Cpx24.com CPM Program
Home » , , » ကိုယ်လုံးတီး ဝိရောဓိ

ကိုယ်လုံးတီး ဝိရောဓိ

အဖြူ အမည်း အလင်းအမှောင် ကြားက ကောက်ကြောင်း လှလှလေး တစ်ခုက လူတွေ အကြား တအံ့ တသြ
ရေရွတ်သံ များစွာကို ဖိတ်ခေါ်လာသည်။

“အဲဒါ မြန်မာမလေး ဟုတ်ရဲ့လား”၊ “အလင်းနည်းနေတယ်ကွာ ...”၊ “အနုပညာ မြောက်လိုက်တာ”၊ “ရှက်ဖို့
ကောင်းလိုက်တာ”၊ “ဘာတွေ ဖြစ်ကုန်တာလဲ” စသဖြင့် ထောက်ခံသံများ။ ဝေဖန်သံများ သောသောညံသွား
ကြသည်။

မှောင်အတိ ကျတော့ မတတ် အလင်းအနည်းဆုံး နှိမ့်ထားသည့် နောက်ခံပေါ်တွင် မိန်းမပျိုတစ်ယောက်၏ ခြေ
ဖျားလေး တစ်ဖက်ထောက် လက်နှစ်ဖက်မြှောက်ကာ ခပ်ကော့ကော့လေး ကောက်ကွေးနေသည့် ဘေးတိုက်
အနေ အထား ဝတ်လစ် စားလစ် ပုံတစ်ပုံကို ဝေဖန်ပြောဆို နေကြခြင်း ဖြစ်သည်။ မေမြတ်မွန် အမည်ရှိ မော် ဒယ်လ်တစ်ဦးက အများသုံး လူမှုကွန်ရက်ပေါ်တွင် တင်လိုက်သည့် ပုံဖြစ်သည်။

ယင်းအပေါ် ခေတ်တစ်ခေတ်ကို ဖြတ်သန်း ပုံချင်းမတူ၊ အနုပညာကို လက်ခံ ပုံချင်းမတူ၊ ယဉ်ကျေးမှုကို ထိန်း
သိမ်းပုံချင်း မတူသူတို့ထံမှ အမြင်မတူသည့် အသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒါ အရွေ့တစ်ခု ... နိုင်ငံတကာမှာလည်း Sexy Model ဆိုတာ လိုင်းသီးသန့် ရှိတာပဲ။ ပြောရရင် Hip Hop သီချင်းတွေ ပေါ်ခါစကလိုပေါ့။ အစကတော့ ဘာတွေ ဆိုနေမှန်း မသိဘူးပေါ့။ ခုတော့လည်း အသားကျသွား
တာပဲ” ဟု ပြောလာသူများလည်း ရှိပြန်သည်။

အဝတ်ဗလာပုံများဖြင့် လူသိများ လာသည့် မော်ဒယ်လ်များတွင် မေမြတ်မွန်မှာ ပထမဆုံး မဟုတ်သေး။ ကြိုး
တစ်ချောင်းသာ ပါသည့် အတွင်းခံဘောင်းဘီနှင့် ပုံကို ဖေ့ဘုတ်ပရိုဖိုင်း ဓာတ်ပုံတင်ခြင်းဖြင့် နာမည်ကြီးလာ
သည့် ဇွန်သင်ဇာ။ နောက် ဇာဇာထက်တို့ ရှိခဲ့သေးသည်။



မည်သည့် ရည်ရွယ်ချက်ဖြင့် ယင်းပုံမျိုး ရိုက်တင် ကြသည်ဆိုလျှင် ဇွန်သင်ဇာက “နာမည်ကြီး ချင်လို့ပါ” ဟု ပွင့်ပွင့်လင်းလင်းပင် ပြောကြားထားသည်။

“ကျွန်မဟာ ပရော်ဖက်ရှင်နယ် မော်ဒယ်လ်ဖြစ်တယ်။ Porn မော်ဒယ်လ် မဟုတ်ဘူးဆိုတော့ ဘာမှဂရုမစိုက်
ပါဘူး” ဟု ဇာဇာထက်က ၎င်း၏ ရပ်တည်ချက်ကို ရှင်းပြထားသည်။

သို့သော် ၎င်းတို့ ပုံများက သမားရိုးကျအမြင်များကို ဖောက်ခွဲလိုက်သည်။ အငြင်းပွားဖွယ်ရာများကို မွေးထုတ်
လိုက်သည်။ အချို့ပုံများက အနုပညာသို့လား၊ ရမ္မက်သို့လား အတပ်ပြောဖို့ ခက်လှသည်။

“အစ်ကိုက သဘောကျတယ်။ ကြည့်တဲ့ ရှုထောင့်နဲ့ မူတည်ပြီး အရာ အားလုံးဟာ ကွဲပြားခြားနား ပါတယ်။
ကိုယ်စိတ်သန့်ဖို့ အရေးကြီးတာပါ” ဟု ဆိုလာသူက ဒါရိုက်တာ ဝိုင်း။

နိုင်ငံတကာ ဓာတ်ပုံပညာရပ်များ တွင်လည်း Glamour Photography၊ Nude Art တို့ ရှိနေကြသည်။

အမေရိကန်နိုင်ငံထုတ် ကမ္ဘာကျော် PLAY BOY မဂ္ဂဇင်းတွင် အမျိုးသမီးများ၏ အဖော်အချွတ် ပုံများကို ၁၉၅၃
ခုနှစ်တွင်မှ ပုံနှိပ်ဖော်ပြသည်။ သို့သော် ၁၈ နှစ်အောက် မကြည့်စေရ။

Glamour (ညှို့ငင်ဖမ်းစားနိုင်သော) ဓာတ်ပုံပညာအကြောင်း ပြန်ပြောရလျှင် ယင်းပညာ၏ အဆင့်အတန်းနှင့် ဟန်ပန်တို့မှာ လူ့ အသိုင်းအဝိုင်းက လက်ခံနိုင်သည့် အနေ အထားပေါ် မူတည်ကာ အချိန်နှင့်အမျှ ပြောင်းလဲ
လာခဲ့ခြင်း ဖြစ်သည်။

၁၉၂၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် အမေရိကမှ ဓာတ်ပုံဆရာများက အောင်မြင် ထင်ရှားသူများကို ပို
ပြီးစွဲမက်ဖွယ်ဖန်တီးနိုင်ရန် အလင်းအမှောင်နည်းပညာကို အသုံးပြုကာ Glamour ပုံများဖန်တီးလာကြသည်။
သို့သော် ၁၉၅၀ ပြည့်နှစ်ကျော်သည့်တိုင် အမျိုးသားများ အတွက် ရည်ရွယ်သည့် မဂ္ဂဇင်းများနှင့် ကြော်ငြာများ
ရှိ Glamour ဓာတ်ပုံများမှာ အငြင်းပွားစရာ၊ တရား မဝင်သည့် အနေ အထားတွင်သာ ရှိနေသည်။ အချို့နိုင်ငံ
များတွင် တရားဝင် သည့်တိုင်အောင် ယင်းမဂ္ဂဇင်းမျိုးကို အများပြည်သူရှေ့တွင် ခင်းကျင်းပြခွင့် မရှိပေ။

ပလတ်စတစ် အဖုံးများ ဖုံးကာ ခင်းကျင်းပြသ ရသည်။ တစ်ခါတစ်ရံ Glamour ဓာတ်ပုံပါသည့် မဂ္ဂဇင်းများကို အနုပညာမဂ္ဂဇင်း၊ ကျန်းမာရေး မဂ္ဂဇင်းများအဖြစ် ဈေးကွက်တွင် ဖော်ပြကြသည်။

မြန်မာနိုင်ငံတွင်မူ သူတို့နိုင်ငံ များနောက် နှစ် ၆၀ ကျော်ကြာမှ စသည်ဟု အကြမ်းဖျင်း ဆိုနိုင်သည်။ ၂၀၁၂ ခုနှစ်ကုန်ပိုင်းတွင် လိင်ပညာပေး ခေါင်းစဉ်အောက်မှ ညှို့ မဂ္ဂဇင်း ထွက်ပေါ်လာသည်။

Glamour ဆန်သည့်ပုံများ ဖော်ပြထားသည့် ပထမဆုံးမဂ္ဂဇင်းဖြစ်သည်။ မျက်နှာဖုံးတွင်အရွယ်မရောက်သေး
သူများ မဖတ်ရ စာတမ်းက သတိပေးထားသည်။ သို့သော် အသက် အကန့် အသတ်မရှိ။ နောက်ဆုံး အမြင်
မတင့်တယ်ခြင်း ကြောင့်ပေလော၊ ယဉ်ကျေးမှု ကြောင့်ပေလော မသိ။ မကြာမီ ပိတ်သိမ်းလိုက်ရသည်။

အမြင်မတင့်သဖြင့် ပိတ်သိမ်းခြင်းမှာလည်း မြန်မာတွင်သာမက ခေတ်မီသည့် နိုင်ငံများတွင်လည်း ယနေ့တိုင် ရှိနေသေးသည်။ မကြာခင်ကပင် Rihanna ၏ Rogue ရေမွှေးကြော်ငြာမှာ သရုပ်ပျက်သည်ဟု ဗြိတိန်ကြော်
ငြာ စံချိန်စံညွှန်း အာဏာပိုင် အဖွဲ့က ကန့်ကွက် သဖြင့် ကလေးငယ်များ မမြင်နိုင်သည့် နေရာသို့ ဆိုင်းဘုတ် များ ရွှေ့ခိုင်းခဲ့သည်။

မနေ့တစ်နေ့ကမှ ကမ္ဘာနှင့် ချိတ်ဆက်လာသည့် မြန်မာ လူ့ အသိုင်းအဝိုင်း အတွက်မူ Glamour၊ Nude Art
တို့ကို လက်ခံရန်မှာ အချိန်သိပ်စောလွန်းသည်ဟု မြင်ကြဆဲဖြစ်သည်။

“သူတို့ဟော့ပြီး သိပ်မကြာဘူး ... ကိုယ်လုံးတီး ဖြစ်လာတယ်။ အဲဒါ ဘယ်လိုင်းဘက်ကို သွားနေတာလဲ၊ ဟို
လိုင်း (Porn) ကို ဦးတည် သွားတာလား၊ အောင်မြင် ကျော်ကြား မှုကို ဦးတည် တာလား” ဟု ဝေဖန်လာကြ
သည်။ ယင်းအတွေးများနှင့်အတူ မော်ဒယ်လ် ဇွန်သင်ဇာ၊ ဇာဇာထက်နှင့် ရိုတတို့ ပေါင်းပြီး လိင်ခွေရိုက်မည် ဟူသည့် ကောလာဟလများ ထွက်လာပြန်သည်။


မြန်မာပြည်တွင် Nude Art (ကိုယ်လုံးတီးဖြင့် သရုပ်ဖော် အနုပညာ) ကို ချပြစရာ မဂ္ဂဇင်း မရှိသောကြောင့် ယခုလို ဖြစ်နေရသည်ဟု မေမြတ်မွန်ကို ဓာတ်ပုံရိုက်ပေးထားသည့် ဓာတ်ပုံဆရာများအနက် တစ်ဦးက ရှင်း
ပြသည်။

“လူမှုကွန်ရက်ပေါ်ပဲ တင်ခွင့်ရတော့ အဆဲခံရတာပဲ ဖြစ်နေတာပေါ့။ မဂ္ဂဇင်းသာရှိရင် သူတို့အတွက်လည်း အဆင်ပြေမယ်။ ဖန်တီးချင်တဲ့သူတွေ အတွက်လည်း နေရာရလာမှာပေါ့” ဟု ၎င်းကဆိုသည်။

ရီဟားနား၊ ဂျေလို၊ ဘီယွန်းဆေးတို့ကို စံပြထားသည့် မော်ဒယ်လ် ဇာဇာထက်ကမူ
“ကိုယ်နဲ့ လိုက်ဖက်မယ့် လိုင်းကို ရွေးတာမှာ Sexy လိုင်းကို ဖောက်ဖြစ်တာပါ။

ပါးပါးလေးနဲ့ ပုတ်တာ။ အဲဒီ Sexy ကို လက်ခံထားတာ။ အကုန်လုံး ဖော်လိုက်တဲ့
ထိတော့ ဘယ်တော့မှ ရိုက်မှာ မဟုတ်ဘူး။ မိသားစု အသိုင်းအဝိုင်း ကလည်း ရှိ
သေးတယ်” ဟု ၎င်း၏ ရပ်တည်ချက်ကို ဖော်ကျူးသည်။

အဝတ်ပါခြင်း မပါခြင်းထက် ပေးမည့် အနုပညာ၊ ခံစားရမည့် ရသနှင့် မော်ဒယ်လ်၊
ဓာတ်ပုံ ဆရာတို့၏ ရပ်တည်ချက်မှာ အရေးကြီးလှသည်။ မော်ဒယ်လ် သန္တာလှိုင်
ကမူ ယင်းအနုပညာမျိုး ဖန်တီးရာတွင် သရုပ်ဆောင်ပေးသည့် အမျိုးသား၊ အမျိုးသ
မီးထက်စာလျှင် ဖန်တီးရေးဆွဲ ရိုက်ကူးမည့် အနုပညာရှင်၏ ရည်ရွယ်ချက်နှင့် စေ
တနာမှာ ပိုအရေးကြီးကြောင်း ပြောပြသည်။

“အမျိုးသမီးတစ်ယောက်ရဲ့ သားမြတ်ဟာ မိခင်မေတ္တာကို ဖော်ကျူးတဲ့ သင်္ကေတ
ဖြစ်နိုင်သလို လိင်မှုကိစ္စနဲ့ ပတ်သက်တဲ့ ဖန်တီးမှုလည်း ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

Black and white (အဖြူ၊ အမည်း) ဟု နာမည်ကြီး သွားသည့် မေမြတ်မွန် ဓာတ်ပုံ အပေါ် ဓာတ်ပုံဆရာက
“ဒါကို light and shake (အလင်းနဲ့ အရိပ်)နဲ့ပဲ အဓိကထားပြီး ရိုက်တာပါ Sex (လိင်အသားပေး)အတွက်
အဓိက မဟုတ်ဘူး။ ဆွဲဆောင်မှုတစ်ခု အနေနဲ့ပဲ ရိုက်တာပါ။မပေါ်အပ်တာတွေ မပေါ်ဘဲ အမျိုးသမီး တစ်
ယောက်ရဲ့ အလှကို ဖော်ကျူးတာ” ဟု ဆိုသည်။ ၎င်း တစ်ဦးတည်း အနေနှင့် ဓာတ်ပုံပညာ မြောက်များစွာ
ထဲမှ Nude Art ကို အနုပညာ အဖြစ် စမ်းသပ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ယခု အချိန်တွင် ရင်သားထင်ရှားစွာ အပြည့်ဖော်ထားသည့် ပုံများပင် စတင်ထွက်ပေါ်လာပြီ ဖြစ်သည်။

ယဉ်ကျေးမှုချင်း ကူးလူးရင်း ကမ္ဘာသိ အနုပညာတစ်ရပ် မြန်မာသို့ ခြေချခြင်း ဖြစ်သော်ငြား Nude မှာ ခက်
ခဲလှသည်။ သို့သော် ပုံဖော်သူများ၊ မော်ဒယ်လ် များက အနုပညာ စစ်သို့ ခံစားရင်း ရှေ့ဆက် မည်ဆိုလျှင်
ကား တော်သေးသည်၊ ကျော်ကြားရန် သက်သက် Nude Art ကို အသုံး ချမည် ဆိုလျှင်ကား ရင်လေးဖွယ်
ရာဟု ယူဆသူများလည်း ရှိသည်။

မော်ဒယ်လ်ပေါင်း များစွာကို မွေးထုတ်ပေးနေသည့် မော်ဒယ်လ် တင်မိုးလွင်ကလည်း တက်သစ်စ မော်ဒယ်
များ ရေလိုက်လွဲမည်ကို စိုးရိမ်ပူပန်နေသည်။

“သူ့ အနုပညာနဲ့ သူ ရှိကောင်း ရှိမယ်။ ဒါပေမဲ့ တက်သစ်စ ကလေးတွေက ဒီလိုလုပ်မှ ပေါ်ပြူလာ ဖြစ်မယ်
ထင်ပြီး လိုက်လုပ်မှာလည်း စိတ်ပူတယ်” ဟု ၎င်းကဆိုသည်။

နော်ဝေနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဓာတ်ပုံ ဆရာ တစ်ဦးကမူ Model ကို ယခုလို အဓိပ္ပာယ်
ဖွင့်ဆိုပြသည်။

“Model ကို ကိုယ်ဟန်ပြမယ် ဖက်ရှင်မယ်လို့ အဓိပ္ပာယ် ဖွင့်ချင်တယ်။ ကြော်ငြာအတွက် ရိုက်ပေးတဲ့ မော်
ဒယ်လ် ရှိုးလျှောက်တဲ့ မော်ဒယ်လ်ကို Profession မော်ဒယ်လ်လို့ပဲ ခေါ်ပြီး ဖန်တီးသူတစ်ယောက်အတွက် Pose ပေးတဲ့ မော်ဒယ်လ်ကိုသာ Art Model အနုပညာမော်ဒယ်လ်လို့ ခေါ်တယ်” ဟု ၎င်းကပြောသည်။

“Nude Art ရိုက်တာနဲ့ အနုပညာလို့ နာမည်တပ်ပြီး နာမည်ကြီးအောင် လုပ်နေတဲ့ ဓာတ်ပုံဆရာတွေ မော်
ဒယ်လ်တွေလို့ မပြောသင့်ပါဘူး။ Nude Fine Art ဆိုတာ Photography ထဲက ဖန်တီးမှု ပါတဲ့ အနုပညာ
စစ်စစ်ပါ။ Fashion တစ်ခု တည်းက Photography မဟုတ်ဘူး ဆိုတာ သိစေချင် ပါတယ်” ဟု ၎င်း ကဆို
သည်။

ဝိရောဓိများ အကြား ကိုယ်လုံးတီးဖြင့် သရုပ်ဖော် အနုပညာဟု ဆိုနိုင်သော Nude Art မှာ ရာစုဝက်ကြာ
အောင် အငြင်းပွားနေနိုင် ပါလိမ့်ဦးမည်။ ဖန်တီးသူ များက ခံစားချက် ကိုယ်စီဖြင့် ဆေးရောင် ခြယ်သလို ခံစားကြည့်သူများကလည်း စိတ်ကြိုက် မှတ်ချက်ပေးနေကြပေ ဦးမည်။

မြန်မာပရိသတ်များ အကြားတွင်လည်း Nude Art နှင့် ပတ်သက်၍ အပေါင်းရော အနုတ်ပါ အသံဗလံများ
ဆက်ထွက်နေဦးမည်။

မိဖုရား
Credit - The voice weekly
Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ