ခဲ့ရသည် ဟု ဦးလှကြည် ကပြောပါသည်။
ယမကာ သမားတစ်ဦး၏ အလောင်း ကို မြေချရန် လာရောက်ကြသည့် လူအုပ်စု အတွင်းမှ အမျိုးသမီး တစ်ဦးကို ထို ယမကာသမား ၏ ၀ိညာဉ် က ၀င်ရောက် ပူးကပ်ခြင်းဖြစ်ပြီး မျက်နှာ အမူအရာနှင့်
အသံပါ ပြောင်းလဲ သွားကာ အရက် တိုက်ရန် တောင်းဆိုခြင်း ဖြစ်သည်ဟုဆိုသည်။
“အလောင်းတောင် ကားပေါ်က မချရသေးဘူး။ ၀င်ပူးတာ။ အရက်တိုက်ပါ ဆိုတဲ့အသံ က သေသွား တဲ့ လူရဲ့ အသံနဲ့။ ပါးစပ်ထဲကို အရက်ထည့်ပေးလိုက် မှ ထွက် သွားတယ်” ဟု ဦးလှကြည် ကရှင်းပြ သည်။
သို့သော် ထိုဖြစ်ရပ်က သူနှင့် ခပ်လှမ်းလှမ်း တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး သူရောက်ရှိ သွားသောအခါ ပူးကပ်ခြင်း မရှိတော့ပေ။
ဦးလှကြည် က ပဲခူးမြို့ မှ ဖားကန် သုသာန် တွင် တာဝန်ခံ အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ယခင်
က စည်ပင်၊ သန့်ရှင်းရေးဌာန တွင် အလုပ် လုပ်ကိုင် ခဲ့ပြီး တာဝန် အရ သုသာန် သို့ ပြောင်းရွှေ့လာ
ရခြင်း ပင် ဦးလှကြည်နှင့် အတူ ဇနီးသည် ကလည်း အလောင်း ထည့်သည့် ပျဉ်ခေါင်း များပြုလုပ်ကာရောင်း ချသည့် အလုပ်ဖြင့် စားသောက်ကြရသည်။
သုသာန်မြေ အတွင်းမှ အိမ်လေး တစ်လုံးတွင် နေထိုင်ကြသော် လည်း သူတို့ မိသားစု မှာကြောက်ရွံ့ခြင်း မရှိ။ နာနာဘာဝဖြစ်ရပ် များကို ယုံကြည်သော် လည်း တစ်ကြိမ် တစ်ခါမှ ကိုယ်တိုင်ကြုံတွေ့ ဖူးခြင်းမရှိ သဖြင့် ထူးခြား စွာကြောက်လန့် ခြင်း မဖြစ်ကြောင်း သူတို့က ဆိုကြသည်။
“ဒီကို စရောက် ကတည်းက သုသာန် ထဲမှာ ပြောထားတယ်။ အသင် တို့ကို မနှောင့်ယှက်ပါဘူး။ ကျွန်ုပ်ကို လည်း မနှောင့်ယှက် ပါနဲ့။ တာဝန် အရ လာရတာပါ ဆိုပြီး ဗုဒ္ဓဘာသာ ရဲ့ စာပေတွေ အရ၊ ကျွန်တော့်ဖြတ် သန်း မှုတွေ အရ မယုံလို့ မရပါဘူး။
အရင်က ဆို ဒီ သုသာန်က ကြမ်းတယ် လို့နာမည် ကြီးတယ်။ အခုနောက်ပိုင်း စည်ပင် ကကိုင်တော့ နိုင်ငံတော် အာဏာ နဲ့ ကိုင်ထား တာပေါ့” ဟု ဦး လှကြည်က သူနေထိုင်ရပုံကို ရှင်းပြသည်။
မြန်မာ့ရှေးရိုးစွဲ အယူအဆ အရ သချိုင်း ဆိုလျှင် မဖဲဝါ ပိုင်ဆိုင်သည် ဟု အယူ အစွဲ ရှိပြီး ပိုင်ရာ ဆိုင်ရာ ပုဂ္ဂိုလ် များ၊ အပင်စောင့် နတ်များ၊ နာနာဘာဝ ဇာတ်လမ်းများ က သုသာန် တိုင်းတွင် ရှိနေခဲ့သည်။
သုသာန် တာဝန်ခံ များ ကတော့ ဘုရား ရှိခိုးခြင်း၊ မေတ္တာပို့ခြင်း တို့နှင့်သာ ပြေလည်အောင် နေထိုင်
ကြသည် ဟု ဆိုကြပါသည်။
“ဒီ သုသာန် ထဲက ညောင်ကြတ်ပင်ကြီး ဆိုရင် ဘုန်းကြီး ဖြတ်လျှောက် ရင်တောင် ခဲ နဲ့ပေါက်တာ။ တစ်ခါတုန်းက ကောင်မလေး တစ်ယောက် ဗီဒီယို ကြည့်ပြီးအပြန် အပင်အောက် အပေါ့ သွားမိတာပြန်ထ လို့ကို မရတော့ဘူး။ လက်ဖက်နဲ့ ကွမ်းနဲ့ တောင်းပန် ခဲ့ရတယ်။
သရဲ မရှိဘူးလို့ ပြောလို့ မရပါဘူး။ မြင်တော့ မမြင်ရဘူး။ ဒါပေမဲ့ တိုက်ဆိုင် မှုတွေ များ လာတော့ မ
ယုံလို့ မရဘူးဖြစ်နေ တယ်”ဟု ပဲခူးမြို့၊ ဖောင်တော်ဦး သုသာန် မှ အသက် ၅၈ နှစ် အရွယ် တာဝန်ခံ ဦးအုန်းလှိုင် က ဆိုသည်။
ဦးအုန်းလှိုင် ထံတွင် ကျင်းတူးခြင်း၊ အခေါင်း စပ်ခြင်း တို့ကို လုပ်ကိုင်နေ သည့် ၂၃ နှစ် အရွယ် လူ
ငယ် တစ်ဦး ကတော့ “သရဲ ဆိုတာ မမြင်ဖူးတော့ ယုံချင်စိတ်လည်း မရှိဘူး” ဟု ပြောလာသည်။
သန်လျင်၊ ပျဉ်ထောင်ကျောင်း သုသာန် မှ ကျင်းတူး သမား တစ်ဦး ကလည်း “အယုံ အကြည်မရှိဘူး
လည်း မဟုတ်ဘူး။ ခြောက်တာတွေတော့ ရှိတယ်။ ကိုယ်တိုင်တော့ မကြုံဖူးဘူး” ဟု ပြောသည်။
သုသာန် အပြောင်းအရွှေ့ များတွင် ၀ိညာဉ် များကို ကားဖြင့် သယ်ဆောင်ခြင်း၊ ကားနောက် တွင် မြင်ရ သည့် အလေးချိန် များ ပြည့်နေသည့် အတွက် ကားထွက် မရခြင်း၊ အစိုးရ အာဏာဖြင့် အမိန့် ပေးရခြင်း စသည့် ဖြစ်ရပ်များ ကတော့ နယ်များမှာ သာမက မြို့ကြီးများ မှာပင် နာမည်ကျော်ကြားနေဆဲဖြစ်သည်။
ခြောက်လှန့် ပူးကပ်ခြင်း၊ ထန်းသီး ခန့်ကြီးသည့် မျက်လုံးနှင့် ထန်းပင်ခန့် ရှည်သည့် အရပ်ကြီးနှင့်သ ရဲ ၊ ကိုယ်ထင်ပြသည့် ဒေါ်ကုလားမ သရဲ၊ လမ်းတွင် ဆိုင်ကယ်ပေါ် တက်လိုက် လာသည့် ဆံနီမ သရဲ အုတ်ခုံ မှာ ထိုင်နေသည့် သရဲမကြီးနှစ်ဦး စသည့် ဖြစ်ရပ် ဆန်းကြယ် ဇာတ်လမ်းများ က သဿု နု တွေ မှာ နာ မည်ကြီး စမြဲဖြစ်သည်။
ထိုသို့ နာနာဘာဝ ခြောက်လှန့်ခြင်း များကို ပြောပြ သူတို့ ကလည်း ကိုယ်တိုင်ကြုံတွေ့ခြင်း မဟုတ်
ဘဲ တစ်ဆင့် စကားဖြင့် ပြန်ပြော သည်က များကြလေသည်။
သုသာန် တွင် နေ့ရော ညပါ နေထိုင် လုပ်ကိုင်နေကြသူများ ကတော့ သရဲ တစ္ဆေခြောက်လှန့် ခြင်းကို တစ်ကြိမ် တစ်ခါမှ မကြုံ တွေ့ ခဲ့ကြရကြောင်း တညီ တညွတ်တည်း ပြောကြပါသည်။
“ကိုယ့်ကို အရိပ် အယောင်ပြ ခြောက်လှန့် ဖို့နေနေသာသာ သူတောင်မှ ပဲ နာရီဝက်လောက် မှာ ပြာ
ဘ၀ ရောက် သွားတာ။ ဒီလို အယူတွေက မရှိ တာကောင်းပါတယ်”ဟု ရန်ကုန်မြို့ ရေဝေး သုသာန်
မှ မီး သင်္ဂြိုဟ်ပေးနေ သည့် စည်ပင် ၀န်ထမ်းတစ်ဦးက ပြောသည်။ ၅၁ နှ စ်အရွယ် ဦးလှကြည် က
လည်း “နောက်ဆုံးတော့ စိတ် ပါပဲ” ဟု ဆိုပါသည်။
သုသာန် တာဝန်ခံ မိသားစုကို အနီးအနား ရပ်ကွက်များက ခွဲခြား ဆက်ဆံမှု များ အနည်းငယ် ရှိနေ ဆဲဖြစ် သည်။ လူတွေသေရင် ကြိုက် မှာပေါ့ ဟူသည့် အပြောအဆို များကို အတော် အားတင်း ခံစားခဲ့ရသည် ဟု ဦးလှကြည် က ဆိုပါသည်။
“ကြေးစည်သံ ကြားမှ ထမင်း စားရတဲ့ လူတွေ လို့ အပြောခံရတယ်။ မနာပါဘူး။ သမ္မာအာဇီဝ လုပ်
တာပဲလေ” ဟု ကျင်းတူး သမား ကိုသန့်စင် က ပြောသည်။ ဖောင်တော်ဦး သုသာန် တာဝန်ခံ ဦးအုန်းလှိုင် ကတော့ မိသားစု ကို အောက်ပါ အတိုင်း မှာကြားထား ခဲ့သည်။
“အရင် တုန်းက ဒုက္ခရောက်ခဲ့ ကြတယ်။ အခု ဒီ အလုပ်က အဆင်ပြေတယ်။ သားသမီးတွေ ပညာ
သင် တာ ဒီ အလုပ်ပဲ။ ကိုယ့်ကျေးဇူးရှင် အလုပ်ကို ဘယ်တော့ မှ စိတ်မပျက် နဲ့။ အလုပ်ကို မစော်
ကားနဲ့ လို့မှာထားတယ်” ဟူ၍ဖြစ်သည်။
မန္တလေးမြို့၊ ဗြဟ္မစိုရ် နာရေးကူညီမှု အသင်း မှ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းမြင့် က“စဏ္ဍာလ တို့၊ သုဘရာ
ဇာ တို့ ဆိုတာ လူမှု ၀န်းကျင် က အနိမ့်ဆုံး အလုပ်လို့ သတ်မှတ် ထားတာ။ ဒီ အလုပ်ကို ဦးကျော်သူတို့
လို အောင်မြင်ကျော်ကြား တဲ့သူတွေတောင် ရှေ့ဆောင်လမ်းပြ လုပ်ပေးနေတာ ဆိုတော့တချို့တွေ
ရဲ့ ကျဉ်းမြောင်း တဲ့ အယူသီး မှုတွေ ကို ဖယ်ထုတ်စေချင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
ယခင်ခေတ်များ က သုသာန်တွင် ကျင်းတူးပေးခြင်း မြေမြှုပ်ပေးခြင်း တို့ကို လုပ်ဆောင် သည့် သုဘ
ရာဇာ များ ရှိခဲ့ကြသည်။ ယခုခေတ် တွင် သုသာန် များ ကို စည်ပင် သာယာရေးကော်မတီ က တာဝန်
ယူပြီး တာဝန်ခံ များ ခန့်အပ် ထားကြပြီဖြစ်သည်။
နာရေး ကူညီမှု အသင်းများ ပေါ်ပေါက် လာသည့် အခါ နယ်မှ သုသာန် တာဝန်ခံ အချို့အတွက် အနည်းငယ် အခက် အခဲကြုံကြရသည် ဟု ဆိုသည်။ နာရေး ကူညီမှု အသင်းများ က အလောင်းကို ပို့ဆောင်ပေးရုံ သာ မကဘဲ အခေါင်း များ ကိုပါ လှူဒါန်း လာကြသောကြောင့် ဦးလှကြည် တို့ သုသာန် အတွင်းမှ အခေါင်း လွတ် အချို့ ဖုန်တက် လာခဲ့သည်။
သုသာန်မြေ အနီး ထိ ရောက်ရှိ တိုးချဲ့ လာကြသည့် လူနေ ရပ်ကွက် များကြောင့် ညှော်နံ့ထွက် သည့် မီးသင်္ဂြိုဟ်ခြင်း ကိုလည်း ရပ်ဆိုင်း ထားကြခဲ့ရသည်။
တစ်ခါ တစ်ရံ ပိုင်ရှင်မဲ့ အလောင်း များကိုလည်း သက်ဆိုင်ရာ ရဲစခန်း၊ နာရေး ကူညီမှု အသင်းများနှင့် ပူးပေါင်း ၍ မြေမြှုပ်ပေးကြ ရသည်။ ငွေ မတတ်နိုင် ၍ ဖျာလိပ်နှင့် ထမ်းလာသည့် အလောင်းအ ချို့ ကို လည်း မေတ္တာဖြင့် ကူညီပေးကြရသည်။
မြေမြှုပ်ပြီး သုံးလခန့် အကြာ မှ ရာဇ၀တ်မှုပေါ် ၍ အ လောင်းပြန်ဖော်ရ သည့် ဖြစ်ရပ်များကို ကြုံတွေ့ ရသည့် အပြင် တရားရုံး တွင် သက်သေ လိုက်ပေးရ ခြင်းမျိုးလည်းရှိသည်။
ညဘက်တွင် သုသာန် အတွင်း ဓူတင်ဆောင်၊ တရား ကျင့်ကြံတော် မူကြသည့် သံဃာတော် များကို
လည်း စောင့်ရှောက်ပေးခြင်း၊ ၀တ်ကြီး ၀တ်ငယ် ပြုစုပေးခြင်း တို့ကို ဆောင်ရွက်ပေးကြ ရသည်။
ထိုကြားထဲ သုသာန် အပြောင်းအရွှေ့ ရှိသည် ဟူသည့် ကောလာ ဟလများ က ပြန့်တတ်သည့် အတွက် ဦးလှကြည် ကတော့ သုသာန် အတွင်းမှာ ပင်“အပြောင်းအရွှေ့ မရှိပါ”ဟူ၍ စာရေးထားသည် ကို တွေ့
ရသည်။ အယူသီးနေဆဲဖြစ်သည့် အနီးအနား ရပ်ကွက်များနှင့် လည်း သူတို့က အဆင်ပြေအောင်နေ
ထိုင်ကြရသည်။
“အရင်က ဆို အသုဘ အိမ် ဘယ်နား လဲမေးရင် မကြိုက်ကြ ဘူး အသုဘ လာပို့တဲ့ ကားက ကိုယ့်အိမ်
ရှေ့မှာ ခေါင်းပြန် လှည့်ရင် လက်မခံကြဘူး။ အလောင်းတွေ ကတော့ ဒုက္ခရောက် လာတဲ့ လူဆိုရင် ကူညီပေး ရတာပဲ သာရေး ဆိုတာက ပိုက်ဆံ ရှိလို့လုပ်တာ နာရေးက တားလို့ မရဘူး ။
တချို့ထောင် ထဲမှာ သေတဲ့ အလောင်းတွေဆို ပိုင်ရှင်မဲ့တွေ ပဲ ကိုယ်ကပဲ တရားနာ တာ ထမင်းထုပ် ထည့်ပေးတာ အကုန် လုပ်ပေးရတယ်” ဟု ဖောင်တော်ဦး သုသာန် မှ ဦးအုန်းလှိုင် က ရှင်းပြသည်။
သို့သော်လည်း တိုးတက် လာသောခေတ် အရ မြန်မာလူမျိုး တို့သည်လည်း အယူသီးမှု များပျောက်
ကွယ် ကုန်ကြပါပြီ။
သုသာန်မြေ အနီးတွင် ပတ်ပတ် လည် တည်ဆောက်ထား ထည့် အိမ်များ ရှိလာ သည်။ ရပ်ကွက် တစ်ခုနှင့် တစ်ခု အကူးကို သုသာန် အလယ် တည့်တည့် မှ လမ်းဖောက် သွားလာ နေကြခြင်းများလည်း ရှိလာသည်။
နိမ့်ကျခြင်း၊ မြင့်မြတ်ခြင်း များလည်း အရာ မ၀င်တော့။ သုသာန်မြေ များသည် ညသန်းခေါင် တွင် ခွေးအူသံ တညံညံဖြင့် ကြောက်စရာ မဟုတ်တော့။
“ခွေးတွေ ကတော့ မိတ်လိုက်တဲ့ ရာသီဆို တစ်ကောင် အူရင် ဆက်တိုက် အူကြတော့တာပဲ” ဟု ဦးအုန်းလှိုင် က သုသာန် အတွင်း ရှိ ခွေးများ ကို မေးငေါ့ပြောရင်း သဘော တကျ ရယ်နေသည်။
ရှေးမြန်မာခေတ် များတွင် အခေါင်း စပ်ခြင်း၊ အလှ ဆင်ယင်ခြင်း၊ အလောင်း ထမ်းခြင်း၊ တွင်း တူးခြင်းမြေမြှုပ် မီးရှို့ ၍ အရိုးကောက်ခြင်း စသည့် စဏ္ဍာလ ငါးမျိုး ရှိသည်ဟု ကျမ်းများ တွင် ဖော်ပြ ထားသည်။
ထို အလုပ်ကို လုပ်ကိုင် သူတို့ ကိုလည်း သုဘရာဇာ ဟူ၍ အမည် တွင် သတ်မှတ် ထားခဲ့ကြသည်။ ယခု အခါမှာတော့ သုသာန် တာဝန်ခံ တို့သာရှိ ပါတော့သည်။
သန်လျင်မြို့၊ ပျဉ်ထောင်ကျောင်း သုသာန် တာဝန်ခံ ဦးစံရှား ကတော့ “နိမ့်ကျတဲ့ အလုပ်ကို မြင့် မြတ်တဲ့ ပုဂ္ဂိုလ်တို့ က လုပ်ဆောင်ကြတယ်။ အဘ ကတော့ ဒီ အလုပ်ကို မြတ်တဲ့ အလုပ်လို့ ယူဆ တယ်” ဟု သူ ၏ ခံယူချက် ကိုပြောပါသည်။
သုသာန်စောင့် မဖဲဝါ ပိုင်ဆိုင်သည့် သင်္ချိုင်းမြေ တစ်ခု အတွင်းမှ ပေါက်တူး ပေါက်သံ တဒုတ်ဒုတ် ထွက်ပေါ် လာသည်။ နေ့လယ်ခင်း လေပြည်ညင်းကြောင့် လွင့်ပါနေသည့် ရွက်ခြောက်တို့ အသံ တရှဲရှဲ က မြေ ကျင်းပေါက် သံနှင့် အတူရောထွေးနေ သည် မကြာမီ မှာ ကြေးစည်သံ တဒူဒူဖြင့် အသု ဘ သံဝေဂသံ ကို ကြားရမည်။ ငိုကြွေးသံများ လည်း ပျံ့လွင့်လာလိမ့်မည်။
၂၀၁၃၊ မတ်လ ၉ ရက်နေ့ ညနေပိုင်း တွင် မြှုပ်နှံ မည့် ၂၉ နှစ် အရွယ် အမျိုးသမီး တစ်ဦး၏ အသုဘ
အတွက် ဖားကန် သုသာန် တာဝန်ခံ ဦးလှကြည် ၏ ဇနီးဖြစ်သူ က သစ်သား မှတ်တိုင်ပေါ်တွင် အမည်နှင့် အသက် ကို ဆေးဖြင့် ရေးထိုးနေသည်။
ဦးလှကြည် ကတော့ သူ့ဆီရောက်လာသည့် ရုပ်အလောင်း အတွက် သံဃာပင့်၍ သရဏဂုံ တင်နိုင်ရန်
အလို့ ငှာ အနီးအနား ဘုန်းကြီးကျောင်း တစ်ကျောင်းဆီ သို့ ခပ်အေးအေးပင် ဆေးပေါ့လိပ် ဖွာလျက် လှမ်းထွက် သွားလေသည်။
Credit to-Orginal Writer
Post by:မောင်မိုးတိမ်
0 comments:
Post a Comment