Cpx24.com CPM Program
Home » » သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကိုပြရတာ ကြိုက်နှစ်သက်သူ Jennifer Lawrence

သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကိုပြရတာ ကြိုက်နှစ်သက်သူ Jennifer Lawrence

နာမည်ကျော် Hunder Games မင်းသမီးဖြစ်တဲ့ အသက်၂၅နှစ်အရွယ် Jennifer Lawrence ဟာ Glamour
မဂ္ဂဇင်းအတွက် sexy ကျကျ ဓာတ်ပုံများစွာကို ရိုက်ကူးပေးခဲ့ပါတယ်။
သူမနဲ့ ခေတ်ပြိုင် ပိန်ပိန်သွယ်သွယ် မင်းသမီးတွေ ဝတ်တဲ့ အဝတ်အစားနဲ့ သူမအလှ အပ မပေါ်နိုင်တာကြောင့်
သူမအနေနဲ့ သူမ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်မယ့် အဝတ်အစားတွေကို ရွေးချယ်ဝတ်ရလေ့ရှိကြောင်းလည်း
ဆိုပါတယ်။

“ကျွန်မမှာ အခြားမိန်းကလေးတွေ အားကျလောက်မယ့် ရင်သားနဲ့  တင်သားတွေရှိပါတယ်။ ဒါ့ကြောင့် အခြား
သွယ်သွယ်လျလျမိန်းကလေးတွေ ဝတ်တဲ့ အဝတ်အစားတွေနဲ့ ကျွန်မမကိုက်ပါဘူး။ အဲ့ဒါတွေက အ၇မ်းကို
ကာကွယ်လွန်းပြီး ကျွန်မရဲ့ကောက်ကြောင်းတွေကို ဖော်ပြလို့မ၇ပါဘူး။ အကယ်၍ ရှင့်မှာ ရင်သားလှလှတွေ
ရှိရင် ရှင်အဲ့ဒါကို ပြတတ်ရမှပေါ့။ ဒါတွေက အဆီခေါက်တွေမှ မဟုတ်တာ။ ဒါက မှားယွင်းတာမှ မဟုတ်တာ
လေ”လို့ရယ်မောပြီးပြောခဲ့ပါတယ်။

အရင်တုန်းက မင်းသား Nicholas Hoult နဲ့ Coldplay အဆိုတော် Chirs Martin တို့နဲ့ တွဲခဲ့ဖူးတဲ့ သူမဟာ
အခုလောလောဆယ် တစ်ကိုယ်တည်းဖြစ်နေကြောင်းနဲ့  သူမဟာ ယောင်္ကျားလေးတွေ ကိုစွဲစွဲလမ်းလမ်းရှိ
လေ့မရှိကြောင်းလည်းပြောပါတယ်။

“ကျွန်မ ယောင်္ကျားလေးတွေနဲ့ သိပ်များများစားစား တွဲလေ့မရှိပါဘူး။ တစ်နှစ်ကို တစ်ကြိမ်လောက်တော့
စွဲဆောင်မှုရှိတဲ့ ယောင်္ကျားလေးတစ်ယောက်နဲ့တွဲဖြစ်ရင် တွဲဖြစ်ပါလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မ
က အထီးကျန်နေတဲ့သူတော့ မဟုတ်ပါဘူး။ တစ်စုံတစ်ယေက်နဲ့မတွဲရုံနဲ့ တော့ ကျွန်မတစ်ခုခုလိုနေတယ်လို့
မခံစားမိပါဘူး။ ကျွန်မဘဝကို ပြီးပြည့်စုံတယ်လို့ယူဆပါတယ်။ တစ်စုံတစ်ယောက်နဲ့ တွဲနေတဲ့ အချိန်မှာတော့
ပျော်နေပေမယ့် အဲ့ဒိပျော်ရွှင်မှုကို ကျွန်မမလိုအပ်ပါဘူး” လို့ဆက်လက်ပြီး ပြောခဲ့ပါတယ်။

Jennifer Lawrence အနေနဲ့ သူမကို အဖော်ပြုပေးမယ့် သူငယ်ချင်းတွေထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ Emma
Stone, Amy Schumer, Adele တို့လည်း ပါဝင်နေပါတယ်။

သူမရဲ့သူငယ်ချင်းတွေအကြောင်းကို ” ကျွန်မ Emma ကိုအရမ်းချစ်ပါတယ်။ သူကရယ်ရပါတယ်။ ချစ်ဖို့လည်း
အရမ်းကောင်းပါတယ်။ Adele ကိုတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက စတွေ့ခဲ့တာပါ။ ကျွန်မတို့နှစ်
ယောက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောမနာဆိုမနာနဲ့ပါ။ Emma ကတော့ ဘယ်တော့မှ လူတစ်ယောက်
အကြောင်းကို အဆိုးတွေးလေ့မရှိပါဘူး။ ဒီ၂ယောက်အပြင် Amyလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ကျွန်မက
နည်းနည်းတော့ ထူးဆန်းတယ်။ သိပ်ပြီး လူသစ်တွေနဲ့ အရောဝင်လေ့မရှိပါဘူး။ ဒီသုံးယောက်နဲ့  အတူအချိန်
ဖြုန်းရတာ အရမ်းကောင်းပါတယ်။ ကျွန်မဘာလုပ်လုပ် အပြစ်မြင်လေ့မရှိပါဘူး’ လို့ပြောပြခဲ့ပါတယ်။

မိဖုရား
Credit-Myanmar Online Media


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ