Cpx24.com CPM Program
Home » , » ဘားအံမြို့တွင် နတ်မောက်မြို့မှ သီလရှင်ဆရာလေး၏ အဓိဋ္ဌာန်ရေစင်ဖြင့် နေ့စဉ်လူဦးရေ တစ်ထောင်ကျော်အား ဆေးကုသပေး

ဘားအံမြို့တွင် နတ်မောက်မြို့မှ သီလရှင်ဆရာလေး၏ အဓိဋ္ဌာန်ရေစင်ဖြင့် နေ့စဉ်လူဦးရေ တစ်ထောင်ကျော်အား ဆေးကုသပေး

ကရင်ပြည်နယ် ဘားအံမြို့၌ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှ သီလရှင်ဆရာလေး ဒေါ်သုနန္ဒာက အဓိဋ္ဌာန် ရေစင်ဖြင့် လာရောက်ဆေးကုသပေးမှုကို တစ်နေ့လျှင်လူဦးရေတစ်ထောင်ကျော် နေ့စဉ် လာရောက်ကုသလျက်ရှိကြောင်း သိရှိရသည်။


ဘားအံမြို့နယ် တရုတ်လှစံပြကျေးရွာ သံလွင်တံတားအနီး ဓမ္မဝိဟာရကျောင်းတိုက်တွင် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နာမ်ချွန်၊နာမ်ထူး၊ နာမ်မြင့်တောရကျောင်းမှ ဆရာလေးဒေါ်သုနန္ဒာက လေဖြတ်၊ဆွံ့အနားမကြား ၊ ကင်ဆာရောဂါ အပါအဝင် အခြားရောဂါအမျိုးမျိုးတို့ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၇ ရက်အထိ အခမဲ့ကုသပေးခြင်းဖြစ်ကြောင်း ကုသရေးအကျိုးဆောင်အဖွဲ့ဥက္ကဌ ဦးစိုးဝင်းထံမှ သိရသည်။

“ဒီကျောင်းမှာ အရင်က ဖိုးသူတော်လေးတစ်ယောက်ရှိတယ်။ နောက်တော့ဖိုးသူတော်လေးက အိမ်ထောင်ကျ သွားတယ်။ သူအိမ်ထောင်ကျတဲ့မိန်းကလေးက စကားမပြောတတ်ဘူး။ ဖိုးသူတော်ရဲ့ မိန်းမကိုသွားပြခိုင်း ကြည့်တာ တကယ်စကားပြန်ပြောလာတော့ အံ့သြသွားတယ်။ သိပ်တော့ယုံကြည်တာ မဟုတ်သေးဘူး။
နောက်တော့ ပစ္စည်းလေးပါး ဒကာကြီးတစ်ယောက်၊ သူကတော့ လေဖြတ်နေတာ။ သူ့ကိုလည်း ကုခိုင်းကြည့်တယ်။ ပျောက်သွားပြန်တယ်။ အဲဒီလိုစပြီးဖြစ်ရာက ဘုန်းကြီးကိုယ်တိုင် ဒကာကြီးတစ်ယောက်နဲ့ သွားလေ့လာ ဖြစ်ပြီး သိသွားတာပါပဲ။” ဟု ဓမ္မဝိဟာရကျောင်းဆရာတော် ဦးပုညာနန္ဒက ပြောသည်။

ထို့အပြင် ကျိုက်ကော်ကျေးရွာမှ စကားမပြောတတ်သည့် ကလေးငယ်မှာ အဓိဋ္ဌာန်ရေစင်ဖြင့် ပက်ဖျန်းကုသမှု ခံယူပြီးနောက် စကားပြန်လည်ပြောဆိုလာနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော့်ရှေ့မှာ တွေ့ခဲ့တာ။ ကျိုက်ကော်ရွာဘက်က စကားမပြောတတ်တဲ့ကလေးကို အဓိဋ္ဌာန်ရေစင်နဲ့ တောက်ပြီး ဆရာလေးက လည်ပင်းတို့၊ ပါးတို့ လက်နဲ့ထိပြီး အဓိဋ္ဌာန်တာပဲ။ စကားပြောလာတယ်။ အများကြား အောင် မိုက်ကရိုဖုန်းနဲ့ပါပြောတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆရာလေးဒေါ်သုနန္ဒာမှာ သီလရှင်မဝတ်ခင်က အဓိဌာန်ဝင်သည့်အလုပ်ကို လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ စတင်ကာ ရောဂါဝေဒနာရှင်များကိုဆေးကုသပေးခဲ့ခြင်းဖြစ်ကြောင်း ကုသရေးအကျိုးဆောင်အဖွဲ့ ဥက္ကဌ ဦးစိုးဝင်းထံမှ သိရသည်။

“နောက်ပိုင်း ပင့်ဖိတ်မှုတွေကြောင့် နယ်တွေအထိလိုက်ပြီး ကုသပေးခဲ့တာပါ။ အခု ကရင်ပြည်နယ်မှာ ကုသပေး နေတာဆိုတော့ တိုင်းဒေသကြီးများနဲ့ ပြည်နယ်စုံသွားပါပြီ။ ခုလိုအခြေချကုသခဲ့တဲ့ နေရာအားလုံး(၁၀၀)ကျော်ရှိ
ပါတယ်။ ရန်ကုန် ကျိုက္ကဆံမှာတုန်းက တစ်နေ့ကို လာရောက်ကုသသူ ခြောက်ထောင်၊ခုနှစ်ထောင်၊ တစ် သောင်းနီးနီး ရှိခဲ့ပါတယ်။ ဒီမှာတော့တစ်နေ့ထောင်ကျော်ပါပဲ။”ဟု ဦးစိုးဝင်းကပြောသည်။

ဆရာလေးဒေါ်သုနန္ဒာမှာ ဆေးကုသရာတွင် အခကြေးငွေတောင်းခံခြင်းမရှိဘဲ စေတနာအလျောက် လှူဒါန်းမှု ကိုလက်ခံကာ ဆေးကုသပေးခြင်းဖြစ်ပြီး ရရှိလာသည့်အလှူငွေများကိုလည်း ပြန်လည်လှူဒါန်းပေးခြင်းဖြစ် ကြောင်းသိရသည်။

မိဖုရား
Credit - မြစ်​မခ
Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ