုက ၎င်း၏ ဒုတိယအခွေ ဖြစ်သော ‘အလွမ်းသီချင်းကြိုက် တဲ့ ရေဒီယို’စီးရီး ဒီဗီဒီကို သင်္ကြန် ဆုတောင်းထွက်ပြီးသည့်အချိန်မှ သာ စီစဉ်မည်ဟု ၎င်းက ဆိုသည်။
ထို့အပြင် ၎င်း၏ အနုပညာ ဖန်တီးမှုနှင့်ပတ်သက်သော အ မှတ်တရများကို တက်တူးအဖြစ် ရေးထိုးထားသည့် ပရိသတ်များအား အခွေအသစ်ထွက်ရှိတိုင်း လက်ဆောင်အဖြစ်ပို့ပေးရန် အစီအစဉ်ရှိပြီး ယင်းကဲ့သို့ တက်တူးထိုးထားသည့် ပရိသတ်များအနေဖြင့် ၎င်း၏ဖေ့စ်ဘွတ်ခ် ‘ဝတ်ရည်မိုး’ သို့ ဆက်သွယ်ရမည့် လိပ်စာများ ပေးပို့နိုင်ကြောင်း  ပိုပိုက ပြော သည်။
မိဖုရား
Credit - 7 Day News
Rate this posting:
{[['']]}
Read 251 times
ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေမှ ကျောင်းသူများ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေသော နိုက်ကလပ်အား ၀င်ရောက်ဖမ်းဆီး
ထိုင်းနိုင်ငံ ချွန်ဘူရီ ပြည်နယ်Pattaya ပတ္တရား ပင်လယ်ကမ်းစပ်မြိုမှာဖွင့်လှစ်ထားတဲ့ Bali Hai နိုက်ကလပ် ကပွဲရုံ အား ယနေ့ မနက် (၆) နာရီမှာ (သောကြာနေ့ ပါတီမှာ မနက်မိုးလင်းအထိ ကခုံကြသည်) ရဲတပ်ဖွဲ့ ဝင်တွေ ၀င်ရောက် စစ်ဆေးခဲ့ပါတယ်။
ကလပ်အတွင်း မှာ ကျောင်းဝတ်စုံတွေနဲ့  ကခုံနေကြတဲ့ လူငယ် ၂၀၀ ကျော် တွေ့ ရပါတယ်။
ရဲတွေက မီးတွေဖွင့်ခိုင်းလိုက်ပြီး ကနေသူအားလုံးကို ရပ်ခိုင်းလိုက်ပါတယ်။ ကလပ် အတွင်းမှ အမျိုးသမီး အမျိုးသားများ အားလုံးအား အုပ်စု နှစ်စုခွဲပြီး မှတ်ပုံတင်နဲ့  ဆီးစစ်ဆေး မှုတွေ ပြုလုပ်ခဲ့တဲ့အခါမှာ အယောက် (၃၀)ကျော်ဟာ မူးယစ်ဆေး ၀ါးသုံးစွဲထားတာတွေ့ ရပြီး မိန်းခလေး (၇)ယောက်က အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကျောင်းသူတွေပါ။
ဆိုင်မန်နေဂျနဲ့  ပိုင်ရှင်ကိုတော့ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်၊ ယခင်က လည်း တစ်ကြိမ် ၀င်ရောက်ဖမ်းဆီးခဲ့ဘူးပြီး ဆိုင်ဖွင့်ခွင့် ငါးနှစ်ပိတ်ပင်ထားရာမှ တလအကြာ နံမည်တမျိုးပြောင်းပြီး ထပ်ဖွင့်ခဲ့တာပါ။
ယခုဝင်ရောက်ဖမ်းဆီးခဲ့တဲ့ နိုက်ကလပ်မှာ ကျောင်းသူလေးတွေ ပြည်တန်ဆာ အဖြစ် လုပ်ကိုင်နေတာကို ကြိုတင် သတင်းပေးခဲ့လို့  ရဲတပ်ဖွဲ့ ဝင် ၅၀ က ၀င်ရောက်ရှာဖွေ ဖမ်း ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဆေးသုံးဆွဲထားတဲ့ လူငယ်တွေကိုတော့ လူငယ်ပြုပြင်ရေး စခန်းဆီပို့ မှာဖြစ်ကြောင်း သိရပါတယ်။
မိဖုရား
Social Action for Women - SAW
Rate this posting:
{[['']]}
Read 251 times
သီချင်းဆိုကောင်းတဲ့ Miss World Myanmar အလှမယ် ဝိုင်း​လေး
သီချင်းဆိုကောင်းတဲ့ Miss World Myanmar အလှမယ် ဝိုင်း​လေး
Rate this posting:
{[['']]}
Read 251 times
8 Day Journal Cover ရိုက်​ခဲ့တဲ့ ​မော်​ဒယ်​လ်​ ဆန်းသစ်​လ၏ အလန်းစားပုံများ
မိဖုရားRate this posting:
{[['']]}
Read 251 times
Calvin Klein နဲ့ အိပ်စက်ခဲ့ကြတဲ့ ဂျက်စတင်ဘီဘာနဲ့ ကန်ဒဲလ်ဂျင်နာ
နာမည်ကျော် အောက်ခံအဝတ်အစားတစ်ခုဖြစ်တဲ့ Calvin Klein ကတော့ သူတို့ရဲ့ ၂၀၁၆ နွေဦးရာသီကြော်ငြာ လှုံ့ဆော်မှုအဖြစ် သူတို့ရဲ့ ကြော်ငြာမော်ဒယ်တွေဖြစ်တဲ့  Justin Bieber (ဂျက်စတင်ဘီဘာ) နဲ့  Kendall Jenner (ကန်ဒဲလ်ဂျင်နာ) တို့ကို အိပ်ရာထဲမှာ အိပ်စက်နေတဲ့စတိုင်နဲ့ ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။
သူတို့နှစ်ယောက်ကိုတော့ တစ်ယောက်တစ်အိပ်ရာစီမှာ ရိုက်ကူးမှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်တွဲရိုက်ကူးမှုတွေကိုတော့ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ ကန်ဒဲလ်ကတော့ သူမရဲ့ ခန္ဒာကိုယ်အလှနဲ့အတူ ဓာတ်ပုံရိုက်ကူးခံခဲ့ပြီး သူမရဲ့ လက်ကို ရင်ဘတ်ပေါ်ကို တင်ထားတဲ့ အနေအထားနဲ့ ရိုက်ကူးခံခဲ့တာကို တွေ့ရပါတယ်။
ဂျက်စတင်ဘီဘာကတော့ သူ့ရဲ့ အပေါ်ပိုင်းဗလာနဲ့ ဘောက်ဆာဘောင်းဘီ ဝတ်ဆင်ပြီး အိပ်မောကျနေတဲ့ ပုံစံမျိုးနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Calvin Klein က သူတို့ရဲ့ တရားဝင် Instagram စာမျက်နှာပေါ်မှာ တင်ထားခဲ့ပြီး “Calvin နဲ့အတူ အိပ်မက်မက်နေတယ်” လို့ ရေးသားထားခဲ့တာကိုလည်း တွေ့ရပါတယ်။
မိဖုရား
Credit - သစ်​ထူးလွင်​Rate this posting:
{[['']]}
Read 251 times
အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် NLD ကလျာထားသူဦးအေးသာအောင်နှင့်တွေ့ဆုံခြင်း
ရခိုင်အမျိုးသား ဦးအေးသာအောင်ကို ၁၉၄၅ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး၊ အင်္ဂလိပ်အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီးနောက်ပိုင်း ၁၉၇၀ခုနှစ်တွင် နိုင်ငံရေးနယ်ပယ်အတွင်း ၀င်ရောက်ခဲ့သူလည်းဖြစ်သည်။ လက်ရှိ အချိန်ထိ ကျန်းမာစွာနေထိုင်နေသူလည်းဖြစ်သည်။
"တိုင်းရင်း သားအရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို လက်တွေ့အကောင် အထည် ဖော်နိုင်မှ အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ရာရောက်မယ်လို့ ပြောချင်ပါတယ်။…………………"
မေး။     ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒု-ဥက္ကဋ္ဌအဖြစ်လျာထားတယ်ဆိုတဲ့အပေါ် အန်ကယ့်သဘောထားနဲ့။ လက်ခံတာ၊ လက်မခံတာများရှိလားခင်ဗျ။
အဲဒီကိစ္စနဲ့ပက်သက်ပြီးတော့ ပြီးခဲ့တဲ့တနေ့ကမှ ဦးတ၀င်းထိန်က သူတို့ပါတီရဲ့သဘောထားကို အန်ကယ် ကိုပြောတယ်။ လွှတ်တော်ရဲ့ ဥပဒေ၊နည်းဥပဒေတွေအရက လွှတ်တော်ထဲရောက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ကိုဖြစ်ဖြစ် ရွေးချယ်ဖို့မဲခွဲဆုံးဖြတ်ရတယ်။ အဲဒီတော့ အခုကအတည်မဟုတ်ဘူးလေ။ အခုကသဘောထားပဲ ဖြစ်တယ်။ လွှတ်တော်တွင်းမဲခွဲတဲ့အခါကျမှ ဘယ်လိုဖြစ်မလဲဆိုတာကို မသိဘူးလေ။ လက်ခံတာလက်မခံတာ မဆိုင်ဘူး။ လွှတ်တော်ထဲရောက်မှ ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုဖြစ်မလဲဆိုတာကို အခုမသိသေးဘူး။
မေး။     ။အန်ကယ့်ကိစ္စနဲ့ပက်သက်ပြီး ရခိုင်အမျိုးသားပါတီကသိတာမရှိဘူးတို့၊ ဖေဖော်ဝါရီ ၆ရက်မှ အန်ကယ့် ကိစ္စကို ဆုံးဖြတ်မှာတို့ပြောနေတာရှိတယ် အခုကိစ္စနဲ့ပက်သက်ပြီး ပါတီအတွင်း စိတ်ဝမ်းကွဲမှုတွေရှိနေတာလား။ အဲဒီအပေါ်အန်ကယ့်သဘောထားကကောဘယ်လိုရှိလဲ။
အန်ကယ့်ဘက်ကတော့ အဲဒီလိုမထင်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဆိုတာ ကိုယ့်သဘောနဲ့ ကိုတင်ခဲ့တာမဟုတ်ပါဘူး။ ပြည်သူတွေကတင်မြှောက်ရွေးချယ်ခဲ့တာပါ။ အဲဒီလိုရွေးချယ်ပြီဆိုရင် ပြည်သူတွေ ရဲ့ဆန္ဒကိုလုပ်ဆောင်ပေးရပါမယ်။ အဲဒီလိုရွေးချယ်ပြီးသွားရင် လွှတ်တော်အတွင်းမှာ ခုနပြောသလို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ အမြဲတမ်းကော်မတီ ၄ရပ်အဲလိုရှိကြတယ်။ အဲဒီလိုနေရာတွေမှာ ပါတီကပေးသည်ဖြစ်ဖြစ် တစ်ခြား သူတွေကရွေးချယ်ပေးတယ်ဖြစ်ဖြစ်တာဝန်ယူရပါတယ်။ ပထမဆုံးပြည်သူတွေကရွေးလို့ ကိုယ်စားလှယ်ဖြစ်ပြီ၊ နောက်ထပ်ကိုယ်စားလှယ်တွေက ရွေးချယ်မယ်ဆိုရင်လည်း အဲဒီလိုနေရာတွေမှာတာဝန်ယူရတယ်။ ဒါကလည်း ပြည်သူတွေကဆန္ဒနဲ့ရွေးတာနဲ့အတူတူပါပဲ။ အဲဒီလိုတာဝန်တွေကိုထမ်းဆောင်ရင် ကိုယ်စားလှယ် တွေက ဘယ်တာဝန်ကိုထမ်းဆောင်သည်ဖြစ်စေ ကိုယ့်ပါတီမူဝါဒ တိုင်းရင်းသားအရေး၊ ဒီမိုကရေစီ၊ ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေး ဒါတွေနဲ့ပက်သက်လာရင်လည်း အဓိကတော့ ဖွဲ့စည်းပုံပြင်ရေးက အဓိကကျ ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံပြင်ရေးက အဓိကကျပါတယ်။ ဒါပေမယ့်ပြီးခဲ့တဲ့လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အခုလွှတ်တော်ကျရင်လည်း အောင်မြင်မလားဆိုရင်အတားအဆီးတွေရှိနေဦးမယ်။ ဘာဖြစ်ဖြစ် ဒါတွေကို ပြင်ဖို့အတွက် ပြည်သူ့ကိုယ်စားကြိုးစားရမယ်။ ဒါပေမယ့်အဓိကလုပ်နိုင်မယ်လို့ထင်တာကတော့ ပြည်သူတွေကို အကျိုးမရှိမယ့်၊ ထိန်းချုပ်တဲ့ဥပဒေတွေကိုပယ်ဖျက်ရမယ်။ နောက်တစ်ခုက ပြည်သူတွေအတွက်အကာအကွယ် ပေးမယ့် အုပ်ချုပ်ရေးဥပေဒေတွေလိုမျိုးကို ပြဋ္ဌာန်းပေးရမယ်။
မေး။     ။NLD က ရွေးကောက်ပွဲမနိုင်ခင်ကတည်းက စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ကို ဖော်ဆောင်မယ်လို့ ကြွေးကြော်ထား တာ။ အဲဒီတော့ အန်ကယ်တို့ ဥက္ကဌ၊ ဒုဥက္ကဌတွေဆိုတာကိုမေ့လိုက်ပြီး လာမယ့်လွှတ်တော် အခင်းအကျင်းက ဘယ်လိုဖြစ်သင့်တယ်လို့ထင်လည်း။
အဓိကတော့ခုနကပြောတဲ့ ၂၀၀၈ဖွဲ့စည်းပုံကိုပြင်မှ ပြည်တွင်းငြိမ်းချမ်းမယ်။ ပြည်တွင်းငြိမ်းချမ်းရေးကိုဖော် ဆောင်မယ်။ တိုင်းရင်းသားများနဲ့ သဟဇာတဖြစ်ဖို့ဖက်ဒရယ်စနစ်ကို ထူထောင်ဖို့လိုမယ်။ ဒါပေမယ့် NLD က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုထူထောင်ဖို့ မျှော်မှန်းထားပေမယ့် လက်တွေ့မှာ ဘယ်လောက်အထိလုပ် မလဲ၊ ဘယ်လောက်အထိ ထိုးဖောက်မလဲ၊ ဘယ်လောက်အထိချုပ်ကိုင်မလဲဆိုတာကို စောင့်ကြည့်ရမယ်။ တစ်ဖက်မှာလည်း NLD အစိုးရဖြစ်လာတဲ့အခါမှာ ပြည်သူအကျိုးကိုဘယ်လောက်အထိလုပ်မလဲဆိုတာကို လွှတ်တော်ကနေ စောင့်ကြည့်ရမယ်။ ဒါကကိုယ်စားလှယ်တစ်ယောက်အနေနဲ့စောင့်ကြည်ရမယ်။ တစ်ခါတစ်ခါ ပြောပေမယ့်ပြောတဲ့အတိုင်းလည်း ဖြစ်ချင်မှဖြစ်တာပေါ့။ အဲဒီအတွက်စောင့်ကြည့်ရမယ်။ ပြောရမယ့်တာဝန် တွေလည်းရှိပါတယ်။
မေး။     ။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးက NLD ကော၊ တိုင်းရင်းသားတွေအားလုံးကောအဖြစ်ချင်ဆုံးဆန္ဒပဲ။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အဓိကအကျဆုံးက ပုဒ်မ ၄၃၆ပဲ၊ အဲဒါကိုပြင်ဆင်ဖို့အတွက်ကျတော့ တစ်ချို့ အရာတွေက တပ်ပါမှပြင်လို့ရမှာတွေရှိတယ်။ NLD ဥက္ကဌကလည်း တပ်ချုပ်၊ တပ်ချုပ်ဟောင်းတွေနဲ့ ရွေးကောက်ပွဲအပြီးကော၊ မပြီးခင်ကကော တွေ့ထားတာတွေရှိတော့ အန်ကယ်တို့ကြိုးစားမယ့် ဖွဲ့စည်းပုံရယ် အဲဒီ ၄၃၆ပြင်ဆင်ရေး၊ တပ်ပါဝင်မှုအခြေအနေပြင်ဆင်ရေးက အခက် အခဲ၊ အကန့်အသတ်တွေ ဖြစ်လာနိုင်လား။
အခုရွေးကောက်ပွဲမှာ NLD ကအပြတ်အသတ်နိုင်တယ်။ ဒါပေမယ့် တိုင်းပြည်မှာအမျိုးသားသွေးစည်းညီညွတ်မှု ပြိုပျက်နေတာကြာပြီ။ ဒီတော့တိုင်းပြည်တစ်ခုကိုပြန်လည်ထူထောင်ဖို့ဆိုရင် ရွေးကောက်ပွဲရလာဒ်တစ်ခုတည်း အကောင်အထည်ဖော်လို့မပြီးဘူး။ အမျိုးသားရင်ကြားစေ့ရေးကိုအခြေခံပြီး ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့လိုမယ်။ ဒါကြောင့်လည်းပဲ သမ္မတ၊ ကာချုပ်အပြင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့လည်းတွေ့တယ်။ တွေ့တဲ့ အခါမှာကောင်းမွန်တဲ့ သတင်းတွေ၊ ရလာဒ်တွေကိုကြားရတယ်။ ဒါကကောင်းပါတယ်။ ဒါပေမယ့် ကြားရ သလောက် ၂၀၀၈ဖွဲ့စည်းပုံပြင်ရေးမှာ ချောချောမောမောဖြစ်မယ်လို့တော့ ပြောလို့ခက်ပါတယ်။ ဒါကလည်း အကန့်အသတ်တွေ၊ အခက်အခဲတွေရှိဦးမယ်လို့ ပြောချင်ပါတယ်။
မေး။     ။အခုလွှတ်တော်ဥက္ကဌတွေ၊ ဒုဥက္ကဌတွေအဖြစ် လျာထားပြီပေါ့။ တစ်ကယ်လို့ အဲဒီလိုရာထူးတွေမှာ ခန့်အပ်ခံခဲ့ရပြီ ဆိုရင် အန်ကယ်တို့က NLD ပါတီမူဝါဒတွေအတိုင်းလုပ်ရမှာလည်း ဒါမှမဟုတ် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြောင့် တိုင်းရင်းသားတွေကိုနေရာပေးတယ်ဆိုတော့ ကိုယ်ပိုင် သဘောထားတွေနဲ့ လွတ်လွတ်လပ်လပ်ဆောင် ရွက်ခွင့်ရှိမှာလား။ အဲဒါကိုကော NLD နဲ့ဘယ်လိုဆွေးနွေးထားလဲ။
NLDကတော့ဆွေးနွေးဖို့လိုမယ်မထင်ပါဘူး။ အန်ကယ်အနေနဲ့လည်းမရှိပါဘူး။ အန်ကယ်ကနိုင်ငံရေးနယ်ပယ် ထဲမှာ ဘယ်သူ့နှာခေါင်းနဲ့မှ အသက်ရှုတာမဟုတ်ဘူး။ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ခံယူချက်ရှိပါတယ်။ နိုင်ငံရေးနယ်ပယ်ထဲမှာ မည်သည့်ရာထူး၊ နေရာကိုမှရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး။ ရခိုင်အမျိုးသားတွေရဲ့ နိမ့်ကျနေတဲ့ စီးပွားရေး၊ ပညာရေးတွေကို တည်ဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာပါ။ ရခိုင်အမျိုးသား ပါတီရဲ့အဓိကရည်ရွယ်ချက်နှစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားအကျိုးစီးပွားက ပထမ၊ နောက်တစ်ခုက ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ အမျိုးသားပြည်နယ်များနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်မယ်ဆိုတဲ့ ဒီမူဝါဒတွေက အမြဲသတ်မှတ်ထားတဲ့ မူဝါဒတွေပါ။ ဒါတွေကဘယ်တော့မှသွေဖယ်မသွားပါဘူး။ လွှတ်တော်ထဲမှာလည်း ဘယ်ပါတီရဲ့ မူဝါဒမှမပေါက်ဘူး။ ပါတီတွေကအမျိုးမျိုးသုံးသပ်ဝေဖန်ကျတယ်။ ဒုသမ္မတဖြစ်ရမယ်၊ ဥက္ကဌ၊ ဒုဥက္ကဋ္ဌဖြစ်ရမယ်လို့သုံးသပ်ကြတယ်။ အဲဒါကလည်း နှစ်ပေါင်းများစွာဖြတ်သန်းလာတဲ့ နိုင်ငံရေးလမ်း စဉ်မှာ အားလုံးက သဘောပေါက်ကြတယ်။ ယုံကြည်ကြတယ်။ စကားစကားပြောပါများ စကားထဲကဇာတိပြဆိုတဲ့ အတိုင်းပါပဲ။ လွှတ်တော်ထဲမှာလည်း ယုံကြည်လို့အန်ကယ့်ကိုနေရာပေးမယ်ဆိုရင်လည်း ပြည်သူတွေက နောက်ထပ်တာဝန်ပေးတယ်လို့သဘောထားပြီး အန်ကယ့်ပြည်သူ့ပေါ်ထားတဲ့သဘောထားတွေက ဘယ်အချိန်၊ ဘယ်နေရာရောက်ရောက်မပြောင်းပါဘူး။
မေး။     ။လွှတ်တော်မှာတိုင်းရင်းသားတွေကို အကြီးအမှူးတွေအဖြစ်ခန့်မယ်ဆိုတာကို ထောက်ရှု့လို့ရပြီ။ ပြည်ထောင်စု အစိုးရဖွဲ့ရင်ရော အမျိုးသားရင်ကြားစေ့ရေးကိုထောက်ရှြု့ပီးဘယ်လိုဖြစ်သင့်တယ်လို့ထင်လဲ။
အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်ထောင်စုအစိုးရကိုဖွဲ့မယ်ဆိုရင် သမ္မတကခန့်လို့ရတဲ့ ၀န်ကြီးနေရာတွေမှာ တိုင်းရင်းသားတွေကို ခန့်အပ်သင့်တယ်။ ပါလာလိမ့်မယ်လို့ မျှော်လင့်တယ်။ လွှတ်တော်နဲ့တော့မတူဘူးပေါ့။ အမျိုးသားရင်ကြားစေ့ရေးလို့ပြောနေကြတဲ့အပေါ်မှာလည်း ဘာကြောင့်ဒီလိုပြောရတာလဲ၊ လွတ်လပ်ရေး ရပြီးကတည်းက အမျိုးသားရင်ကြားစေ့ရေး လုံးဝကွယ်ပျောက်ခဲ့တယ်။ ဒါကိုကြိုးပမ်းဆောင်ရွက်ဖို့လိုပါတယ်။ ဒါကိုကြိုးပမ်းတဲ့နေရာမှာ လွှတ်တော်မှာ ကရင်အမျိုးသား၊ ရခိုင်၊ ကချင်ခန့်အပ်ရုံနဲ့ ပါရုံနဲ့မပြီးပါဘူး။ အစိုးရအဖွဲ့ ထဲမှာလည်း အလားတူပါရုံနဲ့မပြီးပါဘူး။ တစ်ကယ့်တိုင်းရင်းသားအရေးကို ဖော်ဆောင်တဲ့အနေရာမှာ တိုင်းရင်း သားအရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မှ အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ရာရောက်မယ်လို့ ပြောချင်ပါတယ်။
မေး။     ။ရခိုင်ပြည်နယ်အစိုးရဖွဲ့ရေးမှာ ရခိုင်အမျိုးသားပါတီကလည်း ပြည်နယ်အစိုးရကို ဦးဆောင်ချင်တယ်။ ပြည်နယ် လွှတ်တော်ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာကိုလည်း ဦးဆောင်ချင်တယ်ဆိုတော့ အန်ကယ့်အနေနဲ့ကော ဘယ်လို သဘောထားရှိလဲ၊ ရခိုင်အမျိုးသားတွေဦးဆောင်ဖို့ရယ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ကို အမှန်တစ်ကယ်ဖော်ဆောင်မယ့် အစိုးရနဲ့ ပူးပေါင်းဖော်ဆောင်မှာရယ် ဘယ်လိုဖြစ်သင့်တယ်ထင်လဲ။
ပြည်နယ်လွှတ်တော်မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို ရခိုင်အမျိုးသားပါတီကလုပ်မယ်လို့ထင်မှာတယ်။ အစိုးရအဖွဲ့ကျ တော့ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်တဲ့နေရာမှာ ရခိုင်အမျိုးသားပါတီကအစိုးရဖွဲ့မယ်လို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအရ ၀န်ကြီးချုပ်ကိုသမ္မတက ခန့်ရတယ်။ ၀န်ကြီးများကိုတော့ ၀န်ကြီးချုပ်ကစာရင်းပေးပြီး ခန့်ရတယ်။ အဲဒါကြောင့် ဘယ်လိုဖြစ်မယ်ဆိုတာကိုပြောဖို့ခက်တယ်။ ဒီလိုပြဿနာမျိုးက ပါလီမန်ဒီမိုကရေစီ ခေတ်မှာလည်း ဖြစ်ခဲ့ဘူးတယ်။ ပြည်နယ်ကရွေးချယ်လိုက်သူကို ၀န်ကြီးချုပ်ကသဘောမတူခဲ့လို့ ဟိုတုန်း ကတော့ ပြည်နယ်တွေနဲ့ ပြည်ပပြဿနာတက်တယ်။ အဲဒီလိုပြဿနာတက်လို့ ဒါက ၄၇ဖွဲ့စည်းပုံကြောင့်ဖြစ် လို့အဲဒါကိုပြင်ပြီး ဖက်ဒရယ်ကို ဖက်ဒရယ်စနစ်နဲ့လုပ်ဖို့တိုင်းရင်းသားလူမျိုးပေါင်းစုံကတင်ပြခဲ့တဲ့ ဖက်ဒရယ်မူ ဆိုတာရှိခဲ့တယ်။ အခုလည်းပဲရခိုင်အမျိုးသားတွေကခန့်အပ်နိုင်တယ်။ ကိုယ့်ပြည်နယ်ကိုယ်အုပ်ချုပ်ခွင့်ရဖို့ ကြိုးစားတယ်။ ဒါကကောင်းပါတယ်။ ဒါပေမယ့်ဖွဲ့စည်းပုံမှာရှိနေတာတစ်ခုဖြစ်နေတယ်။ ဒါကြောင့်ဖွဲ့စည်းပုံက မပြင်မဖြစ်၊ ပြင်ဖို့လိုအပ်နေပါတယ်။
မေး။     ။အန်ကယ်တို့ပါတီမှာကော အခုနောက်ပိုင်းထုတ်ပြန်ချက်တွေနဲ့ပက်သက်ပြီး အရင်နှစ်ပါတီပေါင်းခဲ့တဲ့ အစုအဖွဲ့ ၂ခုက ကွဲနေသလိုဖြစ်နေတယ်။ စီအီးစီ မှာလည်း အရင် အန်ကယ်တို့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇ဦး ပဲပါတော့ ဆုံးဖြတ်ချက်တွေကအရင် RNDP ရခိုင်အမျိုးသားတိုးတက်ရေးပါတီ သဘောထား တွေလိုပဲ ဖြစ်နေတယ်လို့ ပြောတာရှိတယ်။ အဲဒီတော့ အန်ကယ့်အနေနဲ့ကော နောက်ပါတီသစ်တစ်ခုနဲ့ ရခိုင်အမျိုးသား အကျိုးစီးပွားကိုဖော်ဆောင်ဖို့ရှိလား။
အဲဒီလိုတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်ကယ်ကအမျိုးသားညီညွတ်ရေးမဖြစ်မနေလုပ်ဖို့ရှိတယ်။ ဘယ်လိုပဲသဘောထားတွေကွဲကွဲ၊ ဘယ်လိုပဲပါတီအတွင်းမှာပြဿနာတွေပဲရှိရှိ၊ သဘောထားကွဲလွဲမှုတွေက အနည်းနဲ့အများတော့ရှိမှာပါပဲ၊ အမျိုးသားညီညွတ်မှုကိုပြသနိုင်ဖို့အတွက်က ပြဿနာတွေ၊ သဘောထားကွဲ မှုတွေကို အငြိမ်းချမ်းဆုံးနည်းလမ်းတွေနဲ့ကျော်လွှားဖို့၊ အမျိုးသားညီညွတ်ရေးအတွက် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဆောင်ရွက်ရမယ်။ အန်ကယ်ကတော့ နှစ်ပါတီပေါင်းကတည်းက အမျိုးသား ညီညွတ်ရေး အတွက်ဘယ်တာဝန်ကိုမှ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ အန်ကယ်ရည်မှန်းချက်အတိုင်းပါတီမှာ ဆောင်ရွက် မယ်။ ပါတီရဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးမရလို့ ဘယ်သူ့ကိုမှလည်း မဝေဖန်ပါဘူး။ မပြောဘူး။တက်နိုင်ရင်ပါတီနဲ့ ပက်သက်လို့မပြောပဲနေပါတယ်။ အခုပြောနေတာက ပြည်ထောင်စု၊ ဖက်ဒရယ်၊ ငြိမ်းချမ်းရေးတွေအတွက် အဓိကထားပြောပါတယ်။ အဲဒီတော့ ပါတီတစ်ခုတည်ထောင်ဖို့ အန်ကယ့်အနေနဲ့ သဘောထားမရှိပါဘူး။
မေး။     ။တိုင်းရင်းသားအများစုပြောနေတဲ့ ဗမာတွေက လွတ်လပ်ရေးရပြီးတော့တစ်မျိုးလို့ ဝေဖန် ကြတဲ့အပေါ်ကော NLD အစိုးရဖြစ်လာတဲ့အချိန်မှာကော တိုင်းရင်းသားတွေ သံသယဖြစ်နေသလို အဲဒီလိုဖြစ်လာနိုင်သေးတယ်လို့ အန်ကယ်ထင်လား။
ဒါကတော့ NLD ကအစိုးရမဖွဲ့စည်းနိုင်သေးပဲနဲ့တော့မသိသေးဘူးလေ။ မဖွဲ့စည်းနိုင်သေးပဲနဲ့တော့ ခန့်မှန်းပြောဖို့ ခက်ပါတယ်။ စောင့်ကြည့်ရမှာပါ။ လွတ်လပ်ရေးရပြီး အစိုးရအဆက်ဆက်ကတော့ ပြောကြတယ်။ ကောင်းတာတွေ လည်းရှိတယ်။ ဒါပေမယ့်လက်တွေ့မှာတော့ ဘာမှအကောင်အထည်ပေါ်မလားဘူး။ ဒါကြောင့် မို့လည်းတိုင်းရင်းသားတွေက ယုံကြည်မှုနည်းပြီးတော့ ပြည်တွင်းစစ်တွေလည်းဆက်တိုက်ရှည်ကြာနေတာလို့ ပြောချင်ပါတယ်။
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။
မိဖုရား
Credit - Mizzima BurmeseRate this posting:
{[['']]}
Read 251 times
ထိုင်းနိုင်ငံ ချင်းဟိုင်းမြို့တွင် မြန်မာအလုပ်သမား ၁၂၀ ခန့်အား လစာမပေးဘဲ အလုပ်ထုတ်
ထိုင်းနိုင်ငံ ချင်းဟိုင်းမြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၂၀ ခန့်က ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်အားခငွေများ မရသဖြင့် အလုပ်သမားနှင့် လူမှုဖူလုံရေး ဌာနသို့ ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် အဆိုပါ လုပ်သားများမှာ အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရသည်။
အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီက ၀န်ထမ်းများအား ပေးရမည့် လုပ်အားခငွေ ထိုင်းဘတ်ငွေ ၃.၄ သန်းခန့် ရရှိရန် အလုပ်သမားများက ဇန်န၀ါရီ ၂၇ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
"ကျွန်တော်တို့ကို ပါဖတ်တိုကုမ္ပဏီက အလုပ်ထုတ် လိုက်ပါတယ်။ လုပ်အားခငွေလည်း မပေးခဲ့ပါဘူး။ ဒီအတွက် ရသင့်ရထိုက်တဲ့ လုပ်အားခတွေရရှိဖို့ ဆန္ဒဖေါ်ထုတ်ခဲ့တာပါ" ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမား ကိုထွန်းထွန်းက ပြောသည်။
ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ပြီး နောက် ကုမ္ပဏီမှ ၀န်ထမ်းများ နေထိုင်သည့် တိုက်ခန်းများအား ရေ၊ မီးများ ဖြတ်တောက်ခြင်းများ ပြုလုပ်ထားသဖြင့် ဝန်ထမ်းများသည် အလုပ်သစ်နှင့် နေထိုင်ရန် နေရာပါ ရှာဖွေနေရ ကြောင်း သိရသည်။
"ကျွန်တော်တို့ကို ပေးရမှာ ဒီဇင်ဘာလ ၁၆ ရက်ကနေ ဇန်န၀ါရီလ ၁၅ ရက်နေ့ထိ တစ်လစာပေါ့။ ကျွန်တော်တို့ ရွှေ့ပြောင်း အလုပ်သမား လူမှုရေးအဖွဲ့ (Migrant Workers Federation)ကို ဥပဒေအတိုင်းရဖို့ အကူအညီ တောင်းထားပါတယ်" ဟု ဆန္ဒပြရာတွင် ပါဝင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံမှ ပါဖတ်တိုကုမ္ပဏီ၏ ဆောက်လုပ်ရေး လုပ်ငန်းသုံးခုဖြစ်သော စတားအီဝင်းနယူး၊ ဒီဟာမော၊ The pring condominiun အလုပ်ဆိုဒ်များတွင် မြန်မာရွှေ့ပြောင်း လုပ်သားများ ဝင်ရောက် လုပ်ကိုင် နေခြင်းဖြစ်ပြီး ၎င်းတို့၏ ၁၅ ရက်စာ လုပ်အားခငွေနှင့် အလုပ်ထုတ်သည့်အတွက် ကုမ္ပဏီက ပေးဆောင်ရမည့် ခုနစ်ရက်စာ ကြိုတင်လစာ၊ နစ်နာကြေးတို့ရရှိရန် တောင်းဆိုထားခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများထံမှ သိရသည်။
သတင်း - MMK
The Ladies News JournalRate this posting:
{[['']]}
Read 251 times
ဆီးကို ကြာကြာအောင့်ထားတဲ့အခါ
ဆီးလမ်းကြောင်း ကူးစက်ရောဂါ လို့ သိရတဲ့ urinary tract infection UTI က ဆီးကြာကြာအောင့်ထားခြင်းရဲ့ ဖြစ်နေကျ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ ဒါက ဆီးလမ်းကြောင်းဝ တဝိုက် ဘက်တီးရီးယားပိုးများ စုပုံပြီး ဆီးက လုံလောက်စွာ မဖြတ်သန်းရတာကြောင့် ဖြစ်ပါတယ်။ ဆီးသွားခြင်းက ဘက်တီးရီးယားပိုးမွှားတွေကို ရှင်းထုတ်ပေးပြီး ဆီးကို ကြာကြာထိန်းထားတဲ့အခါ ပိုးမွှားတွေ ပွားဖို့ အခွင့်အရေး ရရှိစေခြင်းကြောင့် UTI အဖြစ်များတာလို့ Harvard Medical School မှ Dr Anthony Komaroff ပြောဆိုချက်အရ သိရပါတယ်။
လူတစ်ယောက်ရဲ့ ဆီးအိတ် တုံ့ပြန်နိုင်အားက သူတို့ စားသောက်တဲ့ အရာပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒါပေမယ့် ဆီးကို ကြာကြာအောင့်ထားခြင်းက ဆီးအိမ်ကို ပို၍အထိမခံ ထိခိုက်လွယ်ဖြစ်စေတတ်ပါတယ်။ ဆီးအိမ်အနေနဲ့ ပိုမိုများပြားတဲ့ ဆီးပမာဏကို ထိန်းထားခြင်းကြောင့် ဖြစ်ပါတယ်။ အာရုံခံကိရိယာ (sensor) က ပုံမှန်ထက် ပိုအလုပ်လုပ်လာပြီး ပုံမှန်ထက် မကြာခဏ ဆီးသွားချင်စိတ် ဖြစ်လာစေပါတယ်။
ဆီးကို အချိန်အနည်းငယ်တော့ အောင့်ထားလို့ ရပေမယ့် အရမ်းသွားချင် စိတ်လာတာနဲ့ အမြန်ဆုံး ပေါက်ပေးဖို့ အရေးကြီးပါတယ်။ သင့်ဆီးအိတ် မပေါက်ဘူး ပြောလို့ မရပါ။
မိဖုရား
Credit - Trend MyanmarRate this posting:
{[['']]}
Read 251 times
ဇီကာဗိုင်းရပ်စ်က ခြင်အပြင် လိင်ဆက်ဆံခြင်းဖြင့်လည်း ကူးစက်နိုင်
ဇီကာဗိုင်းရပ်စ် ပျံ့နှံ့ လာပြီးတဲ့နောက် လူတွေ စိုးရိမ်ကြောက်လန့်မှုတွေ စတင်ဖြစ်လာခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ ပတ်သက်ပြီး လက်တင်အမေရိကနိုင်ငံတချို့မှာ သတိပေးမှုများနဲ့အတူ ယင်းဗိုင်းရပ်စ်ဟာ အချိန်မရွေး ကိုယ်နဲ့ မပတ်သက်ဘူး ပြောလို့ မရဘူး။ နောက်ပြီး အခု ခြင်တစ်ခုတည်းကနေတဆင့် ပျံ့နှံ့နေဟန် မရှိကြောင်းလည်း ထပ်မံသိရပါတယ်။
ဇီကာဗိုင်းရပ်စ်ကို ခြင်တွေကြောင့် ပျံ့နှံ့တယ်လို့သိရပြီး မွေးကင်းစကလေးတွေမှာ မွေးဖွားမှုဆိုင်ရာ ချွတ်ယွင်းချက်တွေ ဖြစ်ပေါ်စေပါတယ်။ ဦးနှောက် သို့မဟုတ် ဦးခေါင်း မဖွံ့ဖြိုးမှုဖြစ်စေတဲ့ မွေးရာပါ ဦးနှောက်ဝေဒနာတစ်ခုဖြစ်တဲ့ Microcephaly ဟာ မမွေးသေးတဲ့ ကလေးများအတွက် အကြီးမားဆုံး အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင် မဟုတ်သူများအတွက် မပြင်းထန်တဲ့ ဗိုင်းရပ်စ်တစ်ခုလို ဆိုနိုင်ပါတယ်။
ဒါပေမယ့် အခုတော့ ဇီကာဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံခြင်းကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်တဲ့။
လိင်ဆက်ဆံခြင်းမှတဆင့် ဇီကာဗိုင်းရပ်စ်ကူးစက်မှု အနည်းဆုံး နှစ်ခုရှိပြီး ကာလသားရောဂါ ကူးစက်နည်းအတိုင်း ဖြစ်တယ်လို့ The New York Times က ဖော်ပြထားပါတယ်။ သုတေသနပညာရှင်တွေနဲ့ ယင်းဒေသမှာ အလုပ်လုပ်ကိုင်နေသူတွေက တခြားနည်းလမ်းများဖြင့် ကူးစက်နိုင်စရာ အကြောင်းမရှိတဲ့ အနည်းဆုံး အဖြစ်အပျက်နှစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ အမျိုးသားတစ်ဦးက သူ့ဇနီးဆီ အိမ်ကို သယ်လာပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းစွာ သူ့သုတ်ရည်ထဲမှာ ရောဂါကူးစက်ခံထားရတဲ့ သွေးပါလာတာဖြစ်ကြောင်း သိရပါတယ်။
မိဖုရား
Credit - Trend MyanmarRate this posting:
{[['']]}
Read 251 times
အဆို​တော်​ ၊ ​မော်​ဒယ်​လ်​ နန်းသီရီ​မောင်​၏ အသစ်​ထွက်​​ပေါ်လာ​သော ပုံများ
အဆို​တော်​ ၊ ​မော်​ဒယ်​လ်​ နန်းသီရီ​မောင်​၏ အသစ်​ထွက်​​ပေါ်လာ​သော ပုံများ
မိဖုရား 
Rate this posting:
{[['']]}
Read 251 times
သင်က အိပ်ရာထဲမှာ ညံ့ကြောင်း သင် မသိသေးတဲ့ လက္ခဏာ ၁၀ ခု
လူတိုင်းဟာ လိင်ကိစ္စမှာ သူတို့ ပါတနာတွေကို ကောင်းစေချင်ကြတာချည်းပါ။ အခု ဒီဟာကို ဖတ်နေတယ်ဆိုရင်တော့ သင်ဟာ မှန်ကန်တဲ့ ဘက်ကို ခြေတစ်လှမ်း လှည့်လာတာပါပဲ။ ဒီစာထဲမှာဆိုရင် ကျွန်တော်တို့ရဲ့ လိင်ကိစ္စ ကျွမ်းကျင် ပညာရှင် တစ်ယောက်က သင် မှားနေလောက်တဲ့ အရာတွေကို ရှာဖွေပေးပြီး ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။
၁. သင် အစပျိုးတာ မလုပ်ပါဘူး
သင်က လိင်အကြောင်း တစ်နေ့လုံး စဉ်းစားနေပြီး အိမ်ရောက်တော့ တန်းဆက်ဆံချင်ပါတယ်။ သူမရတော့ အလုပ်ထဲကို စိတ်ရောက်နေပါတယ်။ သူမကို သွေးပူလေ့ကျင့်ခန်း လုပ်မပေးရင် သူမ ပျော်မှာ မဟုတ်ပါဘူး။ သူမကို အမြဲ အစပျိုးပေးတာ လုပ်ပေးပါ။ မိန်းမတွေအတွက် လိင်ကိစ္စမှာ စိတ်က အရေးကြီးဆုံးပါ။ သူတို့ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နွှေးပေးဖို့ လိုပါတယ်။
၂. သူမကို ဘာဂျာ မပေးပါဘူး
လိင်အရမ်း ဆက်ဆံချင်နေလို့ သူမရဲ့ ပန်းဖူးလေးကို တစ်ချက် နှစ်ချက် ပွတ်ပေးပြီးတာနဲ့ ထည့်လိုက်ပါတယ်။ သူမကို နွှေးပေးဖို့ လိုနေလို့ သူမက လိင်ဆက်ဆံမှု အရသာကို ကောင်းကောင်း ခံစားရမှာ မဟုတ်ပါဘူး။ အရင်ဆုံး သူမကို ဘာဂျာ ကောင်းကောင်း ကိုင်ပေးဖို့ သတိရပေးပါ။
၃. ဆက်ဆံပြီးမှာ သူမကို မထိတော့ပါဘူး
ပူတယ်လို့ အကြောင်းပြပြီးတော့ လိင်ဆက်ဆံပြီးတာနဲ့ အဝေးကြီးကို ခွာသွားပါတယ်။ သင်က သူမနဲ့ မအိပ်ခင် စကားခဏ ပြောဖြစ်ရင်တောင် မလုံလောက်သေးပါဘူး။ လိင်ဆက်ဆံပြီးရင် ပွေ့ဖက်ထားနိုင်ရင် အကောင်းဆုံးပါ။ သင်က တို့ရထိရတာ မကြိုက်ရင် အနည်းအကျဉ်း ကျောလေးကို ကုတ်ပေးတာမျိုးတွေ ကနေ စလုပ်နိုင်ပါတယ်။
၎. မှားမှာ စိုးတာနဲ့ ဘာမှ အဆန်းမထွင်ပါဘူး
တစ်ခုခုမှားသွားမှာ စိုးလို့ သင် ကြားဖူးတဲ့ ပုံစံအသစ်ကို စမ်းမကြည့်မိတာမျိုး ရှိပါသလား။ အမြဲ Missionary နဲ့ Doggy နဲ့ပဲ နှစ်ပါးသွားနေရပါသလား။ အဲဒီအကြောက်တရားတွေကို ဘေးဖယ်ထားလိုက်ပါ။ မှားယွင်းတာဟာ ဘာမှမလုပ်တာထက်တော့ ပိုကောင်းပါလိမ့်မယ်။ သင့်ပါတနာက ဒီပုံစံကြီးနဲ့ နေ့တိုင်း သွားနေမယ့်အစား အသစ်အဆန်းတွေ လုပ်ရတာ ပျော်ပါလိမ့်မယ်။
၅. သင်ကောင်းအောင် သူမကို ပြီးစေချင်နေပါတယ်
သင်က လိင်ကိစ္စဆိုတာ သင့်အတွက် ကောင်းအောင် လုပ်ရတာပဲ ထင်နေပါတယ်။ သူမ ပြီးရင် သင် ဆက်ဆံရတာ ပိုစိတ်ပါပါတယ်။ အဲဒီတော့ သူမကို ပြီးအောင် အတင်းအကျပ် ဖိအားပေးပါတယ်။ အဲဒီလိုနဲ့ သူမက မပြီးပဲ ပြီးချင်ယောင် ဆောင်တတ်လာပါတယ်။ အဲဒီလို မဖြစ်ပါစေနဲ့။ ကိုယ့်ဘာသာ ယုံကြည်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ ပါတနာ ဘာလိုချင်လဲဆိုတာကို သိနေပြီး ဘာဆက်လုပ်ရမလဲ အမြဲ စုံစမ်းနေတတ်ပါတယ်။
၆. သူမဘာကြိုက်လဲ မမေးရသေးပါဘူး
သင်က မိန်းမတိုင်းကို ဒီဖော်မြူလာနဲ့ချည် ချဉ်းကပ်ပါတယ်။ မိန်းမတိုင်း ဒီလိုလုပ်လိုက်ရင် ပြီးမှာပဲဆိုတဲ့ ပုံစံနဲ့ ချဉ်းကပ်ပါတယ်။ တကယ်တော့ မိန်းမတိုင်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ချဉ်းကပ်နည်းလဲ အမျိုးမျိုး ရှိကြပါတယ်။ သင် ဆက်ဆံခါနီးတိုင်း သူမကြိုက်တဲ့ အရာကို ပွင့်ပွင့်လင်းလင်း မေးသင့်ပါတယ်။
၇. သူမက လုံးဝ အသံမထွက်ပါဘူး
အိပ်ရာထဲမှာ အသံသိပ်မကျယ်တဲ့ မိန်းမတွေ ရှိပေမယ့် ဘာသံမှ မထွက်တာကတော့ သူမ မကြိုက်ဘူးဆိုတာရယ်၊ အသံထွက်ရလောက်အောင် မကောင်းဘူးဆိုတာရယ်ကို ပြတာ ဖြစ်ပါလိမ့်မယ်။ မစခင်မှာ သူမ အသံထွက်ရင်၊ ညည်းရင် သင်ကြိုက်တယ်ဆိုတာ ပြောပြထားသင့်ပါတယ်။ ဆက်ဆံစဉ်လဲ ကောင်းလား ကောင်းလား မမေးပဲ သင် ကြိုက်တဲ့ အပိုင်းလေးတွေ ပြောပြပြီး အဲဒီနေရာတွေမှာ ဘယ်လိုလုပ်လိုက်ရင် သူမ ပိုကြိုက်သွားမလဲဆိုတာ မေးကြည့်ပါ။
၈. သူမ “အက်တင်” လွန်နေပါတယ်
သင် သူမကို ထိလိုက်တာနဲ့ Pornstar တစ်ယောက်လို အော်ဟစ်နေရင်တော့ သရုပ်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒါကို သင့်ကို ပိုအားရှိစေဖို့နဲ့ သူတို့ မပြီးဆုံးနိုင်တာကို ကာကွယ်ဖို့ လုပ်နေကြတာပါ။ သူမကို အဲဒီလို အော်တာ သင့်ကို စိတ်တက်ကြွစေပေမယ့် ဘယ်အရာတွေက သူမအတွက် အကောင်းဆုံးလဲဆိုတာ သင်သိသင့်တယ်လို့ ပြောကြည့်ပေးပါ။
၉. သင့် လိင်တံ ပြသနာကို ပြောမပြပါဘူး
အဲဒါဟာ အိပ်ရာထဲမှာ အထင်ရှားဆုံး ဖြစ်ပြီး သူမက သင်မပြောလဲ သိမှာပါ။ ပန်းသေပန်းညှိုး၊ အချိန်မတိုင်မီ သုတ်လွှတ်ခြင်းတွေ ဖြစ်ရင် သင့်ကောင်မလေးကို ပြောပြထားသင့်ပါတယ်။ သင်က အဲဒါကို ကုနေတယ်ဆိုတာလဲ ပြောပြထားပါ။ သူမ သည်းခံပါလိမ့်မယ်။ သူမကို ပြီးအောင်လဲ လက်နဲ့ပဲ ဖြစ်ဖြစ်၊ ပါးစပ်နဲ့ ဖြစ်ဖြစ် လုပ်ပေးလိုက်ပါ။
၁၀. သူမက ဘယ်တော့မှ မပြီးပါဘူး။ အဲဒါကြောင့် သင်လဲ သင်ပြီးတာနဲ့ ဆက်ဆံတာ ရပ်လိုက်ပါတယ်
အရင်ဆုံး သူမကို ပြီးကို ပြီးအောင် လုပ်ပေးပါ။ ယောက်ျားတော်တော်များများဟာ သူတို့ပြီးတာနဲ့ မိန်းမလုပ်သူက ဘာမှ မပြောရင် ဟိုဘက်လှည့်ပြီး အိပ်ဖို့ မီးစိမ်းပြတာလို့ ထင်တတ်ကြပါတယ်။ သင် သူမ ပြီးတာ မတွေ့ရင် သူမ မပြီးပါဘူး။ သူမ မပြီးတာကို ဂရုမစိုက်ရင်တော့ သင် ပြသနာ အကြီးကြီး တက်ပါပြီ။ သင် ပြီးရင်တောင် သူမကို ပြီးစေဖို့ ပါးစပ်၊ လက်၊ Sex Toy ဘယ်ဟာနဲ့ ဖြစ်ဖြစ် အားသွန်ခွန်စိုက် လုပ်ပေးပါ။
မိဖုရား
Credit - Gentleman MagazineRate this posting:
{[['']]}
Read 251 times
မြန်​မာပြည်​ဖွား USA က Fitness Model ​မေသီ​မောင်
သူကတော့ အမေရိကန် ပြည်ထောင်စု၊ Oklahoma မြို့မှာ နေထိုင်တဲ့ မြန်မာ ပြည်ဖွား fitness model တစ်ဦး ဖြစ်တဲ့ မေသွယ်မောင် (May T. Maung) ပဲဖြစ်ပါတယ်။
May T. Maung က၂၀၀၄ ခုနှစ် ကတည်းက fitness competition တွေစတင် ယှဉ်ပြိုင် ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ် မှာတော့ National Physique Committee (NPC), USA ကကျင်းပတဲ့ Europa Expo 2012 ပြိုင်ပွဲမှာ Bikini Division ကနေ ဝင်ပြိုင် ပြီးတော့ ဒုတိယဆု ရခဲ့တဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
မိဖုရား
Credit - Myanmar CelebritiesRate this posting:
{[['']]}
Read 251 times
လိင် အသားပေး ဇာတ်ဝင်ခန်းများ ထိန်းချုပ် သင့်ပြီလား
မင်းသားနှင့်မင်းသမီးတို့၏ ပွင့်လင်းလွတ်လပ်သော ချစ်ရည်လူးသည့်ဇာတ်ဝင်ခန်းများကို မြန်မာနိုင်ငံတွင် တစ်နှစ်၊ နှစ်နှစ်အတွင်း ပေါ်ပေါ်ထင်ထင် ကြည့်ရှုကြရလိမ့်မည်ဟု မည်သူမျှမျှော်လင့်ထားမည်မဟုတ်ပါ။
မြန်မာဇာတ်ကားဇာတ်ဝင်ခန်းအချို့ကို နိုင်ငံခြားဇာတ်ကားများကဲ့သို့ အမြင်မသင့်တော်သော ဇာတ်ဝင်
ခန်းများအား ကြည့်ရလိမ့်မည်ဟုလည်း တွေးဆထားကြမည်လည်း မဟုတ်ပါ။
မြန်မာဒါရိုက်တာရိုက်သည့် ဇာတ်ဝင်ခန်း၊ မြန်မာသရုပ်ဆောင်များ၏ သရုပ်ဆောင်ချက်များ ဟုတ်ပါလေ
စဟု ရင်သပ်ရှုမော အံ့သြရလောက်သည့် လိင်အသားပေးဇာတ်ဝင်ခန်းပါ မြန်မာဇာတ်ကားအချို့ ဗီဒီယို
ဈေးကွက်အတွင်း ထွက်ပေါ်လာသည်။ မြန်မာ့ယဉ်ကျေးမှုစံနှုန်းနှင့် နှိုင်းယှဉ်ချိန်ထိုးကာ ကြည့်ရှုသူအများ
စုက ကန့်ကွက်ကြသည်။ ကြိုဆိုလက်ခံသူအချို့လည်း ရှိသည်။
အသက်မပြည့်သေးသူ မြန်မာမင်းသမီး သရုပ်ဆောင်ထားသော ဇာတ်ဝင်ခန်းအချို့ လူပြောများနေဆဲ
မှာပင် လင်မယားအတူနေသည့် ဇာတ်ဝင်ခန်းပါ ဇာတ်ကားတစ်ကား ထွက်လာပြန်သည်။ ကြိုဆိုသူ အ
နည်းစုရှိသော်လည်း ယင်းဇာတ်ကားဖန်တီးသူတို့ ပရိသတ်ကို တောင်းပန်ဖြေရှင်းလာရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ဗီဒီယိုဆင်ဆာဖြေလျှော့ပေးမှုအပေါ် အနုပညာဖန်တီးသူများက မယုံမရဲနှင့် မိမိတို့ဖန်တီးချင်သည့် ဇာတ်လမ်းလေးများ သွေးတိုးစမ်းတင်ပြနေရချိန်တွင် လိင်အသားပေးဟုဆိုသော ဇာတ်ကားများ ထွက်ရှိလာခြင်းကြောင့် ရရှိထားသည့် လွတ်လပ်ခွင့်ကို အဆုံးရှုံးမခံနိုင်သူတို့ စိုးရိမ်ပူပန်
လာကြသည်။ တစ်ချိန်တည်းမှာပင် မြန်မာဗီဒီယိုဆင်ဆာအဖွဲ့ကလည်း ယဉ်ကျေးမှုနှင့် မသင့်လျော်သည့်
ပြကွက်များကို ပိုပိုတင်းကျပ်တော့မည်ဟု စကားဦးသန်းလာပြီဖြစ်သည်။
“အဲဒါမှမရရင် ခွေကို ဈေးကွက်ထဲက ပြန်သိမ်းတဲ့အထိ အရေးယူပါမယ်။ အိပ်ရာခန်းတွေကို လိုအပ်လို့
ထည့်တာကထည့်ပေါ့။ ဒါပေမယ့် မူဝါဒသတ်မှတ်ထားတာကို ကျော်ပြီးရိုက်ရင် ပထမထောက်ညွှန်မယ်။ မရရင်ဒီအခန်းတွေကို ဖြတ်တောက်ရမယ်”” ဟု မြန်မာဗီဒီယိုဆင်ဆာအဖွဲ့မှ အဖွဲ့ဝင် ဦးခင်မောင်ချင်း
က ပြောသည်။
တင်းကျပ်သည့် ဆင်ဆာ မူဝါဒဟု မြန်မာ အနုပညာရှင်တို့ ပြောဆိုဝေဖန် ခဲ့သော ဆင်ဆာခေတ် သည် လွန်ခဲ့သည့် တစ်နှစ်ခွဲတွင် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ဆင်ဆာအဆီးအတားမရှိတော့သည့်နောက် “ဘယ်လိုကားတွေ ရိုက်လာကြမှာလဲ”” လို့ ပရိသတ် က မေးခွန်းမထုတ်နိုင်သေးခင်မှာပင် သရဲတစ္ဆေ
ဇာတ်ကားများ တရစပ်ထွက်ရှိလာသည်။
ယင်းနောက်မှာတော့ နောက်ခံအချစ် သီချင်းဖွင့်ပြီး ပန်းခြံထဲတွင် ပြေးလွှားနေသော ချစ်သူစုံတွဲများ၊ ပန်းပွင့်လေးပေါ် လိပ်ပြာနား၍ ၀တ်ရည်သောက်သုံးနေ သည့် တင်စား ချက်ပြကွက်များ နေရာတွင်
မြန်မာမင်းသားနှင့် မင်းသမီးတို့ အကြင်နာပေးခြင်း (နှုတ်ခမ်းချင်း ထိတွေ့နမ်းရှုတ်ခြင်း)၊ လင်မယား ခုတင်ပေါ်က ဇာတ်ဝင်ခန်းအချို့ နေရာယူလာသည်။
လွတ်လပ်ခွင့်ပေးလိုက်ချိန် တွင် ယခင်က မရိုက်ခဲ့ရသော ဆင်းရဲမွဲတေ သည့် သရုပ်မှန် စရိုက်၊ မီးပြတ်
သည့်အကြောင်း၊ ကုန်ဈေးနှုန်းမြင့်တက်သည့်အကြောင်း၊ အစိုးရဌာနပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုစသည်တို့ကို အနုပညာဖြင့် ပြောင်မြောက်အောင် ဖော်ထုတ်သည့်ဇာတ်ကားများ ထွက်မလာခဲ့ဘဲ သရဲကားများနှင့် နမ်းရှုတ်သည့် ဇာတ်ကားများထွက်လာခြင်းမှာ ဆင်ဆာလွတ်လပ်ခွင့် တဖွဖွတောင်းသူတို့ပင် မျက်စိလည်ကုန်သည်။
“ကျွန်မဆင်ဆာလွတ်လာခွင့်ရတာနဲ့ ကိုမြအေးနဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ၀တ္ထုတွေ ဗီဒီယိုရိုက်တယ်။ အောက်
ခြေ လူတန်းစား မိသားစု ဘ၀တွေကို အရင်က မရိုက်ခဲ့ရ သမျှ အတိုးချ ရိုက်ကူးတယ်။ ဒါကို ပရိသတ်က
လည်း အားပေးကြတာတွေ့ရတယ်။ ပရိသတ်တောင့်တတာက ဇာတ်လမ်းဆန်းသစ်တာလို့ ကျွန်မထင်
ပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကိုမြအေးတို့၏ ၀တ္ထုများကို ဗီဒီယို
ဇာတ်ကားပြန်လည်ဖန်တီးခဲ့သူ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုသည်။
“အခု မြန်မာကားမှာက နှုတ်ခမ်းချင်းနမ်းလိုက်တာကိုပဲ အနမ်းခံရတဲ့ မင်းသမီးက အသေးစိတ်ပြန်ခံစား
ပြနေတယ်။ ဒါကို ကလေးတွေအတုယူမှားနိုင်တယ်။ လွတ်လပ်ခွင့်ရလာတဲ့အခါ ရှေ့ဆက်သွားရမှာကို မဟုတ်တမ်းတရားတွေရိုက်ပြီး လွတ်လပ်ခွင့်ကို အဆုံးရှုံးခံကြတော့မှာလား။ ပြောရင်တော့ ခင်ဗျားကြီး
က အသက်ကြီးလို့ မရိုက်ရဲတိုင်းပြောတယ် ဖြစ်မယ်။ ကလေးတွေအတွက် စဉ်းစားပါ” ဟု ချစ်တင်းနှော
ခန်းများ မပါ ပါက အနုပညာ မမြောက်ဆိုသည့် ရှုထောင့်ကို လက်မခံသည့် ဒါရိုက်တာမောင်တင်ဦးက
ဆိုသည်။
တင်းကျပ်သည်ဆိုသော ဆင်ဆာအချက် ၁၀ ချက်မှ လေးချက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် လျှော့
ပေါ့လိုက်ပြီးနောက် တင်ပြလာသည့် မြန်မာဇာတ်ကားများကို နိုင်ငံတော်မူဝါဒ၊ ကိုးကွယ်သည့်ဘာသာ
ပြည်သူတို့၏ အကျင့်စာရိတ္တ၊ တရားဥပဒေစိုးမိုးမှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားယဉ်
ကျေးမှုတို့ကို ထိခိုက်ခြင်းရှိ၊ မရှိ ယင်းအချက် ခြောက်ချက်အပေါ်အခြေခံ၍ ဆင်ဆာကြည့်ရှုခဲ့ခြင်းဖြစ်
သည်။
ထို အချက်ထဲ က လွတ်ရင်ပြီးရော မောင်နှင့်နှမ၊ သားနှင့်အမိ အတူကြည့်လို့ မသင့်သည့် မြန်မာ ဇာတ်
ကားများ ထပ် မထွက်လာစေရန်အတွက် ဆင်ဆာပြန်လည် တင်းကျပ်သည့် စနစ်ကိုတော့ ရုပ်ရှင် လော
ကသားအားလုံးက ခါးခါးသီးသီး ကန့်ကွက်နေကြသည်။ ထို့ပြင် နိုင်ငံတကာ ရုပ်ရှင်ဈေးကွက် များကဲ့သို့ အသက် ၁၈ နှစ် အောက်ကလေးများ မကြည့်ရဆိုသည့် အဆင့်သတ်မှတ်သည့်စနစ် (Rating) မှာလည်း
မြန်မာ့လူမှုဝန်းကျင်နှင့် လတ်တလောပြုလုပ်ရန် လုံးဝလွယ်ကူဦးမည်မဟုတ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံး ဥက္ကဋ္ဌအပါအ၀င် လောကသားအများစုက ဆိုပြန်သည်။
ထိုသို့ဆိုလျှင် နောက်ထပ်ညစ်ညမ်းပါသည်ဆိုသည့် လင်မယားအတူနေဇာတ်ဝင်ခန်းများ၊ သမီးရည်းစား အကြင်နာပေးသည့် ဇာတ်ဝင်ခန်းများမပါအောင်၊ အနုပညာဖန်တီးသူများကိုလည်း မပွန်းပဲ့အောင် မည်
သို့ဖန်တီးကြမည်နည်း။ အဖြေကို ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌရာထူးကို မကြာမီက ရရှိခဲ့သည့် သရုပ်
ဆောင်ဒါရိုက်တာ ဦးလူမင်းက ပေးပါသည်။
“မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ နေရာမှာ မြန်မာတွေလည်း ချစ်တတ်တာပါပဲ။ ဒါကြောင့် ချစ်ခန်းကြိုက်ခန်းတွေ
ကို သဘာဝ ကျပြီး အမြင် မရိုင်းအောင်တော့ ဖန်တီးမယ့် သူတွေက ကြိုးစားပေး သင့်ပါတယ်။ “မျက်လုံး
လေးကလယ်ကလယ်” ဇာတ်ကားမှာကတည်းက Rating စနစ်လိုနေပြီလို့ ကျွန်တော်ပြောခဲ့ပေမယ့် လတ်
တလောလုပ်ဖို့ လုံးဝအဆင်မပြေပါဘူး” ဟု လူမင်းက ပြောသည်။
အသက် ၁၈ နှစ်အောက် ကလေးများ မကြည့်ရ ဟု တံဆိပ်ကပ်နှိပ် လိုက်ပါက အသက် ၁၈ နှစ်အောက်
မပြည့်သေးသည့် ထိုကလေး အများစု ကပင် ယင်းဇာတ်ကားများကို ရွေးချယ်ကြည့်ရှု သွားလိမ့်မည်ဖြစ်
ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ မြို့စွန်နှင့် ကျေးလက်
နေလူတန်းစားများ ဖြစ်နေပြီး ၎င်းတို့မှာ အခကြေးငွေယူ၍ ပြသကြသည့် ဗီဒီယိုရုံများ၊ လက်ဖက်ရည်
ဆိုင်ကြီးများတွင် ပြသသည့် မြန်မာဇာတ်ကားများ ကို အားထားကြည့်နေကြရသည်။
ဆေးလိပ်၊ အရက်တို့ကိုပင် ကလေးငယ်များကို ဖောဖောသီသီရောင်းနေသည့် မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်များ မကြည့်ရဟု ဇာတ်ကားများသတ်မှတ်လိုက်ပါက အတိအကျလိုက်နာ
ကျင့်သုံးရေး စိစစ်ကြပ်မတ်ရန်မှာ အတော်ပင်မလွယ်ကူသေးသည့် အလုပ်ဖြစ်ကြောင်း ဒါရိုက်တာကြည်
ဖြူသျှင်က ဆိုသည်။
“ကျော်ဆွေသေနတ်ပြောင်းပြန်ထမ်းတာတွေ့ပြီး အားကျပြီး ကျွန်တော်လည်း သေနတ်ပြောင်းပြန်ထမ်း
လိုက်တာ တပ်ထဲမှာ အဆူအကြိမ်းခံလိုက်ရတာပဲ။ ဒါဘာကိုပြလဲဆိုတော့ ခင်ဗျားတို့မှာ ပရိသတ်အ
များကြီးရှိတာပဲ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ယမန်နှစ်က လာရောက်ခဲ့သည့် သမ္မတရုံးပြည်
ထောင်စုဝန်ကြီး ဦးအောင်မင်း၏ စကားမှာ သမားရိုးကျချစ်ကြိုက်ကွဲညားကို ဆန်းသစ်အောင် လိင်အ
သားပေးဇာတ်ဝင်ခန်းများ ထည့်သွင်းရိုက်ကူးသူတို့ စဉ်းစားသင့်သည့်အချက်ဖြစ်နေသည်။
“မင်္ဂလာဦးညကို ရင်ခုန်အောင် ရိုက်ပြရမယ်ဆိုရင်တော့ အထိတွေ့လေးတွေ၊ အနမ်းလေးတွေပါသင့်
တာပေါ့။ ကြည့်တဲ့သူတွေမှာလည်း အကြည်ဓာတ်လေး လိုတယ်လေ။ ခက်တာက လိုတာထက်ပိုပြ
နေတာပဲ။ စွတ်လုပ်နေရင် ရထားတဲ့ လွတ်လပ်ခွင့်လေး ပြန်ဆုံးရှုံးမှာစိုးတယ်” ဟု ဒါရိုက်တာဝိုင်းက ဆိုသည်။ သို့သော် သူက ဇာတ်ကားများအဆင့် သတ်မှတ်သည့် စနစ်ကို ထောက်ခံသူလည်းဖြစ်သည်။
“ရေရှည်ကို ကြည့်ပါ။ လတ်တလောအဆင်ပြေအောင် အဲဒီအခန်းဖြတ်ဆိုတာ မလုပ်နဲ့တော့။ နိုင်ငံတ
ကာကို သွားမယ်ဆိုရင် Rating က အကောင်းဆုံးပဲ။ စစချင်းခက်မှာပဲ။ ဘယ်အလုပ်မဆို ခက်မှာပဲ” ဟု ၀ိုင်းက ဆိုသည်။
လောကသားအများစုမှ စိုးရိမ်သလို ဆင်ဆာပြန်လည်တင်းကျပ်သည့်စနစ်ကိုတော့ မပြုလုပ်လိုကြောင်း ဆင်ဆာအဖွဲ့ဝင် ဦးခင်မောင်ချင်းက ကတိပြုသော်လည်း မူဝါဒခြောက်ချက်နှင့် ငြိစွန်းလာလျှင်တော့
နောက်နောင်ညှာတာတော့မည်မဟုတ်ဟု ဆိုသည်။
မိဖုရား
Credit - 7 Day Daily NewsRate this posting:
{[['']]}
Read 251 times
GYM ကစားရင်း သူမ၏ ​ဘော်​ဒီအလှကို ထုတ်​ကြွားလိုက်​တဲ့ သင်​ဇာဝင့်​​ကျော်
GYM ကစားရင်း သူမ၏ ​ဘော်​ဒီအလှကို ထုတ်​ကြွားလိုက်​တဲ့ သင်​ဇာဝင့်​​ကျော်
မိဖုရား
Credit - papawadyRate this posting:
{[['']]}
Read 251 times
အပေါ်ပိုင်းဗလာနဲ့ Luiမဂ္ဂဇင်းအတွက် ကာဗာပုံရိုက်ပေးခဲ့တဲ့ Rita Ora
ဒီတစ်ခါ Breaking News ကတော့ နာမည်ကျော် အဆိုတော်မလေး Rita Oraရဲ့ သတင်းပဲဖြစ်ပါတယ်။ နာမည်ကျော် Celebrity တွေဟာ ဘယ်လောက်ပဲ အဖော်အချွတ်တွေရိုက်ကြပါစေ၊များသောအားဖြင့် အပေါ်ပိုင်းဗလာတော့ ရိုက်လေ့ မရှိပါဘူး။ အခု Ritaရဲ့ မဂ္ဂဇင်းကာဗာပုံကအားလုံး
ကိုအံ့သြစေခဲ့ပါတယ်။
ဒီ Coming Home အဆိုတော်မလေးဟာ နာမည်ကျော်ဓာတ်ပုံဆရာ Terry Hichardsonနဲ့ အတူ Lui မဂ္ဂဇင်းအတွက်ပုံတွေကို ရိုက်ပေးခဲ့တာဖြစ်ပါတယ်။ မိုင်လီဆိုင်းရပ်စ်လို အဖော်အချွတ်တွေ ခဏခဏလုပ်တဲ့သူတောင် မျက်လုံးပြူးလောက်တယ်လို့ မီဒီယာတွေကဆိုပါတယ်။ ၂၅နှစ်အရွယ်
Rita ဟာ ပြင်သစ်မဂ္ဂဇင်းအတွက် ဒီဓာတ်ပုံတွေရိုက်တဲ့အချိန်မှာ ရှက်နေခြင်းလည်း မရှိခဲ့ပါဘူး။
Rita ဟာ အပြာရောင် ရှပ်အင်္ကျီနဲ့ အနက်ရောင် PVCစကတ်တိုကို ဝတ်ထား ခဲ့ပါတယ်။  r ဆိုတဲ့စကားလုံးနဲ့ လည်ဆွဲတစ်ခုကိုလည်း ဆွဲထားခဲ့ပါတယ်။  လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းကလည်း ဟိုတယ်ဓာတ်လှေကားတစ်ခုထဲမှာ Terryနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ Instagram ပေါ်မှာတက်လာခဲ့ပါသေးတယ်။
Terryကတော့ Twitterမှာ “@ritaora! နဲ့နေ့တစ်နေ့ကုန်ဆုံးရတာ အမြဲတမ်းပျော်စရာကောင်းပါတယ်။ နောက်ထပ်ထွက်လာမယ့် ပုံတွေကို စောင့်မျှော်နေကြပါအုံး”လို့ရေးသားခဲ့ပါတယ်။
မိဖုရား
Credit - Myanmar Online MediaRate this posting:
{[['']]}
Read 251 times
ဖေ့ဘုတ်မှာ ခေတ်စားနေတဲ့ မေမြတ်ဝါဆိုရဲ့ မြန်မာ့ရိုးရာဆန်းသစ်ဖက်ရှင်များ
ရှိုးပွဲတခုမှာ နိုင်ငံခြားမော်ဒယ်လ်လေးတွေက ပြန်လည်ဆန်းသစ် ဖန်တီးထားတဲ့ မြန်မာ့ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး ပြသနေပုံတွေဟာ လတ်တလောဖေ့ဘုတ်လူမှုကွန်ရက်ရှိ သဘောကျ နှစ်ခြိုက်သူတွေကြား ကယက်ထလို့ နေပါတယ်။
အဲ့ဒီပုံထဲက ဖက်ရှင်ဒီဇိုင်းဝတ်စုံတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိ ဟောင်ကောင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Hong Kong International Fashion Week Fall Winter 2016 ပြပွဲမှာ မြန်မာဒီဇိုင်နာ မေမြတ်ဝါဆိုရဲ့ ဒီဇိုင်းတွေပဲဖြစ်ပါတယ်။
ဒီလို နိုင်ငံတကာ ဖက်ရှင်ပြပွဲတွေမှာ မြန်မာဒီဇိုင်နာတွေအနေနဲ့ ကိုယ်ပိုင်ဒီဇိုင်မျိုးစုံနဲ့ သွားရောက် ပြသခဲ့ကြပေမယ့် မြန်မာ ပရိတ်သတ်များအကြား အခုလို ကြိုက်နှစ်သက်အားပေးကြတယ်ဆိုတာ အတော်လေး ရှားပါးလှပါတယ်။
ဒီလို မြန်မာရိုးရာဒီဇိုင်းတွေကို အခြေခံလို့ ပြန်လည်တီထွင် ဆန်းသစ်ထားတဲ့ ဒီ ၀တ်စုံလေးတွေနဲ့ ပတ်သက်လို့ ဒီဇိုင်နာ မေမြတ်ဝါဆို က “ဟိုမှာ သွားပြမယ်ဆိုတော့ မြန်မာဝတ်စုံပြမယ်လို့ စိတ်ကူးမိတယ်။ ဒါပေမယ့် Modernize Traditional Myanmar (ခေတ်မီဆန်းသစ်ထားတဲ့ မြန်မာရိုးရာ) ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြတယ်။ မြန်မာပုံစံစစ်စစ်ကြီးလည်း မဟုတ်ဘူး။ ပြန်ပြီး တီထွင် ဆန်းသစ်ထားတဲ့ပုံမျိုးပေါ့။ ဘာကြောင့်လည်းဆိုတော့ ဟိုမှာက နိုင်ငံတကာ မော်ဒယ်လ်တွေ ၀တ်မယ်ဆိုတော့ တအားကြီး မြန်မာစစ်စစ်တော့ မလုပ်ထားဘူး။ နည်းနည်းရောစပ်ထားပါတယ်။” လို့ ဧရာဝတီကိုပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာကို ပြသချင်တဲ့ သူ့ရဲ့ရည်ရွယ်ချက်ကိုလည်း အခုလိုပြောပြပါတယ်။
“နောက်တခုက ရွှေချည်းထိုးပေါ့။ ရွှေချည်ထိုးကို အဓိကပြချင်တာပါ။ ရွှေချည်ထိုးအရုပ်တွေကို ကျမတို့ဆီမှာ Hand made လုပ်တယ်ဆိုတာ အဓိကပြချင်တာဆိုတော့ အပေါ်ပိုင်းအကျီလေးတွေကို ရွှေချည်ထိုးတွေနဲ့ အကုန်လုပ်ထားတယ်။ ပ၀ါတွေ ရေသီနားတွေကိုလည်း ရွှေချည်ထိုးတွေပါပဲ။ နောက် အရုပ်တွေအားလုံးက လည်း ရွှေချည်ထိုးတွေချည်းပါပဲ။ အရင်တုန်းက မြန်မာအမျိုးသမီးတွေဟာ ဒီလို ရေသီနားလေးတွေနဲ့ ၀တ်ကြပါတယ်။ အဓိက အဲ့ဒါကို ပြချင်တာပါ။ ပြီးတော့ ပုံတော်ဖိနပ်နဲ့ ခြေကျင်းဟာ မြန်မာတွေရဲ့ သင်္ကေတပေါ့။ ဒါကိုလည်း ပြချင်တယ်။ နောက် ပုဂံခေတ်က နားဋောင်းတွေ ဆံထိုးတွေ ဒါတွေ အားလုံးကိုပေါင်းစပ်ထားတာပါ။ ခေတ်တွေအားလုံးကို ယူထားတာပါ။ ထမီမှာထည့်ထားတဲ့ တိုင်းရင်းသားအရုပ်လေးတွေမှာ ကယားတိုင်းရင်းသားနဲ့ ကယန်းလူမျိုးပုံစံ တွေပါတယ်။ ကျန်တာက မြန်မာ အမျိုးသမီးပုံစံ စောင်းတီးနေတာလေးတွေပါတယ်။ နောက်တခုက ကိန္နရီ အမရဲ့ အရုပ်ပုံလေးပါပါတယ်။ အ၀တ်စကိုတော့ ချင်းလူမျိုးတွေသုံးတဲ့ ဂျပ်ခုတ်ချည်သားပေါ်မှာမှ ရွှေချည်ထိုးထားတာပါ။” လို့ ဒီဇိုင်နာ မေမြတ်ဝါဆိုက ဆိုပါတယ်။
အဆိုပါ ဟောင်ကောင်ဖက်ရှင်ပြပွဲမှာ ပြသနေချိန်အတွင်းမှာရော ပွဲပြီးတဲ့အချိန်မှာပါ ဒီဝတ်စုံတွေနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး အထူးသဖြင့် အသုံးပြုထားတဲ့ အ၀တ်စနဲ့ ရွေချည်ထိုး၊ နားဋောင်း ပုံတော်ဖိနပ်တွေကို စိတ်ဝင်တစားနဲ့ စူးစမ်း မေးမြန်းခြင်းခံခဲ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီဇိုင်နာ မေမြတ်ဝါဆိုရဲ့အခုလိုပြန်လည်ဆန်းသစ်ထားတဲ့ မြန်မာဝတ်စုံဒီဇိုင်းတွေနဲ့ ပတ်သက်လို့ ကြိုက်နှစ်သက်ကြသူများရှိသလို ထမိန်ဒီဇိုင်းမှာ တိုင်းရင်းသားအမျိုးသမီးပုံတွေ ထည့်သွင်းထားခြင်း တခြား အရုပ်ပုံလေးတွေ ထည့်သွင်းထားခြင်းအပေါ် ဝေဖန်ပြောဆိုနေတာတွေလည်းရှိပါတယ်။ အဲ့ဒီအပေါ် မေမြတ်ဝါဆို က ရှင်းပြခဲ့ပါတယ်။
“ဖေ့ဘုတ်မှာ တချို့လူတွေ အထင်လွဲထားတာရှိတယ်။ လောကနတ်အရုပ်ဆိုပြီး ထင်နေကြတယ်။ အဲ့ဒါ လောကနတ်အရုပ်လုံးဝမဟုတ်ပါဘူး။ ကိန္နရီ ကိန္နရာ အရုပ်ထဲမှာမှ ကိန္နရီ အမရဲ့ အရုပ်ပါ။ အဖိုလည်း မဟုတ်ပါဘူး။ အဲ့ဒါလေးတခုတော့ မှားပြီးထင်နေကြတယ်။ တချို့က တိုင်းရင်းသားပုံတွေကို ထမိန်မှာ ကပ်တာမကြိုက်ဘူးလို့ ပြောကြတယ်။ ကျမ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က အင်းလေးသွားတုန်းက အဲ့ဒီမှာ သူတို့ ရက်ကန်းစင်မှာ ယက်နေတာ သူတို့ ရိုးရာမိန်းကလေးတွေရဲ့ အရုပ်တွေကို ထမိန်မှာ တခါတည်း ပန်းချီဆေးရေးဆွဲတယ်။ အဲ့ဒါမျိုးတွေက ဟိုးအရင်ကတည်းက လုပ်ခဲ့တာပါ။ ကိုယ်က စပြီး အရုပ်တွေကို ထမိန်မှာကပ်တာမဟုတ်ဘူး။ နောက် ဟိုးအရင် အငြိမ့်မင်းသမီးတွေလည်း ဒီလို ကိန္နရီ ကိန္နရာ အရုပ်တွေကို ထမိန်မှာ ၀တ်ပြီးတော့ အငြိမ့်ကတယ်။ ဒါတွေလေ့လာပြီးတော့မှ ဒီလိုပုံတွေသုံးသင့်မသုံးသင့် စိစစ်ပြီး လုပ်ခဲ့တာပါ။” လို့ သူကဆိုပါတယ်။
မြန်မာဒီဇိုင်နာ မေမြတ်ဝါဆိုဟာ ဒီဇိုင်နာ သက်တမ်း ၉ နှစ်ရှိပြီဖြစ်ပါတယ်။
Hong Kong International Fashion Week Fall Winter 2016 ပြပွဲမှာ နိုင်ငံပေါင်း ၈၀ ကျော်က ဒီဇိုင်နာများရဲ့ ဒီဇိုင်းများကို ပါဝင်ပြသခဲ့ကြပါတယ်။
မိဖုရား
Ctedit - ဧရာဝတီ
Rate this posting:
{[['']]}
Read 251 times
ညဉ့်​ငှက်​မ​လေးများ ကျက်​စားရာ ရန်​ကုန်​မြို့ က ပက်​ပုန်းလမ်း
ဇိမ်ခန်း များ တစ်စု တစ်ဝေး တည်ရှိရာ ကမ္ဘာ သိ လိင်ဈေးတန်းကြီး အဖြစ် နာမည်ကြီးသည့် ပက်ပုန်းလမ်း သည် ဘန်ကောက်မြို့ ၏ နာမည်ကျော် လမ်း တစ်လမ်း ဖြစ်သည်။ ထိုနည်း တူ မြန်မာပြည်တွင် လည်း ရန်ကုန် ပက်ပုန်းလမ်း ဟူ၍ ရှိသည်။
ညဥ့် နတ်မိမယ်လေး များ ပျော်စံရာ ဇိမ်ခန်းပေါင်း များစွာ တစ်စု တစ်ဝေးတည်း တည်ရှိသော ရန်ကုန် ပက်ပုန်းလမ်း တွင် ပြည်တွင်းဖောက်သည်များ သာမက နိုင်ငံခြားသား ဖောက်သည် များပါ ဝင်ထွက် သွား လာ စည်ကားနေပြီ ဖြစ်သည်။
စမ်းချောင်းမြို့နယ် ဗဟိုလမ်း မပေါ်ရှိ တစ်ခုသော လမ်းသွယ် အတွင်းသို့ ကွေ့ဝင် လိုက်ပါက ရန်ကုန် ပက်ပုန်းလမ်း သို့ ရောက်ရှိမည်ဖြစ်သည်။
မီးမှိန်မှိန် ကွမ်းယာဆိုင်လေးများနှင့် မီးထိန်ထိန် ဘီယာဆိုင်များ ၏ အနောက် ဘက်ရှိ အဆောက် အအုံ များ ၏ အပေါ်ထပ် ရှိ စေ့ထားသော တံခါးများ ၏ နောက်ကွယ် တွင် အနီရောင်ဖျော့ဖျော့ မီးရောင် ထွန်းထား သည့် အခန်းကျယ် များ ကိုယ်စီရှိနေသည်။
အချို့ တံခါး တစ်ချပ်သာ ဟထားသော အခန်းများရှေ့တွင် ဧည့်ကြို ဟုခေါ်သော အမျိုးသားငယ် သုံးလေးယောက်က စောင့်ကြပ် ၍ လမ်းသွားလမ်းလာ များကို အချက်ပြကာ အကြိုထောက်နေကြသည်။
“ဒီ လမ်းရော၊ ဟို ဘက် လမ်းသွယ်တွေရော ဆို အားလုံးပေါင်း ဆယ့်ငါးခုလောက်တော့ ရှိတယ်။ ဈေးက အစား စားပဲ။ တစ်ချိန် ဝင်ရင် ခုနစ်ထောင် ကနေ တစ်သောင်းခွဲ အထိ ရှိတယ်” ဟု ဆိုလာသူက ရန်ကုန် ပက်ပုန်းလမ်း အတွင်း ရှိ ဇိမ်ခန်း ဧည့်ကြိုတစ်ဦး ဖြစ်သူ ကိုစိုးမိုးကျော် ဖြစ်သည်။
အသက် ၂၆ နှစ် အရွယ်ရှိ ဇိမ်ခန်း ဧည့်ကြို ကိုစိုးမိုးကျော် သည် တစ်ချိန် က ဘုရားပွဲ များတွင် လှည့် လည်ပြသ သည့် တုတ်ထိုး ရုပ် ပွဲမှ ပညာရှင် တစ်ဦး အဖြစ် လုပ်ကိုင် ခဲ့ရာ ယခုအခါ တုတ်ထိုး ရုပ်ပွဲများ တိမ်မြုပ်ပျောက်ကွယ် လာသောကြောင့် ယခု ကဲ့သို့ ဇိမ်ခန်း ဧည့်ကြို အဖြစ် ပြောင်းလဲ လုပ်ကိုင်ကာ အသက်မွေးဝမ်းကျောင်း ပြုနေရသူ ဖြစ်သည်။
ကိုစိုးမိုးကျော် ကဲ့သို့ ဇိမ်ခန်း ဧည့်ကြို  များ၏ တာဝန် က တံခါးစေ့ထားသော ဇိမ်ခန်း များရှေ့တွင် ထိုင် ၍ ဖောက်သည် များကို ခေါ်ယူပေးရခြင်း၊ ဇိမ်ခန်း တွင် ပြဿ       နာ ဖြစ်ပွားပါက တာဝန်ယူ ဖြေရှင်းပေး ရခြင်းနှင့် ရဲ အစရှိသော တာဝန်ရှိ အဖွဲ့ အစည်းများ ဝင်ရောက် ဖမ်းဆီးမည့် အခြေအနေများ ကို စောင့် ကြည့်ပေးရခြင်းတို့ ဖြစ်သည်။
ညစဉ် ၈ နာရီကျော်သည်နှင့် အဆိုပါ လမ်း အတွင်းရှိ ဘီယာဆိုင် များနှင့် လျှို့ဝှက် ဇိမ်ခန်းများ တွင် လူအဝင် အထွက် တို့ဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။
အချို့ဇိမ်ခန်း များနှင့် တွဲ၍ ဖွင့်ထားသော ဘီယာဆိုင် များတွင် ဖောက်သည် များသည် ဘီယာသောက် သုံးပြီး သည်နှင့် ဆိုင် အနောက်ခန်းနှင့် အပေါ်ထပ် ရှိ ဇိမ်ခန်း များသို့ တစ်ခါတည်း ဝင်သွားနိုင်သည်။ အဆိုပါ ဇိမ်ခန်း များတွင် လုပ်ကိုင်နေသည့် လိင် အလုပ်သမ အရေအတွက် ကလည်း ရာနှင့် ချီ ရှိနေသည်။
“တစ်လ ကို ဝင်ငွေ သုံးသိန်းလောက် ရပါတယ်။ ဒါပေမဲ့ ဆိုင် က အပြင်ပေး မထွက်ဘူး။ ပစ္စည်းပေး မဝယ် ဘူး။ သူတို့ ဆိုင်က ပိုင်ရှင် မမတွေ ရောင်းတဲ့ ပစ္စည်းပဲ ဝယ်သုံးရတယ်” ဟု စမ်းချောင်းမြို့နယ် အတွင်းရှိ ဇိမ်ခန်း တစ်ခုတွင် နေထိုင် သည့် လိင် အလုပ်သမ တစ်ဦး ဖြစ်သူ မသော်တာ က ဆိုသည်။
ဇိမ်ခန်း လိင် အလုပ်သမ များသည် မိတ်ကပ်၊ ရေမွှေး မှ အစ ဘရာစီယာ၊ အတွင်းခံ ဘောင်းဘီ အဆုံး လို အပ် သည့် ပစ္စည်းများ ကို အပြင်ထွက် ဝယ်ယူခွင့် မရှိဘဲ ဇိမ်ခေါင်းများ ရောင်းချသော ပစ္စည်းများ ကိုသာ ဝယ်ယူ သုံးစွဲကြရသည်။
ဇိမ်ခေါင်းများ ရောင်းချသော အသုံးအဆောင် ပစ္စည်း ဈေးနှုန်းများ မှာ ပြင်ပဈေးကွက် များတွင် ရောင်းချ သည့် ဈေးနှုန်း များထက် နှစ်ဆခန့် မြင့်တက် ကွာခြား တတ်ကြောင်း မသော်တာ က ညည်းရှာသည်။
“ဘာပဲဖြစ်ဖြစ် ဒီထဲမှာ နေတာ က ပိုက်ဆံ အရမ်းရတယ်လေ” ဟု မသော်တာ က ဆိုသည်။ မသော်တာ တို့ လိင်ဈေးကွက် အတွင်းသို့ မြန်မာ လူမျိုးများ သာမက နိုင်ငံခြားသား များလည်း မကြာခဏ လာလေ့ ရှိကြ သည်။
ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသား များ အများဆုံး လာရောက်လေ့ ရှိကြပြီး မြန်မာနိုင်ငံ တွင် နှစ်ရှည် စာချုပ်ဖြင့် လာရောက် အလုပ်လုပ်ကြသည့် ဖက်စပ် ကုမ္ပဏီ များမှ အများစု ပါဝင်ဖြစ်ကြောင်း ဧည့်ကြို ကိုစိုးမိုးကျော် က ဆိုသည်။
“တချို့က စကားပြန် ပါပေမယ့် စကားပြန် မပါတဲ့ လူက ပိုများ ပါတယ်။ ဗမာစကားလည်း မတတ်၊ အင်္ဂလိပ် လို လည်း မတတ်တဲ့ အခါကျ ကျွန်တော်တို့ မှာ လက်ဟန်ခြေဟန် နဲ့ပဲ ဈေးစကားပြောရတယ်” ဟု ကိုစိုးမိုးကျော် က ဆိုသည်။
အချို့နိုင်ငံခြားသားများ မှာ ကျသင့်ငွေ ကို အပြည့်အဝ မပေးဘဲ နိုင်ထက် စီးနင်း ပြုကျင့်မှု များ ရှိကြောင်း လည်း ကိုစိုးမိုးကျော် က ဤသို့ ရင်ဖွင့် လာသည်။
“ကျွန်တော်တို့ က တရားမဝင် လုပ်ငန်းလေဗျာ… သူတို့ ပြဿ နာရှာလာ လည်း အလျှော့ပေးလိုက် ရတာပဲ ရှိတယ်”
အဆိုပါ လမ်းတွင် ဇိမ်ခန်း များစွာ ဖွင့်လှစ်ထားသော်လည်း အခြား တစ်ဖက်ခြမ်း တွင် လူနေ တိုက်ခန်း များ၊ ဈေးဆိုင် များလည်း ရှိနေသည်။
“ကျွန်တော်တို့ က တရားမဝင် လုပ်ငန်းလေဗျာ… သူတို့ ပြဿ         နာရှာလာ လည်း အလျှော့ပေးလိုက် ရတာပဲ ရှိတယ်”
အဆိုပါ လမ်းတွင် ဇိမ်ခန်း များစွာ ဖွင့်လှစ်ထားသော်လည်း အခြား တစ်ဖက်ခြမ်း တွင် လူနေ တိုက်ခန်း များ၊ ဈေးဆိုင် များလည်း ရှိနေသည်။
လူနေ ရပ်ကွက်အတွင်း ယခုကဲ့သို့ ဇိမ်ခန်းများ တစ်စုတစ်စည်း တည်း တရားဝင် အလား ဖွင့်ခွင့်ရနေခြင်း အပေါ် နားမလည်နိုင်ကြောင်း အဆိုပါ ရပ်ကွက်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်လာသူ အငြိမ်းစား အင်ဂျင်နီယာမှူးကြီး ဦးလှအောင် က အံ့သြဟန်ဖြင့် ဆိုလာသည်။
“၂၀၁၂ ခုနှစ် နောက်ပိုင်း မှ တစ်ခုစ နှစ်ခုစ ကနေ အများကြီး ဖြစ်လာတာ။ ကျွန်တော်တို့မှာ လည်း သမီးပျိုတွေ ရှိတယ်။ ဒီလမ်း မှာ ဒီလို တစ်စု တစ်ဝေးကြီး တရားဝင် နီးပါး ဖွင့်နေတာတော့ မကောင်းဘူးလို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
တစ်ခါ တစ်ရံ စီမံချက် ရှိသည် ဆိုသည့် အခါတွင်သာ ရဲတပ်ဖွဲ့ က အဆိုပါ လမ်းရှိ ဇိမ်ခန်း အချို့ကို ဝင် ဖမ်းလေ့ ရှိကြပြီး မကြာမီ ပင် ပြန်လည် ဖွင့်လှစ်လေ့ ရှိကြောင်းလည်း ဦးလှအောင် က ဖြည့်စွက် ဆိုလာ သည်။
ဤသို့ အရေအတွက် အားဖြင့် တစ်ဒါဇင်ကျော် ရှိသော အဆိုပါ ဇိမ်ခန်း များကို တစ်နေရာ တည်းတွင် တစ်စု တစ်စည်း ထဲ ဖွင့်ခွင့်ပြုထားသည်မှာ လည်း ရပ်ကွက်နေပြည်သူများ အဖို့ သက်ဆိုင်ရာ တာဝန် ရှိသူများ အပေါ် မေးခွန်းထုတ် စရာ ဖြစ်လာသည်။
ဘန်ကောက် ပက်ပုန်းလမ်း ကဲ့သို့ပင် နိုင်ငံခြားသားများ၊ ပြည်တွင်း ရှိ ကြေးရတတ် လူတန်းစားများ သွားရောက်လေ့ ရှိသည့် နိုင်ငံတကာ အဆင့်မြင့် ပက်ပုန်းလမ်း တစ်လမ်းလည်း ရှိနေပြန်သည်။
ယင်းကား ကုက္ကိုင်းလမ်း အနီးရှိ ဂျပန် ရိုးရာ အနှိပ်ခန်း ဟု လူသိ များသည့် နေရာ တစ်ခု ဖြစ်သည်။
အဆို ပါနေရာ၏ ထူးခြားချက် မှာ ညနေ ၆ နာရီကျော်သည်နှင့် မည်သူ မဆို ဝင်ကြေးကျပ်နှစ်သောင်း ပေးရ သည်။
ဆိုင် အတွင်းတွင်တော့ နိုင်ငံတကာ မီးနီ ရပ်ကွက် များတွင်သာ တွေ့မြင်ရနိုင်သည့် Naked Show ဟု ခေါ်သော အမျိုးသမီးငယ်လေးများ ၏ ဝတ်လစ် စားလစ် ရှိုးပွဲ ကို ယမကာ များ သောက်သုံးလျက် ကြည့်ရှုနိုင် မည် ဖြစ်သည်။
“ရှိုးကြည့်လို့ လည်း ရတယ်။ ရေနွေးကန် စိမ်ချင်တယ် ဆိုလည်း ကောင်မလေးတွေ နဲ့ အတူ ဝန်ဆောင် မှု ပေး ပါတယ်။ ဈေးကတော့ တစ်ခါ သွားရင် သိန်းဂဏန်း ထွက် တာပဲ” ဟု အဆိုပါ နေရာသို့ သွားရောက် ခဲ့ဖူးသူ ရန်ကင်းမြို့နယ် တွင် နေထိုင်သည့် ကိုသူရ (အမည်လွှဲ) က ဆိုသည်။
ဂလိုဘယ်လိုက်ဇေးရှင်း ၏ ဘေးထွက်ဆိုးကျိုး ဟု ဆိုရမည့် လိင် ဆိုင်ရာ အပျော်အပါး နေရာ များ တွင် မြန်မာနိုင်ငံ သည်ကား နောက်ကောက်ကျ မကျန်ခဲ့ပေ။
ကြည့်မြင်တိုင် ညဈေး၊ သိမ်ကြီးဈေးနှင့် ဘုရင့်နောင်မြို့နယ် အတွင်း တို့တွင်လည်း စမ်းချောင်း ပက်ပုန်းလမ်း ကဲ့သို့ ပက်ပုန်း လမ်းငယ်လေး များ အစု အဝေးဖြင့် အစပျိုးနေပြီ ဖြစ်သည်။
ယင်းသို့ ပြည့်တန်ဆာ လုပ်ငန်းများကို ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိဘဲ တရားမဝင် လုပ်ကိုင် ခွင့်ပေးထားခြင်း သည် အကျင့်ပျက် ဝန်ထမ်း များကို လာဘ်ငွေ များ ပို၍ ရရှိအောင် ကူညီပေး သကဲ့ သို့ ဖြစ်နေ သည်ဟု ပြည်တွင်းရှိ NGO အဖွဲ့အစည်း တစ်ခု၏ တာဝန်ရှိ ဆရာဝန် တစ်ဦး ဖြစ် သူ ဒေါက်တာအောင်ကျော်စိုး က ထောက်ပြလာသည်။
အဆိုပါ   ပြည့်တန်ဆာ လုပ်ငန်း များသည် တရားဝင် လုပ်ငန်း မဟုတ်သည့် အတွက် ကူးစက်ရော ဂါ ပြန့် ပွားမှု ကိုလည်း ကျန်းမာရေး ဝန်ထမ်းများ မှ စနစ်တကျ ပညာပေး ထိန်းချုပ်နိုင်မှု အားနည်းလျက် ရှိကြောင်း ၎င်းက ထုတ်ဖော်ပြောဆို လာသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခု ဖြစ်သော မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှု၊ ပညာအရည် အချင်းဖြင့် အသက်မွေး ဝမ်းကျောင်းနိုင်မှု နည်းပါးနေမှု၊ အနိမ့်ဆုံး လုပ်ခ လစာ တည်ငြိမ်မှု မရှိခြင်းတို့ကြောင့် အမျိုးသမီးငယ် အများ စု သည် လိင်ဈေးကွက် အတွင်း အများအပြား ရောက်ရှိနေကြဆဲပင်။
မိခင်နိုင်ငံနှင့် နှစ်ရှည် ခွဲခွာကာ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်အတူ ဝင်ရောက် လာသည့် နိုင်ငံခြားသား အချို့ကြောင့်လည်း ယင်းသို့ ပြည်တွင်း လိင်ဈေးကွက် ဝယ်လို အား က မြင့်မား လာခဲ့သည်။
ရောင်းလို အားနှင့် ဝယ်လို အား များပြား လာသည်နှင့်အမျှ ရန်ကုန် ပက်ပုန်းလမ်း များသည်ကား စည်ကား သထက် စည်ကား၍ လာချေပြီ။
ပက်ပုန်းလမ်း များ စည်ကား လာသည်နှင့် အမျှ ကူးစက်ရောဂါ ကာကွယ်ရေး အတွက် တိကျသော မှတ်တမ်း များ၊ ပညာပေး လုပ်ငန်း များသည်လည်း လိုအပ် သထက် တိုး၍သာ လိုအပ်၍လာသည်။
“ကွန်ဒုံး သုံးတာ မသုံးတာ ကတော့ ဧည့်သည် နဲ့ ကောင်မလေးတွေ ညှိနှိုင်းမှု အပေါ် မူတည် ပါတယ်” ဟု မသော်တာ က အကာအကွယ် ပစ္စည်း အသုံးပြုမှုနှင့် ပတ်သက် သည့် ၎င်း၏ အသိ ကို ဖွင့်ဟလာသည်။
ဤသို့ဖြင့်…
တရားမဝင် ဟူသော ခေါင်းစဉ်အောက် တွင် တရားဝင် နီးပါး ဖြစ်လာနေသော ရန်ကုန် ပက်ပုန်းလမ်းများ သည် ကျန်းမာရေး အသိနတ္ထိဖြင့် ရောဂါဝေငှရာ ဌာနကြီးများ အသွင် တည်ရှိ လာမည် ဆိုလျှင်ဖြင့်…...........
From...    thevoicemyanmar.com
Rate this posting:
{[['']]}
Read 251 times
လူကြိုက်​အများဆုံး သတင်းများ
Get In Touch
http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g
Blogroll
Cpx24.com CPM Program
Blogger templates
လစဉ်​အလိုက်​ သတင်းများ