Cpx24.com CPM Program
Home » » အချစ်စစ် ဆိုတာ အမှန်တကယ်ရှိကြောင်း သက်သေပြနေတဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်း တစ်ပုဒ်

အချစ်စစ် ဆိုတာ အမှန်တကယ်ရှိကြောင်း သက်သေပြနေတဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်း တစ်ပုဒ်

အချစ်နဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့ အကြီးမားဆုံး အယူအဆကတော့ အချစ်စစ်ဆိုတာ ၀တ္ထုတွေ ရုပ်ရှင်တွေထဲမှာရှိတယ်လို့ ထင်ကြတာပါ။ ဒါပေမဲ့ တကယ့် လက်တွေ့ဘ၀မှာ မှတ်ကျောက်တင်ခံနိုင်တဲ့ အချစ်ဇာတ်လမ်းတွေ အများကြီးရှိပါတယ်။ သင်ဟာ အချစ်စစ်အပေါ်မှာ ယုံကြည်မှုပျောက်ဆုံးနေတယ်ဆိုရင် ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်စေချင်ပါတယ်။

အချစ်ဆိုတာ ကြာရှည်မခံဘူးလို့ လူတွေက ပြောကြပါတယ်။ ဒါက အိုင်ရီနာ နဲ့ ၀ုဒ်ဖို့ဒ် အတွက်တော့ လုံးဝ မမှန်ခဲ့ပါဘူး။ ရုရှားပြည်ရဲ့ မြို့လေးတစ်မြို့မှာ အိုင်ရီနာနဲ့ ၀ုဒ်ဖို့ဒ်ဆိုတဲ့ ချစ်သူလေးနှစ်ယောက်က ၁၉၇၄ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ပြီး ၃လလောက်အကြာမှာ သူတို့နှစ်ယောက်နေတဲ့ တိုင်းပြည်က သူတို့ရဲ့အချစ်ရေးကို နှောင့်ယှက်ခဲ့ပါတယ် ။

ဝုဒ်ဖို့ဒ်ရဲ့ ဗီဇာသက်တမ်း ကုန်သွားတဲ့အတွက် နိုင်ငံထဲက ထွက်ပေးရပါမယ်။ ညားကာစ ဇနီးလေးကို ထားပြီး ထွက်သွားရတဲ့ ၀ုဒ်ဖို့ဒ် ။ အကြိမ်ကြိမ်ပြန်လာဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လာခွင့် မရခဲ့ပါဘူး။ဒီလိုပဲ အိုင်ရီနာ ကလည်း နိုင်ငံကနေ ထွက်ခွာခွင့် မရခဲ့ပါဘူး။ နှလုံးသားတစ်ခုကို အရှင်လတ်လတ် ဓားနဲ့ပိုင်းခံလိုက်ရသလို ခံစားကြရတယ်။ ဘာမှလည်း မတတ်နိုင်ခဲ့ပါဘူး ။

သူတို့နှစ်ယောက်အတွက် ဆက်သွယ်လို့ရတာက ဖုန်းနဲ့ စကားပြောရုံ ၊ကတ်တွေ အပြန်အလှန် လဲလှယ်ရုံလောက်ပဲ ရပါတော့တယ်။ သူတို့ဘ၀အတွက် သစ္စာတရားက အဆုံးအဖြတ်ပေးဖို့ပဲ ရှိပါတယ် ။အချစ်စစ်မှန်ရင်  အကွာအဝေး ဆိုတာ အတားအဆီးမဟုတ် ။ ချစ်သူနှစ်ယောက်ရဲ့ ချစ်နိုင်စွမ်းအားကို တိုင်းတာတဲ့ ကိရိယာတစ်ခု လို သဘောထားခဲ့ကြတယ်။ သူတို့ရဲ့နှစ်ပတ်လည်ပွဲတွေကို လည်း ပို့စကတ်လေးတွေနဲ့ပဲ ကျင်းပနိုင် ခဲ့ကြပါတယ်။ သူတို့အတွက် လူချင်းတွေ့ရမှ အချစ်မဟုတ်ဘဲ တစ်ယောက်ကို တစ်ယောက် မြတ်နိုး တန်ဖိုးထားစိတ်တွေနဲ့ပဲ သူတို့နှစ်ယောက်ရဲ့ အချစ်သစ်ပင်ကြီးကို ခိုင်ခိုင်မာမာ စိုက်ပျိုးနိုင်ခဲ့ပါတယ်။

အလွမ်းမျက်ရည်တွေနဲ့  ၂၂နှစ်တာ ကာလရှည်ကြီုးကို ဖြတ်သန်းပြီးတဲ့နောက် ၁၉၉၆ ခုနှစ်ရောက်မှ အိုင်ရီနာက နိုင်ငံထဲက ထွက်ခွာခွင့်ရခဲ့ပြီး သူ့ခင်ပွန်းနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ချစ်တဲ့သူနှစ်ယောက်အတွက် ခြောက်ခြားစရာ အိပ်မက်ကနေ နိုးထနိုင်ခဲ့ကြတဲ့အခါ အိုင်ရီနာက သူ့အချစ်အကြောင်း စာအုပ်တစ်အုပ်ရေးခဲ့ပြီး ရုရှားမြေမှ ချစ်ဇာတ်လမ်း လို့ အမည်ပေးခဲ့ပါတယ်။

အချစ်စစ်ဖြစ်လို့သာ ချစ်တဲ့သူကို ဆယ်စုနှစ်ခုကျော်ကြာအောင် စောင့်နိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် အချစ်စစ်မှန် ၊မမှန် သိချင်ရင် အချိန်ကာလနဲ့ အကွာအဝေးဆိုတဲ့ မှတ်ကျောက်နဲ့ တိုက်ကြည့်နိုင်ပါတယ် ဆိုတာ သိပ်မှန်ပါတယ်။ ဘယ်လိုအတားအဆီး တွေပဲကာရံ ထားထား ကျော်ဖြတ်နိုင်တဲ့ အချစ်စစ်ကို ပိုင်ဆိုင်ထားနိုင်ကြပါစေ။ 

မိဖုရား
Credit - Trend Myanmar


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ