အင်္ဂလိပ်အဆိုတော်တစ်ဦးဖြစ်တဲ့ အမ်မလီဝက်ဒီကန်က သူဟာ မန်ယူ တိုက်စစ်မှူး မာရှယ်နဲ့အတူ အိပ်ခဲ့ဖူးပြီး အခြား မန်ယူကစားသမား လေးဦးထံကလည်း မက်ဆေ့ခ်ျတွေရခဲ့တယ်လို့ The Sun သတင်းစာထံ ဖွင့်ချလိုက်ပါတယ်။
သူ့ရဲ့အဆိုအရ အိမ်ထောင်ရှိပြီး သမီးတစ်ဦးရှိတဲ့ မာရှယ်ဟာ သူနဲ့အတူ ပဲရစ်က ဟိုတယ်တစ်ခုမှာ ရိုမန်းတစ်ဆန်ဆန် ညတစ်ညကိုဖြတ်သန်းဖို့ ဖိတ်ခေါ်ခဲ့ပြီး အတူအိပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဗန်ဟားလ်ရဲ့မန်ယူအသင်းက ကစားသမားတွေဖြစ်တဲ့ လင်ဂတ်၊ ဂျာနူဇက်၊ နစ်ပါဝဲလ်နဲ့ ဗာရီလာတို့ကလည်း သူတို့နဲ့လျှောက်လည်ဖို့ မက်ဆေ့ခ်ျတွေ အသီးသီးပေးပို့လာကြတယ်လို့ အမ်မလီက ပြောကြားခဲ့ပြန်ပါတယ်။
လူမှုကွန်ယက်ကနေ ပေးပို့လာတာဖြစ်ပြီး အသက် ၂၄ နှစ်ရှိ အမ်မလီက "သူ့သူငယ်ချင်းတွေက ဆက်သွယ်လာတာကို မာရှယ်က သိပုံမရဘဲ သိခဲ့ရင်လည်း ကျေနပ်မယ်တော့ မထင်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။
မိဖုရား
Credit - Mizzima
0 comments:
Post a Comment