ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကမှ လုံခြုံလှတဲ့ သူမရဲ့အ၀တ်အစားထဲကနေ ရင်သားရဲ့အလှကို ပြသခဲ့ဖူးတဲ့ ကလိုဝီဟာ ဒီတစ်ခါလည်း ပါးလွှာတဲ့ စကပ်အတွင်းက အတွင်းခံဘောင်းဘီကို ပြသခဲ့ပြန်ပါပြီ။
အသက် ၃၁ နှစ်အရွယ် ကလိုဝီဟာ ကော့တနီနဲ့ ကိုင်လီတို့နဲ့အတူ ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလာဘာဆက်စ်မှာ ရောက်ရှိနေတုန်း သူမရဲ့ ကောက်ကြောင်းအလှကို မြင်တွေ့ခဲ့ရတာပါ။
ဘာပဲပြောပြော သူမရဲ့ ဒီဝတ်စုံကြောင့် ညီအစ်မသုံးယောက်ထဲမှာ ကလိုဝီဟာ လူစိတ်ဝင်စားခံရဆုံး ဖြစ်သွားခဲ့ပါပြီ။
သူမရဲ့ ရွှေရောင်တစ်ဆက်တည်း ကိုယ်ကျပ်ဝတ်စုံဟာ နေရောင်အောက်မှာဆိုရင် အတွင်းထိ ထိုးဖောက်မြင်တွေ့နေရပါတယ်။
အဲဒီတစ်ချက်ကလွဲလို့ သူမကို ကြည့်ရတာ အိနြေ္ဒရှင်မကြီးအလား ခန့်ညားလှပနေပါတယ်။
Source & Photos: Daily Mail
0 comments:
Post a Comment