Cpx24.com CPM Program
Home » » ထိုင်းနိုင်ငံ ချင်းဟိုင်းမြို့တွင် မြန်မာအလုပ်သမား ၁၂၀ ခန့်အား လစာမပေးဘဲ အလုပ်ထုတ်

ထိုင်းနိုင်ငံ ချင်းဟိုင်းမြို့တွင် မြန်မာအလုပ်သမား ၁၂၀ ခန့်အား လစာမပေးဘဲ အလုပ်ထုတ်


ထိုင်းနိုင်ငံ ချင်းဟိုင်းမြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၂၀ ခန့်က ဆောက်လုပ်ရေး ကုမ္ပဏီမှ လုပ်အားခငွေများ မရသဖြင့် အလုပ်သမားနှင့် လူမှုဖူလုံရေး ဌာနသို့ ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် အဆိုပါ လုပ်သားများမှာ အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရသည်။

အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီက ၀န်ထမ်းများအား ပေးရမည့် လုပ်အားခငွေ ထိုင်းဘတ်ငွေ ၃.၄ သန်းခန့် ရရှိရန် အလုပ်သမားများက ဇန်န၀ါရီ ၂၇ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

"ကျွန်တော်တို့ကို ပါဖတ်တိုကုမ္ပဏီက အလုပ်ထုတ် လိုက်ပါတယ်။ လုပ်အားခငွေလည်း မပေးခဲ့ပါဘူး။ ဒီအတွက် ရသင့်ရထိုက်တဲ့ လုပ်အားခတွေရရှိဖို့ ဆန္ဒဖေါ်ထုတ်ခဲ့တာပါ" ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမား ကိုထွန်းထွန်းက ပြောသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်ပြီး နောက် ကုမ္ပဏီမှ ၀န်ထမ်းများ နေထိုင်သည့် တိုက်ခန်းများအား ရေ၊ မီးများ ဖြတ်တောက်ခြင်းများ ပြုလုပ်ထားသဖြင့် ဝန်ထမ်းများသည် အလုပ်သစ်နှင့် နေထိုင်ရန် နေရာပါ ရှာဖွေနေရ ကြောင်း သိရသည်။

"ကျွန်တော်တို့ကို ပေးရမှာ ဒီဇင်ဘာလ ၁၆ ရက်ကနေ ဇန်န၀ါရီလ ၁၅ ရက်နေ့ထိ တစ်လစာပေါ့။ ကျွန်တော်တို့ ရွှေ့ပြောင်း အလုပ်သမား လူမှုရေးအဖွဲ့ (Migrant Workers Federation)ကို ဥပဒေအတိုင်းရဖို့ အကူအညီ တောင်းထားပါတယ်" ဟု ဆန္ဒပြရာတွင် ပါဝင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံမှ ပါဖတ်တိုကုမ္ပဏီ၏ ဆောက်လုပ်ရေး လုပ်ငန်းသုံးခုဖြစ်သော စတားအီဝင်းနယူး၊ ဒီဟာမော၊ The pring condominiun အလုပ်ဆိုဒ်များတွင် မြန်မာရွှေ့ပြောင်း လုပ်သားများ ဝင်ရောက် လုပ်ကိုင် နေခြင်းဖြစ်ပြီး ၎င်းတို့၏ ၁၅ ရက်စာ လုပ်အားခငွေနှင့် အလုပ်ထုတ်သည့်အတွက် ကုမ္ပဏီက ပေးဆောင်ရမည့် ခုနစ်ရက်စာ ကြိုတင်လစာ၊ နစ်နာကြေးတို့ရရှိရန် တောင်းဆိုထားခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများထံမှ သိရသည်။

သတင်း - MMK
The Ladies News Journal
Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ