Cpx24.com CPM Program
Home » , » ရေချိုးခန်း မသုံးရတဲ့ အင်ဒိုနီးရှားက Tidong လူမျိုးတို့ရဲ့ မင်္ဂလာဓလေ့

ရေချိုးခန်း မသုံးရတဲ့ အင်ဒိုနီးရှားက Tidong လူမျိုးတို့ရဲ့ မင်္ဂလာဓလေ့

အင်ဒိုနီးရှားနိုင်ငံက Tidong လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာတွေက အရမ်းထူးခြားပါတယ်။ ချစ်စရာ အကောင်းဆုံး ဓလေ့တစ်ခုကတော့ သတိုးသမီးကို သတိုးသားက သီချင်းအများကြီး မဆိုပြရင် သတိုးသမီးရဲ့မျက်နှာကို ကြည့်ခွင့်မရနိုင်ပါဘူး ။

သတိုးသားက သတ်မှတ်ထားတဲ့ သီချင်း အရေအတွက်ကို သီဆိုပြီးမှသာ မင်္ဂလာ သတိုးသားနဲ့ သတိုးသမီးကြားမှာ ကာရံထားတဲ့ လိုက်ကာစကို ဖယ်ရှားပစ်တာ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ သတိုးသားနဲ့သတိုးသမီးက မင်္ဂလာဆောင်ပြီး သုံးရက် သုံးည အတွင်း ရေချိုးခန်းကို အသုံးမပြုရပါဘူး။

Tidong လူမျိုးတို့ရဲ့အယူအဆ အရ သုံးရက်သုံးည ဓလေ့ကို ဖောက်ဖျက်ခဲ့ရင် မင်္ဂလာမောင်နှံမှာ ကံဆိုးခြင်းတွေ ကြုံတွေ့မှာဖြစ်ပါတယ် ။အိမ်ထောင်ကွဲခြင်း ၊ သားသမီးမရခြင်း နဲ့ သားသမီး အရွယ် မရောက်ခင် သေဆုံးခြင်း တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မင်္ဂလာ မောင်နှံကို လူများစွာက စောင့်ကြည့်နေပြီး အစာနဲ့ရေ အနည်းငယ်သာ ကျွေးပါတယ်။ သုံးရက်ပြည့်ပြီးနောက်နေ့မှ ရေချိုးပြီး ပုံမှန်ဘ၀ထဲသို့ ပြန်လည် ၀င်ရောက်ခွင့်ရကြပါတာဖြစ်ပါတယ်။

မိဖုရား
Source : Trend Myanmar


Read 251 times

0 comments:

Post a Comment

လူကြိုက်​အများဆုံး သတင်းများ

Get In Touch

http://yx-ads6.com/fullpage.php?section=General&pub=973259&ga=g

Blogroll

Cpx24.com CPM Program

Blogger templates

လစဉ်​အလိုက်​ သတင်းများ