Cpx24.com CPM Program
Home » » လူမှုကွန်ယက်တွေမှာ emoji အရုပ်လေးတွေ အသုံးပြုတာ များခြင်း မများခြင်းနဲ့ လိင်ကိစ္စ ပတ်သက်ဆက်နွယ်မှုရှိကြောင်း သိရ

လူမှုကွန်ယက်တွေမှာ emoji အရုပ်လေးတွေ အသုံးပြုတာ များခြင်း မများခြင်းနဲ့ လိင်ကိစ္စ ပတ်သက်ဆက်နွယ်မှုရှိကြောင်း သိရ

သင်ဟာ လူမှုကွန်ယက်တွေမှာ ချစ်စရာကောင်းတဲ့ emoji အရုပ်လေးတွေကို သူငယ်ချင်းတွေ chat တဲ့အခါ၊ ဒါမှမဟုတ် ပို့စ်တွေမှာ ကွန်မန့်ပေးတဲ့အခါ အမြဲတမ်း သုံးလေ့ရှိပါသလား။ ဒီလိုဆိုရင်တော့ သင့်ကိုယ်သင် တစ်ချက်လေ့လာဆန်းစစ်ကြည့်သင့်ပါပြီ။ ဘာလို့လဲဆိုတော့ Match.com ရဲ့ အမေရိကမှတစ်ကိုယ်ရည်သမား ဆိုတဲ့ စစ်တမ်းကောက်ချက်မှာ ဖော်ပြထားချက်အရတော့ emoji အရုပ်လေးတွေ အသုံးများတဲ့သူတွေဟာ မသုံးတဲ့သူတွေထက် လိင်စိတ်ဆန္ဒ ပြင်းပြကြတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ကိုယ်ခန္ဓာနှီးနှောခြင်းနဲ့ ပတ်သက်တာမျိုး မကြာခဏစဉ်းစားနေတတ်ကြသလို emoji ရုပ်တွေ မပါပဲ message ပို့တတ်တဲ့သူတွေထက်လည်း ကိုယ်နဲ့ပတ်သက်သူ၊ ချစ်သူ စသူတွေနဲ့ အတူနေတာမျိုး ပိုများကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်သိရှိရတဲ့အချက်တွေတွေ၊ဒေတာတွေအရတော့ emoji လုံးဝမသုံးဘူးလို့ဆိုတဲ့ အမျိုးသမီး ၁၃ရာခိုင်နှုန်းဟာ ၂၀၁၄ခုနှစ်တုန်းက တစ်လကို တစ်ကြိမ်ပုံမှန် ကိုယ်လက်နှီးနှောတာမျိုး ရှိတယ်လို့ သိရပြီး စာကြောင်းတစ်ကြောင်းမှာ emoji တစ်ခုထက်မကအသုံးပြတဲ့ ၄၆ရာခိုင်နှုန်းသော အမျိုးသမီးတွေကလည်း တစ်လကို တစ်ကြိမ်သာ အတူနေတာမျိုး ရှိတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပြန်ပါတယ်။ ဒီလိုဆိုရင် တစ်ချက်ပြန် စဉ်းစားကြည့်လိုက်ပြန်တော့ အမျိုးသားတွေအတွက် ဒီ emoji နဲ့ လိင်ကိစ္စတွေက ဆက်နွယ်မှုရှိနေတာ တွေ့ရပါတယ်။

emoji ပုံလေးတွေက အမြဲတမ်းတော့ တူညီမှုမရှိကြပါဘူး။ စစ်တမ်းကောက်ချက်အရဆိုရင်တော့ emoji ရုပ်လေးတွေထဲမှာ မျက်ခုံးပင့်တဲ့ရုပ်လေးက ပေါ်ပြူလာအဖြစ်ဆုံးလို့ သိရပြီး အဲ့ဒီနောက်မှာတော့ ပြုံးတဲ့ရုပ်လေးနဲ့ အနမ်းပေးတဲ့ emoji လေးတွေက ဒုတိယ ပေါ်ပြူလာအဖြစ်ဆုံးလို့ သိရပါတယ်။

မိဖုရား
Credit - Trend Myanmar


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ