Cpx24.com CPM Program
Home » » ကား​ပေါ်မှာ လိုက်​လာတယ်​ (​ကြောက်​တတ်​သူများ မဖတ်​ရ)

ကား​ပေါ်မှာ လိုက်​လာတယ်​ (​ကြောက်​တတ်​သူများ မဖတ်​ရ)

ကျနော် taxi မောင်းခဲ့စဉ်က ကြားဖူးခဲ့တဲ့ သရဲဇာတ်လမ်းတပုဒ် အကြောင်းပြောပြပါမယ်…
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

ညပိုင်းမောင်းတဲ့ taxi သမားတွေမို့ ၁၁နာရီလောက်ဆို လမ်းတွေပေါ်လူတွေရှင်းစပြုလာတတ်တာကြောင့် ကျနော်တို့ ကားသမားတွေ ကားကိုလျှောက်ပတ်မောင်းပြီး လူမရှာကျတော့ပဲ တနေရာမှာပဲ စုပြီး ထိုင်ကျစကားပြောကျ ကော်ဖီသောက်ကျ ထွေရာလေးပါး အာ့လပါ့ သလာပါ့ ပြောကျတာ ညတိုင်းဆိုပါတော့…ပေါက်ကရတွေကော အတွေ့အကြုံတွေက အစ ဗဟုသုတဖြစ်စရာတွေကော ဟာသတွေ နိုင်ငံရေးတွေ အသက်ကြီးပိုင်းကားသမားတွေရဲ့အတွေ့အကြုံတွေပြောပြကျ…သူ သူ ငါ ငါ ကြားလာတဲ့ သတင်းတွေဖလှယ်ကျနဲ့ပေါ့…
သရဲအကြောင်းတွေပါတာလည်း ခဏခဏ…ဘယ်ကားသမားတော့ ဘယ်နေရာမှာ ဘယ်သရဲနဲ့တွေ့ခဲ့ရတယ်…ဘယ်သူတော့ အလုခံရပြန်ပြီ…ဒီနေ့ဘယ်နေရာမှာ ကားတိုက်တာတွေ့ခဲ့တယ် စသည်ဖြင့်ပြောဖြစ်ကျရင်း တစ်ည ထူးဆန်းတဲ့ ထိတ်လန့်ဖွယ် သရဲဇာတ်လမ်းတစ်ပုဒ်ပါလာပါတယ်…
အဲဒီအဖြစ်အပျက်ဟာ ၂၀၁၅ခုနှစ် နှစ်စပိုင်းလောက်မှာ ကားသမားတွေအကြား နည်းနည်းနာမည်ကြီးသွားတဲ့ ကိစ္စပါ…
နေရာကတော့ လှိုင်သာယာ သမကုန်း အဝိုင်းနဲ့ ဘီအိုစီအဝိုင်းနားကမှတ်တိုင်တစ်ခုမှာလို့ပြောကျပါတယ် …မှတ်တိုင်နာမည်တော့မေ့နေပါပြီ…
ဖြစ်ပုံက ဒီလိုပါ…အဲဒီမှတ်တိုင်နားရောက်ရင် မိန်းမတစ်ယောက်နဲ့ ကလေးတစ်ယောက်ကားထွက်တားတတ်တယ်တဲ့…ကားကရပ်ပေးမိလို့ ဘယ်သွားမလဲမေးလိုက်ရင် ဘာမှ ပြန်မပြောပဲ စက်ရုံတွေရှိတဲ့ ဘက်ကို လက်ညိုးထိုးပြကြောင်း သူတို့ထိုးပြတဲ့ ဘက်လှည့်ကြည့်မိလို့ ဒီဘက်ပြန်လှည့်လာရင် ကလေးကော လူကြီးပါပျောက်သွားတတ်တယ်လို့ တဆင့်စကားတဆင့်နဲ့ ညပိုင်း taxi သမားတွေရဲ့ အကြားသတင်းပျံ့လာပါတယ်…
ကားသမားအချင်းချင်းသတိပေးကျတော့ အဲ့ ဒီအနားရောက်လို့ အဲဒီလို ကားထွက်တားတာ မြင်တာနဲ့ ကားကိုမရပ်ပေးပဲ မောင်းပြေးကျပါတယ်…အဲလိုမရပ်ပေးလို့ မောင်းပြေးတဲ့ အခါ ကလေးသရဲက ကားဘေးနားကနေ ပြေးပြေးလိုက်တယ် ဆိုတဲ့ သတင်းပါကြားလာတော့ ညပိုင်းဆို တော်ယုံ သတ္တိနည်းတဲ့ ကားသမား အဲဒီဘက်ကို မလိုက်ရဲတော့ပါဘူး…
အဲဒီအဖြစ်အပျက်တွေ သတင်းတွေကြားတော့ ကျနော်လည်း လန့်တာနဲ့ အဲဒီဘက်ကို ကားငှားရင် မလိုက်နိုင်ကြောင်း ငြင်းပါတော့တယ်…သရဲခြောက်တယ် ဆိုတဲ့ အဖြစ်အပျက်ဟာ တစ်လကျော်လောက်ကြာလာတဲ့အခါမှာ ဘာသတင်းမှ ထပ်မကြားရတော့သလို လူတွေလည်း မေ့မေ့ပျောက်ပျောက်ဖြစ်လာပါတယ်…တစ်ညမှာတော့ ကျနော့်အသိ ကားသမားတစ်ယောက် လှိုင်သာယာ အဝေးပြေးကို မနက်၃ နာရီခွဲလောက် ခရီးသည်ရတာနဲ့ လိုက်ပို့မိလိုက်ပါတယ်…အစက သူလည်း အဲဒီကိစ္စကိုမေ့နေတာနဲ့ လိုက်သွားမိတာပါ…အမှန်က သူကသရဲ အရမ်းကြောက်တတ်တဲ့သူပါ…ကားမောင်းနေရင်း ဘီအိုစီအဝိုင်းကိုရောက်တဲ့ အချိန်မှ သရဲအကြောင်းသူ ပြန်သတိရလာပြီး ကြောက်လာတာနဲ့ ဘုရားစာရွတ်ရင်း ကားလေးကို အရှိန်တင်ပြီး ဟိုကြည့်ဒီကြည့်နဲ့ မောင်းလာတာ အဝိုင်း၂ခုအကြား အပေါ်မှာပြောပြခဲ့တဲ့ မှတ်တိုင်နားရောက်လာတော့ ကြောက်တာနဲ့ သူ့ဘေးက ကားမှန်ကို တင်ရင်း ကားဘက်ကြည့်မှန်ကို ကြည့်လိုက်မိတော့ ကလေးတစ်ယောက် သူ့ကားဘေးပြေးလိုက်နေတာ သူမြင်လိုက်တာနဲ့ လန့်ပြီး ကားကို အသားကုန်မောင်းပြေးတာ အရှေ့က သမကုန်းအဝိုင်းနဲ့တောင် ဝင်တိုက်မိမလို ဖြစ်သွားတယ်တဲ့…ခရီးသည်က အော်ပြီး သတိပေးလို့ မတိုက်မိတာ ဖြစ်ကြောင်းပြန်ပြောပြတယ်…သူလည်း တယောက်တည်း ကားမောင်းမပြန်ရဲတော့တာနဲ့ မိုးလင်းတဲ့ အထိ လှိုင်သာယာအဝေးပြေးဝင်းထဲမှာ ထိုင်စောင့်ပြီးမှ မိုးလင်းမှ ပြန်မောင်းလာရတယ်တဲ့…
ကျနော်ကြားသိခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကတော့ ဒါပါပဲ… အခု နောက်ပိုင်းတော့ ခြောက်တဲ့အသံမကြားရတော့ပါဘူး…

±±±±±±±±±±±±±±

ပြီးပါပြီ…


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ